သွားဖုံးရောင်ဖူးကြလား?
သွားဖုံးရောင် နေတဲ့အခါ အစားအသောက်စားသောက်တဲ့အခါမှာပါ တော်တော်ကိုစိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
ဒါဆိုရင် သွားဖုံးရောင်ခြင်း ကဘာကြောင့်ဖြစ်ရလဲ? ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။
သွားဖုံးရောင်ခြင်း ကိုဖြစ်စေတဲ့ အကြောင်းအရင်းများကတော့ –
– ခံတွင်းသန့်ရှင်းရေးအားနည်းခြင်းကြောင့်
– ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်းကြောင့်
– ဆီးချို၊သွေးချိုရောဂါရှိနေခြင်းကြောင့်
– အချို့ဆေးဝါးများစွဲသောက်ရခြင်းကြောင့်
– ဆေးလိပ် နှင့် ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့်
– မျိုးရိုးဗီဇကြောင့်
– အာဟာရချို့တဲ့ခြင်းကြောင့်
– စိတ်ဖိစီးခြင်းကြောင့်
– အသက်အရွယ်အိုမင်းလာခြင်းကြောင့် စတဲ့ အမျိုးမျိုးသော အကြောင်းအရာတွေရှိနိုင်ပါတယ်။
သွားဖုံးရောင်ခြင်းနဲ့ပက်သက်ပြီးအဓိကအကြောင်းအရင်းကတော့ ခံတွင်းသန့်ရှင်းရေးအားနည်းခြင်းဟာအဓိကအချက်ပဲဖြစ်ပါတယ်။
သွားနဲ့သွားဖုံးကြားမှာ သွားဂျိုးများစုပုံလာတဲ့အခါ ထိုသွားဂျိုးများဟာ ဘက်တီးရီးယားတွေတွယ်ကပ်ဖို့နေရာတစ်ခုဖြစ်စေပါတယ်။
ဒီလိုဖြစ်တဲ့အခါမှာ သွားဖုံးဟာ နီရဲရောင်ရမ်းပြီး အထိမခံနိုင်ဖြစ်လာပါတယ်။
သွားဖုံးရောင်နေပြီဆိုရင် သိနိုင်မယ့်လက္ခဏာ များကတော့…
– ခံတွင်းအနံ့ဆိုးခြင်း
– သွားဖုံးများတင်းကြပ်ကြပ်ဖြင့်နေရခက်ခြင်း
– သွားဖုံးမှသွေးထွက်ခြင်း
– သွားဖုံးကြွခြင်း
– သွားနဲ့ခြင်း စတဲ့အချက်များပဲဖြစ်ပါတယ်။
သွားဖုံးရောင် ခြင်းကို မကုသဘဲထားမိရင် ကြာလာတဲ့အခါ ပိုမိုဆိုးရွားတဲ့ သွားဖုံးရောင် ရောဂါအဆင့်ကိုရောက်ရှိသွားနိုင်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများအနေနဲ့ သွားများကျိုးလွယ်ခြင်း အပြင် အခြားသောကျန်းမာရေးပြဿနာများကြုံတွေရနိုင်ပါတယ်။
ဒါကြောင့်သွားဖုံးရောင်ခြင်းကိုကာကွယ်နိုင်ဖို့အတွက်
– တစ်နေ့လျှင် သွား(၂)ကြိမ်တိုက်ပါ။
– သွားဂျိုးများ ခြစ်ထုတ်ပါ
– ခံတွင်းသန့်ဆေးအသုံးပြုပါ
ဒါကြောင့် myDoctor ရဲ့ချစ်ပရိသတ်ကြီးတို့လည်း သွားနဲ့ခံတွင်းကျန်းမာရေးအတွက်မပေါ့ဆဘဲ ဂရုပြုသင့်ကြောင်း အသိပေးမျှဝေ
လိုက်ပါတယ်ရှင်။
ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။
#myDoctor
#teleMedicine