စိတ်ကျန်းမာရေးဖိုးဖိုးဖွားဖွား ကျန်းမာရေးအထွေထွေရောဂါများ

သူငယ်ပြန်ခြင်း (သို့) အယ်လ်ဇိုင်းမားရောဂါ ( Alzymer’s Diseases )

1 Mins read

အရပ်အခေါ်အရ သူငယ်ပြန်ခြင်း ရောဂါလို့လူသိများတဲ့ အယ်လ်ဇိုင်းမားရောဂါဆိုတာ…

ပြင်းထန်တဲ့အာရုံကြောဆိုင်ရာရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကိုထိခိုက်စေပါတယ်။ အယ်လ်ဇိုင်းမားရောဂါဟာ သူငယ်ပြန်ခြင်း ကိုဖြစ်စေတဲ့ ရောဂါအမျိုးအစားတွေထဲက အဖြစ်အများဆုံးအကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။

အယ်လ်ဇိုင်းမားရောဂါဟာ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ အတွေးအခေါ်၊အမူအကျင့်နှင့် အသိအမြင်ဆိုင်ရာလုပ်ဆောင်ချက်များကိုယို့ယွင်းခြင်းကိုဖြစ်စေတဲ့ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။

အယ်လ်ဇိုင်းမားရောဂါကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းများကို အတိအကျရှာဖွေတွေ့ရှိမှုမရှိသေးသော်လည်း ၊ မျိုးရိုးဗီဇ ၊ ပတ်ဝန်းကျင်အခြေအနေနဲ့ နေထိုင်စားသောက်မှုပုံစံ စတဲ့အချက်တွေကို ပေါင်းစပ်ပြီးမှ အကြောင်းအရင်းတစ်ခုအနေနဲ့ ကောက်ချက်ချနိုင်မှာပါ။

သူငယ်ပြန်ခြင်းဟာ အများအားဖြင့် အသက်(၆၅)နောက်ပိုင်းမှအဖြစ်များကြသော်လည်း အချို့မျိုးရိုးဗီဇများမှာတော့ အသက်(၆၅)နှစ်မတိုင်ခင်ကတည်းက သူငယ်ပြန်(အယ်လ်ဇိုင်းမား)ရောဂါခံစားရသူ အနည်းအကျဉ်းရှိကြောင်းလည်းတွေ့ရှိရပါတယ်။

အယ်လ်ဇိုင်းမားရောဂါ (သူငယ်ပြန်ခြင်း) ဖြစ်ကြောင်းသိနိုင်တဲ့ လက္ခဏာများကတော့…

ခဏခဏမေ့တတ်ခြင်း ၊ လူအများနှင့်စကားပြော ဆက်သွယ်ရတဲ့အခါမှာ ခက်ခဲလာခြင်း၊ စိတ်ခံစားချက်နှင့်အမူအရာများပြောင်းလဲလာခြင်း၊ ခဏခဏမျက်စိလည်လမ်းမှားတတ်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ နေ့တဓူဝတစ်ကိုယ်ရေလုပ်ငန်းဆောင်တာများကိုပင် ခက်ခဲစွာလုပ်ဆောင်နေရခြင်းတို့ဖြစ်ပါတယ်။

သူငယ်ပြန်ခြင်းကိုသက်သာစေမည့် တိကျသောအဖြေကို ယနေ့အချိန်အထိမတွေ့ရှိရသေးသော်လည်း သူငယ်ပြန်ခြင်းလက္ခဏာတွေကိုလျော့ပါးစေပြီး ပိုမိုကောင်းမွန်တဲ့နေထိုင်မှုရရှိစေရန်ကုသနိုင်တဲ့နည်းလမ်းများစွာရှိပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ သူငယ်ပြန်ရောဂါခံစားနေရတဲ့ လူကြီးသူမများကို အထူးဂရုစိုက်ပေးဖို့ပဲဖြစ်ပါတယ်။ နေ့စဉ်တစ်ကိုယ်ရေလုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာလုပ်ဆောင်နိုင်ရန်ကူညီပေးခြင်းနှင့် လုံခြုံပြီးအန္တရာယ်ကင်းသော ပတ်ဝန်းကျင်ကိုဖန်တီးပေးခြင်းစတဲ့ ထိရောက်တဲ့ ဂရုစိုက်ခြင်းမျိုးလိုအပ်ပါတယ်။ဒါကြောင့် မိမိပတ်ဝန်းကျင်မှာသူငယ်ပြန်ရောဂါခံစားနေရတဲ့ အဘိုးအဘွားများရှိပါက စာနာကူညီကြဖို့ နဲ့ အနီးကပ်စောင့်ရှောက်နေသူများကိုလည်း စိတ်ခွန်အားပေးဖို့လိုအပ်ပါသေးတယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#Alzheimer‘sDisease

#mydoctor

#teleMedicine

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *