Totheme- zinc advantage


Iron လို့ခေါ်တဲ့ သံဓါတ်ဟာ သတ္တုဓါတ်တစ်မျိုးဖြစ်ပြီး အဆုတ်မှတစ်ဆင့် အောက်စီဂျင်ကို ခန္ဓာကိုယ်အနှံ့ သယ်ဆောင်ပေးပြီး သွေးနီဥ တည်ဆောက်ရာမှာနဲ့ အခြားသော အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ အဓိကအခန်းကဏ္ဍကနေပါဝင်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။  ခန္ဓာကိုယ်ပုံမှန်ကောင်းမွန် လည်ပတ်နေဖို့ဆိုရင် သံဓါတ်အားကောင်းနေဖို့လိုအပ်ပါတယ်။ သံဓါတ်ပြည့်ဝနေမှသာ သံဓါတ်ချို့တဲ့ ရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ 

တစ်နေ့တာအတွက် သံဓါတ်လိုအပ်ချက်ပမာဏ အမျိုးသား- 8 mg နဲ့ အမျိုးသမီး – 18 mg ဖြစ်တာကြောင့် တစ်နေ့တာ စားသုံးတဲ့ အစားအစာထဲမှာ သံဓါတ်ကို လုံလောက်စွာ ထည့်သွင်းစားသောက်သင့်ပါတယ်။ အစားအစာ အပြင်  ဖြည့်စွက်စာနဲ့ သံဓါတ်အားဖြည့်ဆေးများကိုလည်း လိုအပ်တဲ့ ပုံမှန်ပမာဏကို ရွေးချယ်သောက်သုံးနိုင်ပါတယ်။

📌သံဓါတ် ပြည့်ဝခြင်း အကျိုးကျေးဇူးတွေကတော့

1. သွေးအားကောင်းခြင်း
2. ခုခံအားမြင့်ခြင်း
3. အာရုံစူးစိုက်မှုကောင်းမွန်ခြင်း
4. အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ကောင်းမွန်ခြင်း
5. ဆံပင်ကျွတ် သက်သာခြင်း
6. ခြေသည်း လက်သည်း ကြွပ်ဆပ်မှုမရှိခြင်း
7. နှလုံးတုန် ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းမှ ကင်းဝေးခြင်း
8. သံဓါတ်ချို့တဲ့ခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါများမှ ကာကွယ်ခြင်း
9. Healthier Pregnancy ကိုရရှိစေခြင်း
10. Muscle endurance ကို improve ဖြစ်စေခြင်း စတဲ့ အကျိုးကျေးဇူးများစွာကို ရရှိစေမှာဖြစ်ပါတယ်။


သံဓါတ်ကို – အမဲသား ဆိတ်သား ဆတ်သားများ-ကန်စွန်းရွက် ဟင်းနုနွယ် ဥနီ နှင့်- သံပုရာ လိမ္မော် နာနတ် အပြင် ဥများ နဲ့ ငါးအမျိုးမျိုးကနေရရှိနိုင်သကဲ့သို့ သံဓါတ်အားဆေး တစ်နေ့တစ်လုံး ပုံမှန် သောက်သုံးပေးခြင်းအားဖြင့်လဲ လိုအပ်တဲ့ သံဓါတ်ကို ရရှိနိူင်ပါတယ်။
#Tothema
#DKSH
#myDoctor

Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…