အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read

သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။

သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။ သည်းခြေရည်ဆိုတာကတော့ အစာချေဖျက်ရာမှာ အထောက်အကူ ဖြစ်စေဖို့ အသည်းမှထုတ်လုပ်ပေးတဲ့ အရည်တစ်မျိုး ဖြစ်ပြီး သည်းခြေအိတ်ထဲမှာ သိမ်းဆည်းထားတဲ့ အစာခြေ အရည်တစ်မျိုးဖြစ်ပါတယ်။ သည်းခြေရည်ဟာ အဆီများကိုချေဖျက်ရာမှာ ကူညီပေးပါတယ်။ အစာစားတဲ့အခါ သည်းခြေအိတ်က ကျုံ့သွားပြီး သည်းခြေရည် တွေကို အူသိမ်ထဲသို့ ထုတ်လွှတ်ပေးလိုက်ပါတယ်။

သည်းခြေကျောက်တည်ခြင်းရဲ့ အဓိကအမျိုးအစား နှစ်မျိုးရှိပါတယ်။

အဆီကျောက်များ- ကိုလက်စထရောကျောက်များဟာ များသောအားဖြင့် အဝါ-စိမ်းရောင်ရှိပြီး အဖြစ်အများဆုံး သည်းခြေကျောက်အမျိုးအစားဖြစ်ပါတယ်။ မချေဖျက်ရသေးတဲ့ ကိုလက်စထရော အဆီများစုပုံလာလို့ ဖြစ်တာ ဖြစ်ပါတယ်။

ရောင်ခြယ်ကျောက်များ- ရောင်ခြယ်ကျောက်တွေကတော့ အဆီကျောက်များထက် သေးငယ်ပြီး အနက်ရောင် သို့မဟုတ် အညိုရောင်ရှိနိုင်ပါတယ်။ သည်းခြေထဲမှာ သွေးနီဥများပြိုကွဲခြင်းမှ ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းများ ဖြစ်တဲ့ bilirubin ပိုလျှံနေတဲ့အခါ ဖြစ်ပေါ်လာပါတယ်။

သည်းခြေကျောက် တည်ခြင်းဟာ အောက်ပါ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်ပါတယ်။

ကိုလက်စထရောပိုလျှံခြင်း – သင့်ခန္ဓာကိုယ်က အစာခြေဖို့အတွက် သည်းခြေရည် လိုအပ်ပါတယ်။ သည်းခြေရည် ဟာ များသောအားဖြင့် အဆီများကို ဖျော်ပေးပါတယ်။ ဒါပေမယ့် အသည်းကနေ ကိုလက်စထရောကို သည်းခြေ ရည်မှာ ပျော်နိုင်တဲ့ ပမာဏထက် ပိုထုတ်ပါက ပိုနေတဲ့ ကိုလက်စထရောတွေကနေ အဆီကျောက် တည်လာနိုင်ပါ တယ်။

Bilirubin ပိုလျှံခြင်း – အသည်းခြောက်ခြင်း၊ ရောဂါပိုးဝင်ခြင်း နှင့် သွေးရောဂါများ ကဲ့သို့သော အခြေအနေ များ ဟာ အသည်းမှ bilirubin အလွန်အကျွံထုတ်လွှတ်ခြင်းကို ဖြစ်စေပြီး ရောင်ခြယ်ကျောက်များ ဖြစ်ပေါ်လာ စေပါတယ်။

သည်းခြေအိတ် က သည်းခြေရည်ကို ကုန်စင်အောင် မစွန့်ပစ်နိုင်ခြင်း – သည်းခြေအိတ်ဟာ သည်းခြေရည်တွေကို ကုန်စင်အောင် ဗလာဖြစ်သည်အထိ မစွန့်ပစ်နိုင်ပါက သည်းခြေရည်များ စုစည်းလာပြီး ကျောက်တည်လာ နိုင်ပါ တယ်။

ဘယ်သူတွေမှာ သည်းခြေကျောက်တည်ခြင်းပိုဖြစ်နိုင်လဲ

–      အဝလွန်ခြင်း

–      အမျိုးသမီးဖြစ်နေခြင်း

–      အသက် ၄၀ ကျော်နေခြင်း

–      အဆီအစားများခြင်း

–      သွေးထဲအဆီဓာတ်များနေခြင်း

–      ကိုယ်ဝန်ဆောင်များ

–      ပဋိသန္ဓေတားဆေးအသုံးပြုခြင်း သို့မဟုတ် ဟော်မုန်းအစားထိုးကုထုံး ခံယူနေရခြင်း

–      မိသားစုထဲမှာ သည်းခြေကျောက်တည်ဖူးတဲ့ ရာဇဝင်ရှိခြင်း

–      ဆီးချိုရောဂါ၊ အသည်းရောဂါ၊ အသည်းအဆီဖုံးရောဂါများ ရှိခြင်း

–      အချိန်တိုအတွင်း ကိုယ်အလေးချိန်အများကြီး ကျသွားခြင်း

–      အဆီကျဆေးများသောက်နေရခြင်း

သည်းခြေကျောက် တည်နေသူအများစုဟာ များသောအားဖြင့် ဘာရောဂါလက္ခဏာမှမပြတဲ့အတွက် ကျောက်ရှိ နေတယ်ဆိုတာကိုတောင် သတိမပြုမိတတ်ကြပါဘူး။ သို့ရာတွင် အရွယ်အစားကြီးပြီး သည်းခြေပြွန်ကို ပိတ်ဆို့ သွားတဲ့အခါမှာတော့ နာကျင်မှုကို ဖြစ်စေပြီး ကုသမှုချက်ချင်းခံယူဖို့လိုပါတယ်။ သည်းခြေကျောက်က သည်းခြေ ပြွန်အတွင်း ပိတ်ဆို့နေပါက ဖြစ်ပေါ်လာသော လက္ခဏာများမှာ

–      ဝမ်းဗိုက်၏ညာဘက်အပေါ်ပိုင်းမှာ ရုတ်တရက်နှင့် လျင်မြန်စွာ ပြင်းပြင်းထန်ထန် နာကျင်ခြင်း

–      ရင်သားအောက်နား၊ ဝမ်းဗိုက်အလယ်ဗဟိုမှာ ရုတ်တရက်နှင့် လျင်မြန်စွာ ပြင်းပြင်းထန်ထန် နာကျင်ခြင်း

–      ပခုံးနှစ်ဖက်ကြားတွင် နောက်ကျောဘက်နာကျင်ခြင်း

–      ညာဘက်ပခုံး နာကျင်ခြင်း

–      ပျို့ခြင်း သို့မဟုတ် အော့အန်ခြင်း

သည်းခြေကျောက်တည်ခြင်းကြောင့် နာကျင်တဲ့ ဝေဒနာဟာ မိနစ်အနည်းငယ်မှ နာရီအနည်းငယ်အထိ ကြာနိုင်ပါ တယ်။

သည်းခြေကျောက် တည်ခြင်းကို ကုသခြင်းဟာ ရောဂါလက္ခဏာများရဲ့ ပြင်းထန်မှုနှင့် နောက်ဆက်တွဲ ပြဿနာ များပေါ် မူတည်ပါတယ်။ သည်းခြေကျောက်တည်ခြင်းကို မတော်တဆတွေ့ရှိပြီး ရောဂါလက္ခဏာမပြပါက ကုသ ရန်မလိုအပ်ပေမယ့် စောင့်ကြည့်ဖို့တော့ လိုအပ်ပါမယ်။ ရောဂါလက္ခဏာများခံစားနေရတယ်ဆိုရင်တော့ ကုသမှု အနေနဲ့ သည်းခြေအိတ်ဖယ်ရှားခြင်းခွဲစိတ်ခြင်း (cholecystectomy) နှင့် သည်းခြေကျောက်ကို ပျော်စေတဲ့ ဆေး သောက်ခြင်းတို့ဖြင့် ကုသနိုင်ပါတယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#DrShoon(ဆေး-၁)

#myDoctor

#Telemedicine

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…

Leave a Reply

Your email address will not be published. Required fields are marked *