သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်…
ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။
ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့် ကြာလာတဲ့အခါ….
ဆီးသွားတဲ့အခါ အမြှုပ်တွေထမယ်(ဒါဟာ ဆီးထဲမှာ ပရိုတင်းဓာတ်တွေပါလာလို့ဖြစ်နိုင်ပါတယ်၊ သေချာသိဖို့က စစ်ဆေးကြည့်ရပါမယ်)
မျက်လုံး၊ လက်၊ ခြေကျင်းဝတ်၊ ခြေဖဝါးတွေဖောလာမယ်
ဆီးသွားဖို့အလျင်လိုလာမယ်
သွေးပေါင်ထိန်းဖို့ခက်လာမယ်
အာရုံစူးစိုက်ဖို့ခက်လာမယ်
မောလာမယ်၊ အစားအသောက်ပျက်လာမယ်
နုံးလာမယ်၊ ပျို့အန်လာမယ်
တောက်လျှောက်အသားအရေမှာယားလာမယ်
ဘယ်အချိန်တွေမှာ ဒီလိုကျောက်ကပ်ထိခိုက်တာတွေပိုဖြစ်လာနိုင်လဲဆိုရင်…
♊ ဆီးချိုကိုကောင်းကောင်းမထိန်းနိုင်တဲ့အခါ
♊ သွေးတိုးရှိနေရင် သွေးတိုးကိုကောင်းကောင်းမထိန်းနိုင်တဲ့အခါ(သွေးတိုးတာကလည်း ကျောက်ကပ်ရဲ့ စွန့်ထုတ်တဲ့စနစ်ကိုထိခိုက်ပျက်စီးစေလို့ပါပဲ)
♊ သွေးတွင်း cholestrol အဆီတွေများတဲ့အခါ
♊ ဆေးလိပ်သောက်တဲ့အခါ
♊ မျိုးရိုးထဲမှာ ဆီးချိုနဲ့ကျောက်ကပ်ရောဂါဖြစ်ဖူးတဲ့သူရှိတဲ့အခါတွေဆိုရင် ပိုဖြစ်နိုင်ပါတယ်။
ဒီလိုကျောက်ကပ်အခြေအနေမဆိုးသွားအောင်…
✅ ဆီးချိုကို control ရအောင် ကောင်းကောင်းလုပ်ပါ
✅ မနက်စာမစားခင် အနည်းဆုံးတစ်ခေါက်လောက် ဆီးချိုစစ်ဆေးဖို့ကိုမမေ့ပါနဲ့၊ အပျင်းမကြီးပါနဲ့
✅ ကျောက်ကပ်ဆိပ်စစ်ဆေးတာကို ပုံမှန်ပြုလုပ်ပေးပါ
✅ သွေးတိုးကိုသေချာထိန်းပါ
✅ အကိုက်အခဲပျောက်ဆေးတွေများစွာ သောက်ရင်လည်း ကျောက်ကပ်ထိနိုင်တဲ့အတွက် သောက်သုံးရန်သင့်မသင့် ဆရာဝန်နဲ့အရင်ဆွေးနွေးပါ
✅ ဆေးလိပ်သောက်တာက ကျောက်ကပ်အခြေအနေကိုပိုဆိုးသွားစေနိုင်လို့ လုံးဝရှောင်ပါ
✅ ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ။
ဒေါက်တာမိုးမခ(ဆေး ၂)