Uncategorized

ရဲဆေး( အရက် ) တင်ထားမှ ကြာတယ်ဆိုတာဟုတ်လား?

1 Mins read

အရက် ဟာ လိင်မှုဆိုင်ရာကိစ္စရပ်များအပေါ် ရှုပ်ထွေးတဲ့ သက်ရောက်မှုရှိနိုင်ပြီး အကျိုးသက်ရောက်မှုဟာ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါတယ်။ တချို့သူတွေမှာ အရက်ကို ပမာဏအသင့်အတင့်သောက်သုံးခြင်းဟာ စိတ်ကိုပြေလျော့စေပြီး ယုံကြည်မှုတိုးလာစေကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။

အရက် သောက်ပြီး လိင်ဆက်ဆံခြင်းဟာ သုက်လွှတ်ခြင်းကို နှောင့်နှေးစေတဲ့အတွက်  လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများကို တာရှည်စေနိုင်တယ်လို့ ထင်တတ်ကြပါတယ်။

သုက်လွှတ်ခြင်းနှောင့်နှေးခြင်းကြောင့် ပြီးမြောက်ဖို့ကြာတဲ့အတွက် အရက်သောက်ပြီး ရဲဆေးတင်ထားရင် လိင်ဆက်ဆံမှု ကြာကြာပြုလုပ်နိုင်တယ်လို့ အထင်မှားတတ်ကြပါတယ်။ တကယ်တမ်းက အရက်ဟာ သင့်ကို အိပ်ရာထဲမှာ ကြာကြာ မစွမ်းဆောင် စေနိုင်ပါဘူး။ ဘယ်လောက်သောက်ထားလဲ ဆိုတာပေါ်မူတည်ပြီး လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုကိုတောင် ထိခိုက်စေနိုင်ပါတယ်။ ပန်းသေပန်းညှိုးခြင်း၊ အချိန်မတန်မီ သုက်လွှတ်ခြင်းနှင့် လိင်စိတ်ဆန္ဒ နည်းပါးခြင်းတို့ဟာ နာတာရှည် အရက်သောက်တဲ့ အမျိုးသားများတွေမှာ ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။

သို့သော် အရက်ဟာ ဗဟိုအာရုံကြောစနစ်ကို ထိုင်းမှိုင်းစေနိုင်ကြောင်း သတိပြုရန် အရေးကြီးပါတယ်။ အရက် အလွန်အကျွံသောက်သုံးခြင်းဟာ ဆင်ခြင်သုံးသပ်နိုင်စွမ်းမရှိတော့ခြင်း၊ အာရုံခံစားနိုင်စွမ်းကျဆင်းခြင်း၊ လှုပ်ရှား မှုများကို ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်စွမ်းလျော့နည်းသွားခြင်းနှင့် လိင်တံထောင်မတ်နိုင်ရန် သို့မဟုတ် လိင်တံထောင်မတ်ခြင်းကို ထိန်းသိမ်းထားနိုင်ရန် အခက်အခဲများ ဖြစ်စေနိုင်ခြင်း အပါအဝင် ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထို့အပြင် အရက်အလွန်အကျွံသောက်ခြင်းဟာ ရေရှည်မှာ လိင်စိတ်ဆန္ဒ ကျဆင်းခြင်းနှင့် စွမ်းဆောင်ရည်ဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ဒါတင်သာမက အရက်သောက်ခြင်းဟာ ဝှေးစေ့ လုပ်ငန်းဆောင်တာ နှင့် အမျိုးသားလိင်ဟော်မုန်းထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ပန်းသေပန်းညှိုး ခြင်း နှင့် မျိုးမပွားနိုင်ခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် အရက်ဟာ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် ဆက်ဆံရေးတို့ကိုကို အပျက်သဘောဆောင်သည့် သက်ရောက်မှုရှိစေတဲ့အတွက် ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ တစ်ဦးနှင့် တစ်ဦးကြား သဘောတူညီမှုနှင့်  နားလည်အောင် ရှင်းလင်းစွာ ပြောဆိုဆက်သွယ်မှုတို့ဟာ မည်သည့်လိင်ဆက်ဆံမှုတွင်မဆို မရှိမဖြစ် လိုအပ်ပြီး အရက်ဟာ အသိဥာဏ်ဆိုင်ရာ ဆုံးဖြတ်ချက်များချရန်နှင့် ထိထိရောက်ရောက် ပြောဆိုဆက်ဆံနိုင်မှုတို့အပေါ် အဟန့်အတားဖြစ်စေပါတယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#DrShoon(ဆေး-၁)

#myDoctor

#Telemedicine

Related posts
Uncategorized

လေလည်ခြင်း ဆိုတာ

1 Mins read
လေလည်ခြင်း ဆိုတာ အစာခြေမှု လုပ်ငန်းစဉ်အတွင်း ခန္ဓာကိုယ်မှ ပိုလျှံနေသော လေ (သို့) ဓာတ်ငွေ့များကို စွန့်ထုတ်ရန် လိုအပ်တဲ့အခါ ဖြစ်ပေါ်တဲ့ သဘာဝအလျောက် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ လေလည်ခြင်း ဆိုတာ သင့်ရဲ့ အစာခြေစနစ် ကောင်းမွန်စွာ အလုပ်လုပ်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။…
Uncategorized

ဦးထုပ်မဆောင်းမိခဲ့လျှင်... ( ကွန်ဒုံး )

1 Mins read
ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံမိတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အဓိကအန္တရာယ် နှစ်ခုရှိပါတယ်။ (၁) လိင်မှတစ်ဆင့်ကူးစက်သောရောဂါများကွန်ဒုံးဟာ ပါးစပ်၊ စအို သို့မဟုတ် မိန်းမအင်္ဂါဖြင့် လိင်ဆက်ဆံစဉ်အတွင်း လိင်ကတစ်ဆင့်ကူးစက်သော ကူးစက် ရောဂါများကို တားဆီးရာမှာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး  ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်းဟာ လိင်က တစ်ဆင့်…
Uncategorized

ကန်စွန်းဥ ကပေးတဲ့ကျန်းမာရေးအကျိုးကျေးဇူး

1 Mins read
ကန်စွန်းဥ ဟာ အရသာရှိရုံသာမက ကျန်းမာရေး အကျိုးကျေးဇူးများစွာပါ ရှိပါတယ်။ ကန်စွန်းဥ ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 1.       အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ခြင်း 2.       ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) များကြွယ်ဝခြင်း 3.       အစာခြေစနစ်ကို ကောင်းမွန်စေခြင်း…

Leave a Reply

Your email address will not be published. Required fields are marked *