Uncategorized

သရက်သီး မှည့်နှင့်ကျန်းမားရေးအကျိုးသက်ရောက်မှု

1 Mins read

သရက်သီး မှည့်ကြိုက်ကြလား?

သရက်သီးဟာ အရသာရှိသလို ခန္ဓာကိုယ်အတွက်အကျိုးရှိစေတဲ့အာဟာရဓာတ် မြောက်များစွာပါဝင်ပါတယ်။

ဒါကြောင့်သရက်သီးကိုစားပေးခြင်းအားဖြင့်အောက်ပါအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

၁။ ပါဝင်သောအာဟာရဓာတ်များ

ဗီတာမင် အေ၊ စီ၊ အီး သာမက ပိုတက်ဆီယမ်‌ နှင့်ဖောလစ်အက်ဆစ်တို့ပါပါဝင်ပါတယ်။ ဒါ့အပြင် အစာခြေရာမှာအထောက်ကူပြုပေးတဲ့ အမျှင်ဓာတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။

၂။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ

သရက်သီးမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကြွယ်ဝစွာပါဝင်တဲ့အတွက် အိုမင်းရင့်ရော်ခြင်းကိုတားဆီးပေးတဲ့အပြင် နှလုံးနှင့် ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။

၃။ ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးခြင်း

ဗီတာမင်စီအပြည့်အဝပါဝင်တဲ့သစ်သီးဖြစ်လို့ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး ကူးစက်ရောဂါများတိုက်ထုတ်နိုင်အောင် ကျန်းမာတဲ့ခုံအားစနစ်ကိုပံ့ပိုးပေးပါတယ်။

၄။ အစာခြေစနစ်ကိုကောင်းမွန်စေခြင်း

သရက်သီးမှာအမျှင်ဓာတ်သာမက “amylases,proteases” လို့ခေါ်တဲ့ အင်ဇိုင်းတွေပါဝင်တဲ့အတွက် ပရိုတိန်းကိုချေဖျက်ကိုခြေဖျက်ရာမှာအကူညီပေးနိုင်လို့ အစာခြေစနစ်ကိုအထောက်အပံ့ဖြစ်စေပါတယ်။ ဒါကြောင့် ဝမ်းချုပ်ခြင်းကိုသက်သာစေပြီး ဝမ်းကျန်းမာရေးကိုကောင်းမွန်စေပါတယ်။

၅။ မျက်စိအားကောင်းစေခြင်း

ဗီတာမင်အေ နှင့် Beta-carotene တို့ပါဝင်တဲ့သရက်သီးဟာ မျက်ရည်ခမ်းခြင်းနှင့် ညအချိန်မျက်လုံးအားနည်းခြင်းတို့ကိုသက်သာစေတဲ့အတွက် မျက်စိကျန်းမာရေးအတွက်လည်းအထူးကောင်းမွန်ပါတယ်။

၆။ အသားအရေကောင်းမွန်စေခြင်း

သရက်သီးမှာပါဝင်တဲ့ ဗီတာမင်-စီ, Antioxidants တို့ကြောင့် အရေပြားအတွင်း ကော်လဂျင်ထုတ်လုပ်မှုကိုတိုးမြင့်စေပြီး အသားအရေခြောက်ခြင်း နှင့် အချိန်မတိုင်မီအိုမင်းရင့်ရော်ခြင်းကိုသက်သာစေပါတယ်။

၇။ ရေဓာတ်နှင့် electrolyte ကိုပြန်လည်ဖြည့်တင်းပေးခြင်း

သရက်သီးမှည့်မှာရေဓာတ်ပါဝင်မှုပြည့်ဝတဲ့အတွက် သရက်သီးစားခြင်းအားဖြင့်လည်း ခန္ဓာကိုယ်ကလိုအပ်တဲ့ ရေဓာတ်ကိုရရှိစေနိုင်ပါတယ်။ ဒါ့အပြင် ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်ပါဝင်မှုကြောင့် ခန္ဓာကိုယ်ရဲ့ရေဓာတ်ဆုံးရှုံးမှုကြောင့်ဖြစ်တဲ့ပြဿနာများကိုသက်သာစေပြီး ကြွက်သားများကို ပုံမှန်လုပ်ဆောင်နိုင်အောင်ကူညီပေးပါတယ်။

၈။ ကိုယ်အလေးချိန်ထိန်းပေးခြင်း

သရက်သီးဟာ သဘာဝအချိုဓာတ်ပါတင်သော်လည်း ကယ်လိုရီနည်းပါးပြီး အမျှင်ဓာတ်ကြွယ်ဝပါတယ်။ ဒါကြောင့် စားလိုက်သမျှအာဟာရတွေကို ခြေဖျက်ပေးရုံသာမက ညီမျှအောင်ထိန်းပေးနိုင်လို့ ကိုယ်အလေးချိန်ကိုထိန်းသိမ်းပြီးသားဖြစ်စေပါတယ်။

ဒီလိုကောင်းမွန်တဲ့အကျိုးကျေးဇူးတွေနဲ့သရက်သီးမှည့်ကို စားသုံးခြင်းဖြင့် myDoctor ရဲ့ ချစ်ပရိသတ်တွေအစဉ်ကျန်းမာကာရောဂါကင်းဝေးကြပါစေရှင်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#myDoctor

#teleMedicine

Related posts
Uncategorized

ရဲဆေး( အရက် ) တင်ထားမှ ကြာတယ်ဆိုတာဟုတ်လား?

1 Mins read
အရက် ဟာ လိင်မှုဆိုင်ရာကိစ္စရပ်များအပေါ် ရှုပ်ထွေးတဲ့ သက်ရောက်မှုရှိနိုင်ပြီး အကျိုးသက်ရောက်မှုဟာ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါတယ်။ တချို့သူတွေမှာ အရက်ကို ပမာဏအသင့်အတင့်သောက်သုံးခြင်းဟာ စိတ်ကိုပြေလျော့စေပြီး ယုံကြည်မှုတိုးလာစေကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ အရက် သောက်ပြီး လိင်ဆက်ဆံခြင်းဟာ သုက်လွှတ်ခြင်းကို…
Uncategorized

လေလည်ခြင်း ဆိုတာ

1 Mins read
လေလည်ခြင်း ဆိုတာ အစာခြေမှု လုပ်ငန်းစဉ်အတွင်း ခန္ဓာကိုယ်မှ ပိုလျှံနေသော လေ (သို့) ဓာတ်ငွေ့များကို စွန့်ထုတ်ရန် လိုအပ်တဲ့အခါ ဖြစ်ပေါ်တဲ့ သဘာဝအလျောက် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ လေလည်ခြင်း ဆိုတာ သင့်ရဲ့ အစာခြေစနစ် ကောင်းမွန်စွာ အလုပ်လုပ်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။…
Uncategorized

ဦးထုပ်မဆောင်းမိခဲ့လျှင်... ( ကွန်ဒုံး )

1 Mins read
ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံမိတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အဓိကအန္တရာယ် နှစ်ခုရှိပါတယ်။ (၁) လိင်မှတစ်ဆင့်ကူးစက်သောရောဂါများကွန်ဒုံးဟာ ပါးစပ်၊ စအို သို့မဟုတ် မိန်းမအင်္ဂါဖြင့် လိင်ဆက်ဆံစဉ်အတွင်း လိင်ကတစ်ဆင့်ကူးစက်သော ကူးစက် ရောဂါများကို တားဆီးရာမှာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး  ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်းဟာ လိင်က တစ်ဆင့်…

Leave a Reply

Your email address will not be published. Required fields are marked *