မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read

ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။

ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့် ကွန်ဒုံး (သို့) အခြားကြားခံတစ်ခုခုသုံးခြင်းကတော့ ပိုပြီးဘေးကင်းလုံခြုံစေပါလိမ့်မယ်။

အချို့လူတွေကတော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ရာသီလာစဉ်မှာခံစားရတဲ့ ကိုယ်လက်ကိုက်ခဲမအီမသာဖြစ်ခြင်းနဲ့ အခြားသော ဆက်စပ်ဝေဒနာတွေကိုပါ သက်သာစေတယ်လို့ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့လိင်ဆက်ဆံစဉ်မှာ အမျိုးသမီးဟာ သဘာဝအတိုင်းနာကျင်ကိုက်ခဲမှုသက်သာစေတဲ့ အန်ဒိုဖင်ဟော်မုန်းထွက်ရှိလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သို့သော်လည်း အချို့သောအမျိုးသမီးများကတော့ မသက်သာတဲ့အပြင်အထက်ပါ လက္ခဏာတွေကို ပိုဆိုးစေတယ်လို့လည်းဆိုကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ခန္ဓာကိုယ်ကတုံ့ပြန်တဲ့အပေါ်မူတည်ပြီး ကိုယ့်ရဲ့လိင်ဆက်ဆံဖော်နဲ့အဆင်ပြေအောင်ညှိနှိုင်းဖို့တော့လိုပါလိမ့်မယ်။ အချုပ်အားဖြင့်ပြောရရင်တော့‌ ရာသီလာစဉ်လိင်ဆက်ဆံသင့်/မသင့်ဆိုတာကို ကိုယ်ရဲ့သက်တောင့်သက်သာဖြစ်မှုအခြေအနေနဲ့ တစ်ကိုယ်ရေအတွေ့အကြုံတွေပေါ်မူတည်ပြီးတော့သာဆုံးဖြတ်စေချင်ပါတယ်။

#myDoctor

#teleMedicine

Related posts
အမျိုးသား ကျန်းမာရေး

အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးမပွင့်ခြင်း ဆိုတာ

1 Mins read
လူပျိုဖော်ဝင်စအချိန်မှာ သဘာဝအလျောက် အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးဟာ ပွင့်လာတတ်ပါတယ်။ ဒါပေမယ့် အချို့မှာတော့ လိင်တံထိပ်ဖူးဟာ လူပျိုပေါက်အရွယ်ကျော်လွန်ပြီးတာတောင် ငုံနေဆဲအခြေအနေမျိုး(Phimosis)ကြုံနေရသူတွေလည်းရှိပါတယ်။ ဒီလိုလိင်တံထိပ်ဖူးငုံနေခြင်းဟာ အညစ်အကြေးနှင့်ဘက်တီးရီးယားများ စုပုံနေတတ်လို့ လိင်တံထိပ်ဖျားရောင်ရမ်းခြင်း များဖြစ်တတ်ပါတယ်။ အထူးသဖြင့်ဆီးသွားရာ၊ လိင်ဆက်ဆံရာမှာ ဖုံးအုပ်နေတဲ့ အရေပြားရဲ့ တင်းကျပ်မှုကြောင့် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *