All Articlesအခြားရောဂါများ

လေဖျန်းတာနဲ့လေဖြတ်တာဘာကွာလဲ.. ❗

1 Mins read
လေဖျန်းတာနဲ့လေဖြတ်တာဘာကွာလဲ.. ❗

♂️ အခုတစ်ခေါက်ပြောပြပေးချင်တာကတော့
လေဖျန်းတာနဲ့ လေဖြတ်တာရဲ့ကွာခြားပုံလေးတွေပါပဲ။ တော်တော်များများ လေဖျန်းတယ်လို့ပြောရင် လေဖြတ်တယ်လို့ပဲ သိကြတဲ့သူတွေရှိနေပါသေးတယ်။ ဒီနှစ်ခုဟာ ဆင်သယောင်ရှိပေမယ့် ကွာခြားချက်တွေအများကြီးရှိနေပါတယ်။
⚕️ လေဖျန်းတာကိုတော့ ဆေးပညာမှာ Transient ischaemic attack လို့ခေါ်လေ့ရှိပြီး
လေဖြတ်တာကိုတော့ Stroke ရတယ်လို့ခေါ်ကြပါတယ်။ နှစ်မျိုးလုံးကတော့ ဦးနှောက်သွေးကြောပိတ်လို့၊ ဦးနှောက်တစ်ရှူးထဲသွေးယိုလို့ဖြစ်ကြတာပါ။ ဦးနှောက်သွေးကြောပိတ်လို့ဖြစ်ကြတာတော့ပိုများပါတယ်။
လေဖျန်းတာဖြစ်ဖြစ်၊ လေဖြတ်တာဖြစ်ဖြစ် ဒီလိုလက္ခဏာတွေပြတတ်ပါတယ်…. ♂️
လက်၊ခြေထောက်၊မျက်နှာ(အများအားဖြင့် ခန္တာကိုယ်တစ်ခြမ်းမှာ)အားနည်းလာတာ၊ ထုံလာတာကျင်လာတာ၊ စကားပလုံးပထွေးတွေ ဖြစ်လာတာ ၊ စကားပြောရတာခက်ခဲလာတာ၊ မူးလာတာ၊ အမြင်၂ ထပ်ဖြစ်လာတာဟန်ချက်မညီဖြစ်လာတာ၊ စိတ်အာရုံထွေပြားလာတာ၊ အနံ့အရသာ ပုံမှန်မဟုတ်ဖြစ်လာတာ
သတိမကောင်းတော့တာ၊ သတိမေ့သွားတာ စတာတွေဖြစ်တတ်ပါတယ်။လေဖျန်းတာဆိုရင်တော့ လက္ခဏာတွေက ခဏပဲဖြစ်တတ်ပြီး လေဖြတ်တာဆိုရင်တော့
လက္ခဏာတွေက ကြာရှည်ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုရင် သွေးကြောပိတ်တဲ့အခါ လေဖျန်းတာမှာက သွေးစီးဆင်းမှုပြန်ရတတ်လို့ဦးနှောက်ဆဲလ်တွေကို ထိခိုက်မှုသိပ်မရှိတတ်ပါဘူး။လေဖြတ်တာဆိုရင်တော့ သွေးစီးဆင်းမှုပြန်မရတတ်လို့ ဦးနှောက်ဆဲလ်တွေဟာ ထိခိုက်ပျက်စီးသွားတတ်ပါတယ်။
အဲ့တာကြောင့် လေဖျန်းပြီးတဲ့အခါ ခန္တာကိုယ်ထိခိုက်သွားတဲ့နေရာမှာ ပုံမှန်လုပ်ဆောင်မှုမျိုးတွေ ပြန်ရနိုင်ပေမယ့် လေဖြတ်တာကတော့အဲ့လို ပုံမှန်လုပ်ဆောင်မှုမျိုးတွေပြန်ရဖို့ခက်ခဲသွားပါတယ်။ လေဖျန်းတာက အများအားဖြင့်မိနစ်ပိုင်း၊ တစ်နာရီအတွင်း ပြန်ကောင်းသွားတတ်ပြီး တချို့တလေကတော့ 24 နာရီလောက်ထိကြာတတ်ပါတယ်။သတိထားရမှာက လေဖြန်းပြီး ၄၈ နာရီအတွင်းမှာ လေဖြတ်တာမျိုး ဖြစ်နိုင်သေးတယ်ဆိုတာပါပဲ။
ဒါ့ကြောင့် လေဖျန်းတာကနေ လေဖြတ်တာမျိုးမဖြစ်အောင် သွေးခဲဖျော်ဆေးတွေပေးတာ၊
ဒီလေဖျန်းတာ လေဖြတ်တာတွေကိုဖြစ်ဖို့များစေတဲ့ ဆေးလိပ်သောက်တာ၊ သွေးတိုးရောဂါ၊ဆီးချိုရောဂါ၊ သွေးတွင်းအဆီဓာတ်များတာ စတာတွေကို ထိန်းသိမ်း တာမျိုးပြုလုပ်ပေးရပါတယ်။ ဦးနှောက်တစ်ရှုးထဲသွေးယိုတာကိုဖြစ်စေတဲ့ Aneurysm လို့ခေါ်တဲ့သွေးကြောဖောင်းတာမျိုးဆိုရင်တော့ ခွဲစိတ်ရတာမျိုးရှိနိုင် ပါတယ်။
လေဖြတ်တာကတော့ လုံးဝအရေးပေါ်အခြေအနေပါ။ ဦးနှောက်သွေးစီးဆင်းမှုပြန်ရအောင် အမြန်ပြုလုပ်ရပါတယ်။ သွေးခဲကြောင့်ဖြစ်တာဆိုရင် သွေးခဲဖျော်တဲ့ဆေးတွေပေးတာ၊ သွေးခဲကိုထုတ်တာစတဲ့နည်းလမ်းတွေသုံးရပြီးတော့ ဦးနှောက်တစ်ရှူး ထဲသွေးယိုလို့ဖြစ်တာဆိုရင်တော့ အသက်ကယ်နိုင်ဖို့ အမြန်ဆုံးခွဲစိတ်ဖို့ပြင်ဆင်ရပါတယ်။
ဒေါက်တာလွမ်းရိပ်
Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…