စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

လတ်ဆတ်တဲ့ အသား နဲ့အသားခြောက် တို့မှာကွာခြားချက်ရှိနေလား

1 Mins read

အသား လတ်လတ်ဆတ်ဆတ်နဲ့ အသားခြောက်တို့ကြား သိသာထင်ရှားတဲ့ ကွာခြားချက်ရှိပါတယ်။ အစိုဓာတ် ပါဝင်မှု၊ လျှာပေါ်မှာထိတွေ့ခံစားရတဲ့ အနေအထား၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် ချက်ပြုတ်တဲ့ နည်းလမ်းများမှာ ကွာခြားမှုတွေ ရှိပါတယ်။

အစိုဓာတ်ပါဝင်မှု- လက်ဆတ်တဲ့အသားနဲ့ အသားခြောက်တို့ကြား အဓိကကွာခြားချက်မှာ အစိုဓာတ် ပါဝင်မှုပဲ ဖြစ်ပါတယ်။ လတ်ဆတ်သောအသားတွေမှာ ရေဓာတ်ပါဝင်မှု ရာခိုင်နှုန်းများပြီး အသားအမျိုးအစားပေါ်မူတည်၍ ၆၀% မှ ၇၅% အထိ ပါဝင်ပါတယ်။ အခြောက်လှန်းထားတဲ့ အသားတွေကတော့ ၎င်းရဲ့ အစိုဓာတ်အများစုကို ဖယ်ရှားထားတာကြောင့် ရေပါဝင်မှု နည်းပါးပြီး များသောအားဖြင့် ၂၀ % ထက်နည်းပါတယ်။

ထိန်းသိမ်းခြင်း- လတ်ဆတ်သောအသားတွေဟာ ပုပ်သိုးပျက်စီးလွယ်ပြီး ပုပ်ပွခြင်းနှင့် ဘက်တီးရီးယားများ ပေါက်ဖွားခြင်းတို့မှ ကာကွယ်ရန် အပူချိန်နိမ့်တဲ့နေရာမှာ သိမ်းဆည်းရန် လိုအပ်ပါတယ်။ လတ်ဆတ်တဲ့ အသား တွေရဲ့ သက်တမ်းဟာ အကန့်အသတ်ရှိပြီး ရေခဲသေတ္တာ သို့မဟုတ် အအေးနဲ့ထားရန် လိုအပ်ပါတယ်။ အခြောက် လှန်း ထားတဲ့ အသားခြောက်တွေကတော့ ရေဓာတ်ကို ဖယ်ရှားပေးတဲ့ အခြောက်ခံသည့် လုပ်ငန်းစဉ်ကို လုပ်ဆောင်ထားတဲ့အတွက် ပုပ်သိုးပျက်စီးနိုင်ခြေ နည်းပါတယ်။ ရလဒ်အနေဖြင့် အသားခြောက်များဟာ သက်တမ်းပိုရှည်ပြီး ရေခဲသေတ္တာမပါဘဲ အခန်းအပူချိန်မှာ သိမ်းဆည်းထားနိုင်ပါတယ်။

အသားရဲ့ texture – လတ်ဆတ်တဲ့ အသားများမှာ အစိုဓာတ်ပါဝင်မှု မြင့်မားတာကြောင့် နူးညံ့ပြီး အရည်ရွှမ်း ပါတယ်။ အသားခြောက်ကတော့ ရေဓာတ်မရှိတော့တဲ့အတွက် ကြမ်းတမ်းပြီး ကြာကြာဝါးရပါတယ်။

ချက်ပြုတ်ခြင်းနည်းလမ်းများ- လတ်ဆတ်တဲ့အသားများကို ယေဘုယျအားဖြင့် ချက်ခြင်း၊ ကင်ခြင်း၊ ကြော်ခြင်း သို့မဟုတ် ပြုတ်ခြင်းကဲ့သို့သော ချက်ပြုတ်နည်းအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်နိုင်ပါတယ်။ အသားခြောက် ကိုတော့ အဆင်သင့်စားရန် သရေစာအဖြစ် သို့မဟုတ် တောင်တက်ခြင်း သို့မဟုတ် စခန်းချခြင်းကဲ့သို့သော ပြင်ပ လှုပ်ရှားမှုများအတွက် ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူသော အစားအစာအဖြစ် အသုံးပြုလေ့ရှိပါတယ်။

အာဟာရကွဲပြားမှု- အသားကို အခြောက်ခံခြင်းဟာ သူ့ရဲ့ အာဟာရပါဝင်မှုကို ထိခိုက်စေနိုင်ပါတယ်။ ပရိုတင်း၊ အဆီနှင့် ကာဗိုဟိုက်ဒရိတ် ကဲ့သို့သော အာဟာရဓာတ်တွေက  ပြောင်းလဲလေ့မရှိသော်လည်း၊ အချို့သော ဗီတာမင်နှင့် သတ္တုဓာတ်များကဲ့သို့သော အာဟာရဓာတ်များကတော့ အခြောက်ခံလိုက်တဲ့အခါ အနည်းငယ် လျော့သွားနိုင်ပါတယ်။ သို့သော်လည်း အသားခြောက်ဟာ ပရိုတင်းဓာတ်ရရှိစေတဲ့ အစာအရင်းအမြစ်ကောင်း တစ်ခု ဖြစ်နိုင်ပြီး အလွယ်တကူစားလို့ရတဲ့၊ အာဟာရရှိတဲ့ အစားအစာတစ်ခုလည်း ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရသော် လတ်ဆတ်တဲ့အသားများဟာ အာဟာရပြည့်ဝပြီး အစိုဓာတ်မြင့်မားကာ ထိန်းသိမ်းရန် အတွက် ရေခဲသေတ္တာလိုအပ်သော်လည်း အခြောက်လှန်းထားတဲ့ အသားများကတော့ အစိုဓာတ်ကို ဖယ်ရှား ထားတာကြောင့် ကြာကြာအထားခံကာ ရေရှည်သိုလှောင်ထားနိုင်ပြီး အဆာပြေ အလွယ်တကူစားဖို့အတွက် သင့်လျော်တဲ့ ရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#DrShoon(ဆေး-၁)

#myDoctor

#teleMedicine

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…

Leave a Reply

Your email address will not be published. Required fields are marked *