Is your heart beating right?
သွေးတိုးနှင့်နှလုံးရောဂါအခြားရောဂါများအထွေထွေရောဂါများ

သင့်နှလုံးကစည်းချက်မှန်ရဲ့လား

1 Mins read

နှလုံးစည်းချက်မူမမှန်တဲ့ဝေဒနာကတော့ နှလုံးအဆို့ရှင်ရောဂါ နှလုံးအားနည်းခြင်းနဲ့ တခြားသောဝေဒနာတွေကို ဖြစ်ပေါ်စေဖို့ရာ ဦးတည်အစပြုနေတဲ့ဝေဒနာပဲဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့နှလုံးခုန်မြန်ခြင်းကနေဖြစ်လာတဲ့ မူမမှန်နှလုံးခုန်ခြင်းပဲဖြစ်ပါတယ် နှလုံးရဲ့အပေါ်ဘက်အခန်းတွေမှာသိသိသာသာရိုက်ခတ်နေတတ်ပါတယ်။

မူမမှန်နှလုံးခုန်ခြင်းက အများအားဖြင့်ကျန်းမာနေသေးတယ်ဆိုရင်တော့ အသက်အန္တရာယ်ကိုမခြိမ်းခြောက်နိုင်သေးပါဘူး။ ဒါပေမယ့်လည်း သင့်မှာ ဆီးချို၊ သွေးတိုး နဲ့တခြားဝေဒနာတွေရှိမယ်ဆိုရင်တော့ မူမမှန်နှလုံးခုန်ခြင်းက အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒီအခြေအနေမှာ တော့ ဆရာဝန်နဲ့ သေချာစွာ ကုသစစ်ဆေးဖို့လိုအပ်ပါတယ်။

နှလုံးစည်းချက်မမှန်တဲ့ဝေဒနာဟာနှလုံးခုန် မူမမှန်တဲ့အပြင် မြန်လည်းမြန်နေတတ်ပါတယ်။ အသက်ရှူခက်တာ၊ သတိလစ်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ ရင်တုန်တာ၊ မူးဝေတာ၊ ခြေလက်ဖောယောင်နေတာ နဲ့ရင်ဘတ်အောင့်တာလိုမျိုးတွေလည်းရှိနေတတ်ပါတယ်။ နှလုံးရဲ့အခန်းလေးခန်းဟာ စက်ရုံတစ်ခုလိုပဲ တိကျသေချာစွာနဲ့ လုပ်ငန်းဆောင်တာ တွေကိုလုပ်ဆောင်ရပါတယ်။ ပုံမှန်လှုပ်ရှားနေမှသာ သွေးကလည်းပုံမှန်လည်ပတ်တာဖြစ်ပါတယ်။ နှလုံးခုန်ဖို့ရာအချက်ပြတဲ့ ဆဲလ်တွေမူမမှန်တဲ့အခါ နှလုံးခုန်ခြင်းက ပြောင်းလဲလာနိုင်ပါတယ်။အပေါ်ခန်း artria ကနေ နှလုံးညှစ်ထုတ်ခြင်းကမူမမှန်တဲ့အခါ သွေးခဲခြင်းမှတစ်ဆင့် လေဖြတ်ဝေဒနာဖြစ်လာတတ်ပါတယ်။ နှလုံးစည်းချက်မူမမှန်သူတွေရဲ့ ၃၅ရာခိုင်နှုန်းခန့်ဟာ လေဖြတ်ခြင်းဝေဒနာပေါ်ပေါက်တတ်တယ်လို့လည်း လေ့လာမှုတွေကဆိုပါတယ်။  ဒီဝေဒနာအတွက် တိကျတဲ့ကုထုံးမရှိသေးဘဲ လူနာတစ်ဦးခြင်းစီရဲ့လိုအပ်ချက်အတိုင်းသာကုသပေးနိုင်ပါတယ်။

 ဒီဝေဒနာဟာ တခြားသောနှလုံးဆိုင်ရာ ရောဂါတွေ နဲ့လေဖြတ်ခြင်းလိုမျိုးတွေဖြစ်စေဖို့ရာ အစပျိုးလာတဲ့ဝေဒနာဖြစ်ပြီး နောက်ပိုင်းဖြစ်လာတဲ့ဝေဒနာတွေက ဘဝသက်တမ်းကိုလည်း တိုတောင်းသွားစေနိုင်ပါတယ်။ ဒီဝေဒနာရှိသူတွေအနေနဲ့ ရေကိုလုံလောက်အောင်သောက်ပေးကြဖို့လည်းလိုပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့အခါ အီလက်ထရိုလိုက် ပမာဏကျဆင်းတာကြောင့် နှလုံးစည်းချက်မူမမှန်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ယေဘူယျအားဖြင့် အီလက်ထရိုလိုက်နဲ့ ဆိုဒီယမ် ပိုတက်စီယမ်တို့ဟာ နှလုံးကျန်းမာရေးအတွက်ကိုအရေးပါတဲ့အရာတွေပဲဖြစ်ပါတယ်။ ဒီဝေဒနာကိုတော့ ECGရိုက်ကူးခြင်းဖြင့် ရှိမရှိကိုသိနိုင်ပြီး Echocardiogram လည်းရိုက်လို့ရပါတယ်။

နှလုံးစည်းချက်က ပျောက်သွားတတ်မယ်ဆိုရင်တော့ နှလုံးစည်းချက်မှတ်သားကိရိယာကိုတပ်ပေးဖို့လိုပါတယ်။ စိုးရိမ်မှုစိတ်ဖိဆီးမု၊ စိတ်ကျရောဂါများကလည်း နှလုံးမူမှန်ခြင်းကိုဖြစ်စေပါတယ်။ အားလပ်ရက်တွေမှာ စိတ်တွေကိုလွှတ်ထားပြီး အရက်နဲ့ဆေးလိပ်တွေသောက်သုံးမှုများခြင်းကလည် ဒီဝေဒနာကိုဖြစ်ပေါ်စေသလို ခရီးမနားမနေသွားခြင်းနဲ့ အားသွန်ခွန်စိုက်လေ့ကျင့်ခန်းလုပ်ခြင်းတွေကလည်း ဖြစ်ပေါ်စေပါတယ်။

ပုံမှန်မဟုတ်တဲ့နှလုံးစည်းချက်မူမမှန်ခြင်းတွေ မဖြစ်ရလေအောင် လုပ်ဆောင်ပေးသင့်တဲ့နည်းလမ်းတွေလည်း ရှိပါတယ်။ အဲ့ဒါတွေကတော့ လေကို ဖြည်းဖြည်းနဲ့ ဝအောင်ရှူပေးတဲ့အသက်ရှူလေ့ကျင့်ခန်း၊ ပုံမှန် အေရိုးဗစ်လေ့ကျင့်ခန်း၊ ယောဂလေ့ကျင့်ခန်း၊ ကိုယ်အလေးချိန်နဲ့စိတ်ဖိဆီးမှုလျော့ချခြင်း၊  နှလုံးကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုစားသုံးပေးခြင်း၊ အနီရောင်အသားများရှောင်ခြင်း၊ ပြုပြင်ထားတဲ့အစားအစာများ သကြားနဲ့ဆားလွန်ကဲတဲ့အစားအစာများကိုရှောင်ခြင်း၊  အရက်ဆေးလိပ်ကော်ဖီလက်ဖက်ရည်များ ဖြတ်ခြင်း၊ ရေနဲ့အအေးတွေကိုသောက်တဲ့အခါ နှလုံးခုန်နှုန်းကို ကူညီပေးနိုင်ဖို့ ဖြည်းဖြည်းချင်း သောက်သုံးပေးခြင်းတွေပဲဖြစ်ပါတယ်။ ပုံမှန်လမ်းလျှောက်ပေးခြင်းကလည်း ဒီဝေဒနာရှင်တွေအတွက် လွယ်ကူပြီးထိရောက်တဲ့လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ မလှုပ်ရှားနိုင်ဖြစ်နေသူတွေအတွက် လှုပ်ရှားမှုပိုပြီးတိုးတက်စေသလို ကျန်းမာရေးအကျိုးကျေးဇူးများစွာကိုပေးပါတယ်။

ဒေါက်တာနိုင်း(ဆေး-၁)

Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…
သွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများ

နလုံးခုန် မြန်ခြင်းဟာအန္တရာယ်ရှိလား ❓

1 Mins read
👉နှလုံးခုန်မြန်တယ်ဆိုတာဘာလဲ❓ နှလုံးခုန် မြန်တယ်ဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကတော့ ဆေးပညာသဘောအရ ပုံမှန်အချိန်မှာကို တစ်မိနစ်အတွင်း နှလုံးရဲ့ခုန်တဲ့အကြိမ်အရေအတွက် ၁၀၀ ကျော်တာကိုဆိုလိုပါတယ်။ပြေးလွှား တောင်တက် အားကစားလုပ်တဲ့အချိန် ဘောလုံးကန်တဲ့ အချိန်မျိုးမှာလဲ ၁၀၀ ကျော်တတ်ပေမယ့် ဒါဟာပုံမှန်ပါပဲ။ 👉ဘယ်လိုသိနိုင်မလဲ ❓အခု ကိုဗစ်ကာလတုန်းကတိုင်းတဲ့ spO2…