Vitamin B နဲ့ပတ်သက်ပြီး ရရှိတဲ့ အကျိုးကျေးဇူးတွေကိုတော့ သိရှိပြီးဖြစ်ကြပါလိမ့်မယ်။ Vitamin B ဆိုတဲ့ B အုပ်စုမှာ B1, B2, B6, B12 အစရှိတဲ့ Vitamin အမျိုးအစားငယ်လေးတွေပါဝင်ပေါင်းစပ်ဖွဲ့စည်းထားတာကို B complex လို့ခေါ်ပါတယ်။ ယနေ့ခေတ်မှာတော့ Vitamin B နဲ့ပက်သက်တဲ့ အားဆေးတွေကို လူတိုင်းဝယ်ယူသောက်သုံးမှီဝဲနေကြတာကို တွေ့ရှိရပါတယ်။ Vitamin Bလိုအပ်သူတွေအတွက် B ချိုတဲ့မှုကို ကာကွယ်ပေးနိုင်ပြီး ခံစားနေရတဲ့ ရောဂါဝေဒနာများကနေ သက်သာလာတာကို တွေ့ရှိရပါတယ်။
Vitamin B ကိုသောက်သုံးဖို့ဆိုရင် Vitamin B ချို့တဲ့လက္ခဏာများကို သိရှိထားဖို့လိုအပ်ပါတယ်။
သိထားရမယ့် Vitamin B ချို့တဲ့ လက္ခဏာတွေကတော့
– ခြေလက် ထုံကျင်ခြင်း
– အစားစားချင်စိတ်လျော့နည်းခြင်း
– မောဟိုက်လွယ်ခြင်း
– ဝမ်းချုပ်ခြင်း
– ဝမ်းလျှောခြင်း
– Weight loss ရခြင်း
– ခြေသည်းလက်သည်းနှင့် ဆံပင်များကြွပ်ဆတ်ခြင်း
– အသားအရေဖြူဖျော့နေခြင်း
– Mouth ulcer ရခြင်း
– Walking problem
– စိတ်ပိုင်းဆိုင်ရာ ပြဿနာများ နဲ့
– အမြင်အာရုံ ဝေဝါးခြင်း စတာတွေဖြစ်ပါတယ်။
Vitamin B ချို့တဲ့ရာမှတစ်ဆင့် ခံစားရမယ့် နောက်ဆက်တွဲရောဂါများမှာ
– B1 ချို့တဲ့ ဘယ်ရီဘယ်ရီရောဂါ
– သွေးအားနည်းရောဂါ
– Atropic Gastritis ရောဂါ
– အရိုးပွရောဂါ
– Crohn’s disease
– Graves’ disease or Lupus
– Mental Disease အစရှိတဲ့ ရောဂါများဖြစ်ကြပါတယ်။
Vitamin B မချို့တဲ့အောင် ဘယ်လိုနေထိုင်စားသောက်သင့်လဲ.?
1. B complex ပါဝင်သောအားဆေးသောက်ခြင်း
2. နို့၊ဒိန်ချဉ်၊အသား၊ငါး၊ဥများ စားသုံးပေးခြင်း
3. B12 ဓါတ်ကြွယ်ဝစွာပါတဲ့ အသား များစားခြင်း
4. အသားမစားပါက ဥအမျိုးမျိုး စားခြင်း
5. Salmon Tuna စသောငါးအမျိုးမျိုး စားပေးနိုင်ခြင်း
6. အသား အသည်း ကလီစာ များ စားပေးခြင်း
7. အသီး အရွက်များ စားပေးခြင်း
ဖြည့်စွက်စာများ စားပေးခြင်း အားဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Vitamin B ဓါတ်ကို ရယူနိုင်တာကြောင့် တစ်နေ့တာ လိုအပ်တဲ့ပမာဏရအောင် နေထိုင်စားသုံးပြီး B ချို့တဲ့ရောဂါများမှ ကင်းဝေးအောင် နေထိုင်နိုင်ပါတယ်။
#BetexStres
#DKSH
#myDoctor