စားသောက်မှုပုံစံနေထိုင်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

လူကို ဝစေတဲ့ အဓိကတရားခံများ (ကိုယ်အလေးချိန် တိုးခြင်း-Weight Gain)

1 Mins read

ကိုယ်အလေးချိန် တိုးခြင်းနှင့် ခန္ဓာကိုယ်အဆီတိုးလာခြင်းတို့ကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့ ကွဲပြားမှုများနှင့် မျိုးရိုးဗီဇတို့ကလည်း  ခန္ဓာကိုယ်မှ အဆီများကို သိုလှောင်အသုံးပြုရာမှာ အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပါတယ်။

အစားအသောက်

ကယ်လိုရီများသော အစားအစာများ၊ ကျန်းမာရေးနှင့် မညီညွတ်သော အဆီများ၊ ထပ်ပေါင်းထည့်ထားသော သကြားများနှင့် ပြုပြင်ထားသော အစားအစာများကို စားသုံးခြင်းဟာ ကိုယ်အလေးချိန်ကို တိုးစေပါတယ်။ အဆိုပါအစားအစာတွေဟာ ကယ်လိုရီများစွာကို ပေးစွမ်းပေမယ့်လည်း မရှိမဖြစ်လိုအပ်သော ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် အမျှင်ဓာတ်များပါဝင်မှုကတော့ နည်းပါတယ်။

လူနေမှုပုံစံ

ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနှင့် အထိုင်များသောလူနေမှုပုံစံဟာ ကိုယ်အလေးချိန် ကို တက်စေနိုင်ပါတယ်။ လေ့ကျင့်ခန်း သို့မဟုတ် ပုံမှန်လှုပ်ရှားမှုဖြင့် ကယ်လိုရီ လုံလောက်စွာ မလောင်ကျွမ်းပါက ပိုလျှံနေသော စွမ်းအင် ကို အဆီအဖြစ် သိမ်းဆည်းတဲ့အတွက် ကိုယ်အလေးချိန်တိုးလာရခြင်းဖြစ်ပါတယ်။

အလွန်အကျွံစားခြင်း

ခန္ဓာကိုယ်က လိုအပ်တဲ့ကယ်လိုရီပမာဏထက် ပိုပြီးစားသုံးခြင်းက ကိုယ်အလေးချိန် ကို တက်စေနိုင်ပါတယ်။ စိတ်ခံစားမှုပေါ်  တုံ့ပြန်တဲ့အနေနဲ့ စားသုံးခြင်း၊ ပမာဏအများကြီးစားခြင်း၊ မကြာခဏ အဆာပြေစားခြင်း (သို့) ကယ်လိုရီ စားသုံးမှုအကြောင်းကို သတိမထားမိခြင်းစတဲ့ အကြောင်းရင်းများကြောင့် ဖြစ်နိုင်ပါတယ်။

သကြားပါသော အဖျော်ယမကာများ

 ဆိုဒါ၊ သစ်သီးဖျော်ရည်များ၊ အားဖြည့်အချိုရည်များနှင့် အချိုဓာတ်ပါသော ကော်ဖီဖျော်ရည်များကဲ့သို့ သကြား ဓာတ်ပါတဲ့ဖျော်ရည်များကို ပုံမှန်သောက်သုံးခြင်းဟာ ကိုယ်အလေးချိန် တက်စေပါတယ်။ အဆိုပါ ဖျော်ရည်တွေ မှာ သကြားဓာတ်များစွာပါဝင်ပြီး အာဟာရတန်ဖိုးအနည်းငယ်မျှသာ ပါဝင်လေ့ရှိပါတယ်။

အိပ်ရေးပျက်ခြင်း

နာတာရှည်အိပ်ရေးပျက်ခြင်းဟာ ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းထိန်းညှိမှုကို အနှောင့်အယှက်ဖြစ်စေပြီး ကယ်လိုရီ များသောအစားအစာများကို တောင့်တခြင်းနှင့် ဆာလောင်မှုကို တိုးလာစေပါတယ်။ ဒါက အချိန်ကြာလာတာနဲ့ အမျှ ကိုယ်အလေးချိ န်တက်လာစေနိုင်ပါတယ်။

စိတ်ဖိစီးမှု

နာတာရှည်စိတ်ဖိစီးမှုဟာ  စားသောက်မှုအမူအကျင့်များကို ထိခိုက်စေနိုင်ပြီး ကယ်လိုရီများသော အစားအစာ များကို စားသုံးမှုတိုးလာစေတဲ့အတွက် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုဟာ အဆီသိုလှောင်မှု ကို မြှင့်တင်ပေးနိုင်တဲ့ ကော်တီဆောကဲ့သို့သော ဟော်မုန်းပမာဏကိုလည်း အနှောင့်အယှက်ပေးနိုင်ပါတယ်။

ရောဂါများနှင့် ဆေးဝါးများ

သိုင်းရွိုက်ဟော်မုန်းနည်းခြင်း (hypothyroidism) ၊ မမျိုးဥအိမ်မှာ အရည်အိတ်တည်ခြင်း ရောဂါစု (polycystic ovary syndrome (PCOS)) နှင့် အချို့သောဆေးဝါးများ (ဥပမာ၊ စိတ်ကျဆေးများ၊ စတီးရွိုက်များ) ဟာ ကိုယ်အလေးချိန်တိုးခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျရန် ခက်ခဲခြင်းကဲ့သို့သောပြဿနာများကို ဖြစ်စေနိုင်ပါ တယ်။

အထက်ပါ အချက်တွေ ပေါင်းစပ် လွှမ်းမိုးမှုကြောင့်  ကိုယ်အလေးချိန်တိုးခြင်းနှင့် ခန္ဓာကိုယ်အဆီစုပုံလာခြင်းတို့ ဖြစ်လာပါတယ်။ အစားအသောက်ကိုမျှတစွာ စားသောက်ခြင်း၊ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ စိတ်ဖိစီးမှုကို ထိန်းညှိခြင်း၊ လုံလောက်သော အိပ်စက်ခြင်း နှင့် ရောဂါအခံရှိပါက ကုသမှုသေချာစွာခံယူခြင်း တို့ဟာ ကျန်းမာသော ကိုယ်အလေးချိန်ကို ရရှိရန်နှင့် ထိန်းသိမ်းရန် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#DrShoon(ဆေး-၁)

#TeleMedicine

#myDoctor

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…

Leave a Reply

Your email address will not be published. Required fields are marked *