seasonal flu
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ…

1 Mins read

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ…

ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ
ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင်
ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။

ဒီရာသီတုပ်ကွေးရောဂါဟာ….
အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ
အသက် ၁၉ နှစ်အောက်တည်းကစပြီး Aspirin ကိုကြာရှည်သောက်သုံးလာတဲ့အခါ
ကိုယ်ခံအားမကောင်းတဲ့အခါ
နှလုံးရောဂါ၊ ဆီးချိုရောဂါလိုမျိုး ရောဂါအခံတစ်ခုခုရှိနေတဲ့အခါ
ကိုယ်ဝန်ဆောင်နေတဲ့အခါ
အဝလွန်တဲ့အခါ
ဆေးရုံဆေးခန်းတွေမှာ အလုပ်လုပ်တဲ့အခါ
တခြားသူတစ်ယောက်ကို ပြုစုစောင့်ရှောက်ရတဲ့အခါ ပိုဖြစ်လေ့ရှိတတ်ပါတယ်။

ရောဂါခံစားနေရပြီဆိုရင်….
ချမ်းတုန်ဖျားမယ်၊ လည်ချောင်းနာမယ်
နှာစေး ချောင်းဆိုးဖြစ်မယ်
ခေါင်းကိုက်၊ကြွက်သားတွေ နာကျင်ကိုက်ခဲမယ်၊ မျက်လုံးနာမယ်
အားနည်းနုံးနေပြီး မောမယ်
အန်တာ၊ဝမ်းသွားတာတွေရှိမယ်(ဒါကတော့ ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်)

ဒီလိုရာသီတုပ်ကွေးကူးစက်မခံရအောင်
♐ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားပါ
♐ ချောင်းဆိုး နှာချေတဲ့သူ၊ ဖျားတဲ့သူတွေနဲ့ဝေးဝေးနေပါ
♐ တစ်ခုခုကို ကိုင်တွယ်ပြီးတာနဲ့ လက်ကိုဆပ်ပြာနဲ့သေချာဆေးကြောပါ
♐ Mask တပ်ထားပါ
♐ လူစုလူဝေးတွေရှောင်ပါ
♐ လက်နဲ့ မျက်နှာ၊ နှာခေါင်း၊ပါးစပ်တွေကို ခဏခဏထိတွေ့ခြင်းရှောင်ပါ။

တုပ်ကွေးခံစားနေရပြီဆိုရင်တော့…
ရေများများသောက်ပါ
အိပ်ရေးဝအောင်အိပ်ပြီး အနားယူပါ
တုပ်ကွေးအတွက် ဆရာဝန်ညွှန်ကြားတဲ့ဆေးကိုသောက်ပါ
ကိုက်ခဲတာတွေအတွက်ကတော့ အစာအိမ်၊
ကျောက်ကပ်စတာတွေနဲ့ပတ်သက်ပြီးရောဂါမရှိခဲ့ရင် အကိုက်အခဲပျောက်ဆေးတွေကို အစာအိမ်ဆေးနဲ့တွဲပြီး အစာစားပြီးတဲ့အခါသောက်လို့ရပါတယ်။

ဒေါက်တာစိမ်းလဲ့


Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
အခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

" အိမ်ခြေမဲ့ ကလေးများနှင့် ကော်ရှူခြင်း ပြဿနာ "

1 Mins read
” အိမ်ခြေမဲ့ ကလေးများနှင့် ကော်ရှူခြင်း ပြဿနာ “ ~~~~~~~~~~~~ 🧐မီးပွိုင့်တွေ လမ်းဆုံ တွေမှာ အုပ်စုဖွဲ့တောင်းရမ်းနေကျတဲ့ အရွယ်မျိုးစုံအဖွဲ့ တွေကို နေရာတိုင်းတွေ့ရလာတယ်။ တချို့ဆို ဂိုဏ်းဂဏနဲ့ပါရှိ ပြီး၊ ခေါင်းဆောင်တွေက နောက်ကွယ်ကနေ ကြိုးကိုင်နေတာမျိုးရှိတယ်။ အသုံးမဝင်တဲ့ ပစ္စည်းတွေရောင်းလိုရောင်း၊…
အခြားရောဂါများအထွေထွေရောဂါများ

What happens if you inhale "Inhaler" all the time?

1 Mins read
           မိုးရာသီ နှင့် ဆောင်းရာသီလို အပူအအေး မမျှတတဲ့ ရာသီအကူးအပြောင်း ကာလမှာ အဖြစ်များတတ်တဲ့ နှာစေး၊ နှာပိတ်၊ ခေါင်းကိုက်ပြီး အသက်ရှူ မဝတဲ့ အခြေအနေ တစ်ခုမှာ ဆရာ တို့ကိုလာပြတဲ့ လူနာ ဆယ်ယောက်မှာ ရှစ်ယောက်လောက်က ဖြစ်နေတာကို…