#သတိမမူပါက မိမိရင်သွေးအသက်ပါ ဆုံးရှုံး စေနိုင်သည့် သွေးလွန်တုပ်ကွေး###
သွေးလွန်တုပ်ကွေး ရာသီကိုရောက်လာပြန်ပီဖြစ်တဲ့အတွက် ကလေးဖျားပီဆိုတာနဲ့ သွေးလွန်တုပ်ကွေးကို မိဘများ သတိထားဖို့လိုအပ်ပါတယ်။ မဟုတ်ပါက သွေးလန့်ခြင်း ဖြစ်၍ အသက် အန္တရာယ် ရှိစေ နိုင်သည့်အတွက် ပါမောက္ခ/ဌာနမှူး (ငြိမ်း)ဒေါက်တာစောဝင်း၊ ကလေးကျန်းမာပညာဌာန ဆေး(၁)မှ “ရာသီတိုင်းတွင် ဖျားနာလျှင် သွေးလွန်တုပ်ကွေး မှတ်၊ အဖျားကျစဉ် မလန်းလျှင် အစဉ်သတိချပ်” လို့ ပြောကြားထားပါတယ်။
သွေးလွန်တုပ်ကွေး ရောဂါဟာ ရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်ကျား/ ခြင်ပုန်း လို့ခေါ်တဲ့ Aedes Mosquito ကိုက်ရာမှတဆင့် ကူးစက်ပါတယ်၊ ကလေး၊ လူငယ် သာမက လူကြီးတွေလည်း ကူးစက်နိုင်ပြီးတော့ Dengue Virus ပိုးအမျိုးအစား (၄) မျိုးရှိတဲ့ အတွက် တခါ ဖြစ်ဖူးတဲ့သူတွေလည်း နောက်တကြိမ် ပြန် ဖြစ်နိုင်ပါတယ်၊ ဒုတိယအကြိမ် ဖြစ်တဲ့ သွေးလွန်တုပ်ကွေးက ပိုမိုဆိုးရွားတဲ့ ရလာဒ် ဖြစ်နိုင်ပါတယ်
ဘယ်လိုပုံစံတွေတွေ့ရမလဲ
– ကလေးအဖျားတက်လို့ အဖျားကျဆေး သောက်လိုက်ရင် အဖျားကျမယ် ပြီးရင် အဖျားပြန်တက်မယ် ရက် အနည်းအငယ်အတွင်း အဖျားကျသွားပေမယ့် ကလေးက မလန်းဆန်း/ပုံမှန် မဆော့ကစားပဲ အစားအသောက် မစားဘူး မှိန်းနေမယ် အီနေမယ် (ဗိုက်နာတယ်ပြောမယ်) ကယောင်ကတမ်း ဖြစ်မယ်/ ပြောမယ် ၊ ကော်ဖီရောင်တွေ မူးဝေအော့အန်မယ် / ဝမ်းသွားမယ်ဆိုရင် နီးစပ်ရာဆေးရုံကိုအမြန်သွားရပါမယ်။
သတိထားရမှာက ကလေးကို ကော်ဖီ၊ ချောကလက် အစရှိတဲ့ အရာတွေ မကျွေးသင့်ပါဘူး၊ ဝမ်းအရောင်ကို ကြည့်ရှုရာမှာ လွဲမှားသွားနိုင်လို့ပါ။
သွေးလန့်တဲ့ အဆင့်ဆိုတာ သွေးကြောလေးတွေထဲက သွေးရည်ကြည်တွေ အပြင်ထွက်သွားတဲ့အဆင့်ဖြစ်ပြီး သူဟာ စဖျားပြီး (၃ ~ ၅) ရက်လောက် အဖျားကျပြီး ကလေး နည်းနည်း ပြန်လန်းလာတဲ့အချိန်မှာ ဖြစ်တတ်တယ်၊ မိဘတွေအနေနဲ့ သက်သာပြီအထင်နဲ့ ပေါ့သွားကျတဲ့အခါမှာ Hemorrhagic manifestations တွေနဲ့ Shock ရှော့ခ် ရသွားနိုင်ပါတယ်
ကဲ ဒီတော့ သွေးလွန်တုပ်ကွေး မဖြစ်အောင်ဆိုရင် ခြင်ကနေတဆင့် ကူးစက်တာဆိုတော့ ခြင်မပေါက်ဖွားအောင်နဲ့ မိမိကလေး ခြင်ကိုက်မခံရအောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတာလေး အလွယ်လိုက်မှတ်ထားရအောင် ……”ဖုံး၊ သွန်၊ ခပ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြုပ်၊ ရှင်း၊ ထည့်”
ဖုံး – ရေအိုး၊ ရေခွက်၊ ရေစည် အားလုံးကို ခြင်မဝင်နိုင်အောင် လုံခြုံစွာ ” ဖုံး ” အုပ်ပါ။
သွန် – ရေအိုး၊ ရေခွက်၊ ရေစည် အားလုံး၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြော၍ တစ်ပတ် တစ်ကြိမ် “သွန်” ပစ်ပါ။
ခပ် – မလှယ်နိုင် မသွန်နိုင်သော အုတ်ကန်ကြီးမှား Overhead Tank များ အတွင်းသို့ ပိုးလောက်လန်း သေဆေး Abate ဆေး “ခပ်” ခြင်း။
စစ် – ရေရှားပါက ပိုးလောက်လန်း တွေ့သောရေကို နောက်တစ်အိုးသို့ ရေ “စစ်” ဖြင့် ပြောင်းထည့်ပါ။
လောင်း – ကြောင်အိမ် အောက်ခံ ခွက်များထဲသို့ ဆား၊ စက်ဆီ၊ ဒီဇယ်ဆီ အဟောင်းများ (သို့) အင်ဂျင်ဝိုင် အဟောင်းများ “လောင်း” ထည့်ပါ။
ထောင် – ဘယ်အချိန် အိပ်အိပ် ဘယ်နေရာ အိပ်အိပ် ခြင်ထောင် “ထောင်” အိပ်ပါ။
လဲ – ညောင်ရေအိုး၊ ပန်းအိုးများကို တစ်ပတ်လျှင် နှစ်ကြိမ် လဲမည့် အိုး၏ နံရံများကို တိုက်ချွှတ် ဆေးကြော၍ ရေ “လဲ” ပါ။
ဖွင့် – အလင်းရောင်ရ၍ ခြင် မခိုအောင်းနိုင်ရန် နေ့ပိုင်းတွင် ပြတင်းပေါက်များ “ဖွင့်” ထားပါ။
မြုပ် – အိမ်တွင်း၊ အိမ်ပြင် ရှိ မိုးရေ တင်ကျန်နိုင်သည့် စွန့်ပစ်ပစ္စည်းများ ဗူး၊ ခွက်၊ တာယာဟောင်း စသည်တို့ကို မြေကြီးတွင် ကျင်းတူး၍ ” မြှုပ်” ပစ်ပါ။
ရှင်း – ခြင်မခိုအောင်းနိုင်ရန် အိမ်တွင်း/ အိမ်ပြင် “ရှင်း” လင်းပါ။
ထည့် – ရေလှောင်ကန်များတွင် တီလားဗီးယား ငါးထိပ်ကွက်နှင့် ဒေါင်းငါး စသည့် ခြင်လောက်လန်းစား ငါးများ မွေးမြူရန် “ထည့်” ပါ။
ခြင်မပေါက်ဖွားအောင် ကာကွယ်သင့်သလို မိဘများအနေနဲ့လဲ မိမိကလေး အိပ်ချိန်မှာ ခြင်ထောင်နဲ့သိပ်ပါ၊ အင်္ကျီလက်ရှည် ဘောင်းဘီအရှည် ဝတ်ဆင်ပေးပါ၊ ခြင်မကိုက်တဲ့ လိမ်းဆေးများ လိမ်းပေးပါ၊
သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်နိုင်ကြပါစေ။
“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”
#myDoctor#Dr_KyawYe_ဆေး(၁)