Uncategorized

ရင်သွေးတိုင်းကိုကာကွယ်ပါ ( သွေးလွန်တုပ်ကွေး ရောဂါ )

1 Mins read

ယခုလိုမိုးတွင်းကာလဆိုတာ သွေးလွန်တုပ်ကွေး ရာသီလို့ဆိုရလောက်အောင် အဖြစ်များတတ်တဲ့သဘောရှိပါတယ်။ သွေးလွန်တုပ်ကွေး ဟာ အေးဒီးစ်ခြင်ကြားကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်တတ်တဲ့ ဖျားနာခြင်းတစ်မျိုးပါ။ ဒါကြောင့် ကိုယ့်ရဲ့ ရင်သွေး ကလေးငယ်များကို သွေးလွန်တုပ်ကွေး အန္တရာယ်မှကာကွယ်နိုင်ဖို့ ခြင်ကိုက်မခံရဖို့အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။

ကာကွယ်နိုင်မယ့်နည်းလမ်းများကတော့…

(၁) ခြင်ပေါက်ဖွားနိုင်သော ရေဆိုးမြောင်းနှင့်ရေအိုင်များကိုရှင်းလင်းထိန်းသိမ်းပါ။

(၂) ကလေးငယ်များကို ခြင်မကိုက်လိမ်းဆေးများလိမ်းပေးခြင်း၊ ညအိပ်ချိန်ခြင်ထောင်ဖြင့်သိပ်ခြင်းအားဖြင့် ခြင်ကိုက်မခံရအောင်ကာကွယ်ပါ။

(၃) ခန္ဓာကိုယ်ကိုလုံခြုံအောင် ဖုံးအုပ်ပေးမယ့် အဝတ်အစားမျိုးဆင်ပေးပါ။

(၄) ခြင်လုံဇကာတပ်ဆင်ပါ။

(၅) အိမ်တွင်ခြင်အောင်းနိုင်သောနေရာမရှိစေရန် ရှင်းလင်းထားပါ။

(၆) နားလည်သည့်အရွယ်ကလေးငယ်များကို သွေးလွန်တုပ်ကွေး အကြောင်းအသိပေးပြောကြားထားပါ။

(၇) ကလေးငယ်များနေမကောင်းဖြစ်လျှင် သွေးလွန်တုပ်ကွေး လက္ခဏာများနဲ့တိုက်ဆိုင်စစ်ဆေးပါ။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#myDoctor #teleMedicine #သွေးလွန်တုပ်ကွေး

Related posts
Uncategorized

ရဲဆေး( အရက် ) တင်ထားမှ ကြာတယ်ဆိုတာဟုတ်လား?

1 Mins read
အရက် ဟာ လိင်မှုဆိုင်ရာကိစ္စရပ်များအပေါ် ရှုပ်ထွေးတဲ့ သက်ရောက်မှုရှိနိုင်ပြီး အကျိုးသက်ရောက်မှုဟာ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါတယ်။ တချို့သူတွေမှာ အရက်ကို ပမာဏအသင့်အတင့်သောက်သုံးခြင်းဟာ စိတ်ကိုပြေလျော့စေပြီး ယုံကြည်မှုတိုးလာစေကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ အရက် သောက်ပြီး လိင်ဆက်ဆံခြင်းဟာ သုက်လွှတ်ခြင်းကို…
Uncategorized

လေလည်ခြင်း ဆိုတာ

1 Mins read
လေလည်ခြင်း ဆိုတာ အစာခြေမှု လုပ်ငန်းစဉ်အတွင်း ခန္ဓာကိုယ်မှ ပိုလျှံနေသော လေ (သို့) ဓာတ်ငွေ့များကို စွန့်ထုတ်ရန် လိုအပ်တဲ့အခါ ဖြစ်ပေါ်တဲ့ သဘာဝအလျောက် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ လေလည်ခြင်း ဆိုတာ သင့်ရဲ့ အစာခြေစနစ် ကောင်းမွန်စွာ အလုပ်လုပ်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။…
Uncategorized

ဦးထုပ်မဆောင်းမိခဲ့လျှင်... ( ကွန်ဒုံး )

1 Mins read
ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံမိတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အဓိကအန္တရာယ် နှစ်ခုရှိပါတယ်။ (၁) လိင်မှတစ်ဆင့်ကူးစက်သောရောဂါများကွန်ဒုံးဟာ ပါးစပ်၊ စအို သို့မဟုတ် မိန်းမအင်္ဂါဖြင့် လိင်ဆက်ဆံစဉ်အတွင်း လိင်ကတစ်ဆင့်ကူးစက်သော ကူးစက် ရောဂါများကို တားဆီးရာမှာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး  ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်းဟာ လိင်က တစ်ဆင့်…

Leave a Reply

Your email address will not be published. Required fields are marked *