Sexually Transmitted Diseases (STDs) ကို လိင်ဆက်ဆံခြင်းကနေတဆင့် ကူးစက်သောရောဂါများလို့ အနက်ဖွင့်ပါတယ်။
📌လိင်ဆက်ဆံရာကနေ ဘယ်လိုရောဂါတွေကူးနိုင်ပါသလဲဆိုတော့
- လိင်အင်္ဂါရေယုန် (Genital Herpes)
- ခုခံအားကျဆင်းမှုကူးစက်ရောဂါ (HIV, AIDS)
- လိင်အင်္ဂါကြွက်နို့ (Genital warts)
- အသည်းရောင် အသားဝါ ဘီရောဂါ (Hepatitis B)
- လိင်အင်္ဂါနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Chlamydia Infection, Trichomoniasis)
- ကာလသားရောဂါများ (ဆစ်ဖလစ်၊ ဂနို) (Syphilis, Gonorrhea, Vaginitis) စတဲ့ ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။
📌ရောဂါပိုးကူးစက်ခံနေရပြီဆိုရင် များသောအားဖြင့်
- ဆီးပူ၊ ဆီးကျဉ်၊ ဆီးသွားရခက်ခြင်း
- လိင်အင်္ဂါတွင် ယောင်ခြင်း၊ နီခြင်း၊ အနာ၊အဖု များပေါက်ခြင်း၊ ယားခြင်း
- အဖြူဆင်းခြင်း၊ သွေးဆင်းခြင်း၊ အနံ့နံခြင်း
- လိင်တံထိပ်မှ အဖြူ၊သွေး ထွက်ခြင်း နဲ့ လိင်ဆက်ဆံရာတွင် နာကျင်ခြင်း စသဖြင့် လက္ခဏာတွေခံစားရတတ်ပါတယ်။
📌STDs ကူးစက်ခံရတဲ့ လူတွေဟာ ရှက်စိတ်ကြောင့် မိမိဝေဒနာကို ထုတ်မပြောကြပဲ ဆေးမြီးတိုနဲ့ ကြိတ်ကုသနေတတ်ကျတယ်။
ကုလို့မပျောက်ပဲ လိင်အင်္ဂါအနာကနေတဆင့် တခြားပိုးတွေပါထပ်ဝင်ပြီး ရောဂါကိုပိုဆိုးစေနိုင်ပါတယ်။
HIV ကလွဲလို့ ကျန်တဲ့ ကာလသားရောဂါတွေဟာ ကုသလို့ပျောက်ကင်းနိုင်တဲ့အတွက် ဒီလို လက္ခဏာတွေ ခံစားနေရပြီ ဆိုရင် အချိန်မှီကုသမှု ခံယူဖို့လိုပါတယ်။
📌ကုသမှုခံယူရာမှာ 👉 Expedited Partner Therapy (EPT) 👈 လို့ ခေါ်တဲ့ စကားလုံးလေးတခု မိတ်ဆက်ပေးချင်တယ်။
EPT ဆိုတာ သင့်မှာ ကာလသားရောဂါပိုးရှိနေပြီဆိုရင် သင့် ပါတနာကို ဆေးစစ်ခြင်းမပြုလုပ်တော့ပဲ နှစ်ယောက်လုံးကို ကုသခြင်းပါ။ သင့်မှာရှိနေပြီဆိုရင် သင့် ပါတနာလည်းကူးစက်ခံနေရဖို့က သေချာသလောက်ရှိတာမို့ ကုရင် နှစ်ယောက်လုံးကိုကုရပါတယ်။
myDoctor အနေနဲ့ အကြံပေးချင်တာကတော့ “Always Practice Safe Sex” ပါ။ အားလုံးပဲ ကျန်းမာရွင်လန်းကြပါစေ။
“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”
#myDoctor #Dr_KyawYe_ဆေး(၁)