စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။
ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။
- ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။
- ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။
ဘယ်လိုသုံးရတာလဲ။
- ဒီကွင်းလေးကို သားမွေးလမ်းကြောင်းအတွင်း စနစ်တကျ မှန်မှန်ကန်ကန် ထည့်ထားရမှာပါ။
- အသုံးပြုရလဲလွယ်ကူပြီး မှန်မှန်ကန်ကန် ထည့်ထားရင် ၉၉ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိစေပါတယ်။
- ရာသီလာပြီးစ ၅ရက် အတွင်းမှာထည့်သင့်ပါတယ်။
ဘယ်သူတွေ သုံးသင့်သလဲ။
- သုံးတဲ့ အမျိုးအစားပေါ်မူတည်ပြီး တစ်လမှ သုံးလအထိ ခံတော့ ဆေးပုံမှန်မသောက်ချင်သူ၊ ဆေးမထိုးဘဲ ကြာရှည်ခံစေချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ နည်းလမ်းတစ်ခုပေါ့။
- အတူနေတဲ့အခါမှာလည်း အနှောင့်အယှက်မဖြစ်စေသလို၊ အသုံးပြုမှုရပ်တာနဲ့ ကိုယ်ဝန်ပြန်ရစေတော့ ကာလတို သန္ဓေတားချင်သူတွေအတွက်လည်း သင့်တော်တယ်လေ။
ဘာတွေ သတိထားဖို့ လိုအပ်မလဲ။
· အဓိက ကတော့ အချိန်မှန် ကွင်းလဲဖို့ပါပဲ။ လဲရမယ့် ရက်ကို သေချာမှတ်ထားပြီး အချိန်မှန်လဲပေးဖို့ လိုအပ်ပါတယ်။
· ဟော်မုန်းဓာတ်ပါတဲ့အတွက် အသုံးပြုစအခါတွေမှာ ရာသီသွေးဆင်း မမှန်ခြင်း၊ ခေါင်းမူးခြင်း၊ ပျို့ခြင်း၊ အန်ခြင်း ဖြစ်တတ်ပါတယ်။ မကြောက်ပါနဲ့။ နှစ်လလောက်အကြာမှာ ဒါတွေ သက်သာပြီး ပုံမှန်ပြန်ဖြစ်သွားမှာပါ။
· ဒီကွင်းလေးက လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကို မကာကွယ်နိုင်လို့ ကွန်ဒုံးပါ အသုံးပြုသင့်ပါတယ်။
ဒါကြောင့် ဆေးမသောက်ချင်တော့ဘူး၊ ဆေးထိုးရကြောက်တယ်၊ လက်မောင်းလည်း အခွဲမခံချင်ဘူး ဆိုသူ မမတို့ရေ ဒီနည်းလမ်းကိုသာ ရွေးချယ်လိုက်ကြပေတော့နော်။
ရီချို(ဆေး ၁)