အထွေထွေရောဂါများအရေပြားရောဂါများ

သဲဝဲစားခြင်း ဆိုတာ

1 Mins read

သဲဝဲစားခြင်း ကို ခြေထောက်ပွေးစွဲခြင်းလို့လည်းခေါ်ပါတယ်။

‌ခြေခုံ၊ခြေချောင်းကြားတွေမှာအများဆုံးဖြစ်တတ်တဲ့

အရေပြားမှိုစွဲခြင်းရောဂါတစ်မျိုးပါ။ သဲဝဲစားခြင်းဟာ ကူးစက်တတ်တဲ့

အရေပြားရောဂါတစ်မျိုးဖြစ်ပြီး ပူနွေးပြီးစိုထိုင်းဆမြင့်တဲ့ အများသုံးရေကူးကန်၊ ရေချိုးခန်း နှင့်

လော်ကာခန်းများမှာ ခြေဗလာသွားမိရင်တောင်ကူးစက်တတ်ပါတယ်။

သဲဝဲစားနေကြောင်းသိနိုင်တဲ့အချက်တွေကတော့…

(၁)ခြေချောင်းလေးများကြား ယားခြင်း၊ တဆစ်ဆစ်ကိုက်ခြင်း နှင့် ပူစပ်ပူလောင်ဖြစ်ခြင်း

(၂)ခြေ‌ဖဝါး၊ ခြေချောင်းလေးများကြား အရေပြားလန်ခြင်း၊ နီရဲနေခြင်း

(၃)အရေပြားရောင်ရမ်းခြင်း၊ အက်ကွဲခြင်း

(၄)ခြေထောက်အသားအရေခြောက်သွေ့ပြီး အဖတ်လိုက်ကွာနေခြင်း

သဲဝဲစားခြင်းကိုကြိုတင်ကာကွယ်ရန်(သို့)သက်သာစေရန်…

(၁) ခြေထောက်ကိုသန့်ရှင်းခြောက်သွေ့နေအောင်ထားပါ။

(၂) အစိုဓာတ်ကိုစုပ်ယူနိုင်စွမ်းရှိသောခြေအိတ်မျိုးဝတ်ဆင်ပါ။

(၃) လေဝင်လေထွက်ရှိသော ဖိနပ် (သို့) ခြေစွပ်/ခြေအိတ်များကို ရွေးချယ်ဝတ်ဆင်ပါ။

(၄) လူနေထူထပ်သောနေရာများတွင် ခြေဗလာဖြင့်သွားလာခြင်းရှောင်ကြဉ်ပါ။

(၅) Anti Fungal powder (သို့) Spray ကို သုံးပြီး မှိုပွားများမှုကိုလျှော့ချပါ။

(၆) ခြေအိတ်၊ ဖိနပ်များကို ခဏခဏပြန်ဝတ်ခြင်းမျိုးရှောင်ကြဉ်ပါ။

(၇) တစ်ကိုယ်ရေသုံးပစ္စည်းများကို မျှဝေသုံးစွဲခြင်းရှောင်ကြဉ်ပါ။

(၈) ခြေထောက်အမြဲဆေးပါ(သို့) သန့်ရှင်းအောင်ထားပါ။

စတဲ့နည်းလမ်းများအတိုင်း သဲဝဲစားခြင်းမဖြစ်အောင်နဲ့ ဖြစ်လာတဲ့အခါမှာလည်း ပိုမိုးမပွားများလာအောင် ထိန်းချုပ်နိုင်ပါတယ်။

#AtheleteFoot

#teleMedicine

#myDoctor

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *