All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေအထွေထွေရောဂါများ

မျက်လုံးလေးတွေမို့ပြီး ချစ်ဖို့ကောင်းနေတာ ဘာလို့လဲ?

1 Mins read
မျက်လုံးလေးတွေမို့ပြီး ချစ်ဖို့ကောင်းနေတာ ဘာလို့လဲ?
မျက်လုံးလေးတွေမို့လာရင် လူကတမျိုးလေးချစ်ဖို့ကောင်းသွားပါတယ်။ တချို့ဆို မျက်လုံးမို့မို့လေးတွေဖြစ်ပြီး လှနေအောင် အိပ်ရေးဝဝ အိပ်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်မျက်လုံးက မို့နေပြီး နာနေတာ၊စပ်နေတာ မျိုးဆို မျက်ခွံရောင်နေတာလားဆိုတာကို သတိထားရပါမယ်။
မျက်ခွံရောင်ရမ်းခြင်းအကြောင်းသိကောင်းစရာ

မျက်ခွံရောင်ရမ်းခြင်းဆိုတာ အမျိုးသမီးတွေ eye liner ဆိုးဆိုးနေတဲ့ မျက်ခွံရောင်လာတာပါ။ မျက်ခွံရောင်ရင် ရင် မျက်ခွံနှစ်ဖက်စလုံး ရောင်တတ်ပါတယ်။

မျက်တောင်မွှေးပေါက်တဲ့နေရာမှာရှိနေတဲ့ အဆီအိတ်ကလေး(tiny oil glands)တွေ ပိတ်သွားခဲ့ရင် မျက်ခွံတွေရောင်လာပြီး ယားယံခြင်းနှင့် နီရဲခြင်း တို့ကိုဖြစ်ပေါ်စေပါတယ်။ ရောဂါတွေအမျိုးအမျိုးနှင့်အခြားအနေအနေများစွာများကြောင့် မျက်ခွံရောင်နိုင်ပါတယ်။

မျက်ခွံရောင်ခြင်းသည် ကုသရန်ခက်ခဲတတ်သော နာတာရှည်ရောဂါတစ်မျိးဖြစ်သည်။ မျက်ခွံရောင်ခြင်းသည် ဆိုးရွားနိုင်သော်လည်း သင်၏အမြင်အာရုံကို လုံးဝထိခိုက်သွားတာမျိုးတော့ မဖြစ်စေနိုင်ပါ။ နောက်ပြီးသူက တစ်ဦးကနေတစ်ဦး မကူးစက်နိုင်ပါဘူး။

ရောဂါလက္ခဏာများ

မျက်ခွံရောင်လာရင် သူရဲ့ရောဂါ လက္ခဏာတွေဟာ မနက်စောစော ပိုင်းတွေမှာ ပိုဆိုးလေ့ရှိတယ်။

မျက်ရည်ခဏခဏထွက်ခြင်း
မျက်လုံးနီရဲခြင်း
မျက်လုံးထဲမှ ပူလောင်နေသလို တရှပ်ရှပ်ခံစားနေရခြင်း
မျက်တောင် အဆီကပ်ခြင်း
မျက်တောင်ယားယံခြင်း
မျက်တောင် ဖွင့်မရဘဲကပ်နေခြင်း
မျက်တောင်မွှေး မာလာခြင်း
မျက်လုံးတစ်ဝိုက်အရေပြားများ ကြွေကျခြင်း
မျက်တောင်ခဏခဏခတ်ခြင်း
အလင်းကိုမကြည့်နိုင်ခြင်း
အမြင်ဝါးသလိုဖြစ်ခြင်း(မျက်တောင်ခတ်လိုက်ပါက ပြန်လည်ကြည်လင်သွားသည်။)

ဘာကြောင့်မျက်ခွံရောင်လာတာလဲ ?

အတိအကျတော့ မသိပါဘူး။ မျက်ခွံရောင်ခြင်းက အောက်ဖော်ပြပါတွေနှင့် ဆက်စပ်မှုရှိနေပါတယ်။

မျက်တောင်နှင့် မျက်တောင်မွှေးတွေမှာ ဗောက်ထခြင်း

ရေဂါပိုးဝင်ရောက်ခြင်း

မျက်တောင်အနားသတ်လေးတွေမှာရှိတဲ့ အဆီထုတ်ပေးတဲ့အိတ်ကလေးများ(eyelid’s meibomian glands) ပိတ်သွားခြင်း
( eye liner ဆိုးရင်ဖြစ်တတ်သည်။)

မျက်နှာတွင် အနီစက်ကလေးများထွက်တတ်သော အရေပြားရောဂါ

ဓာတ်မတည့်ခြင်း

မျက်လုံးခြောက်သွေ့ခြင်း

မျက်တောင်မွှေးသန်းပေါက်ခြင်း

မျက်ခွံရောင်ပြီး နောက်ထပ်ဘာဖြစ်တတ်လဲ?

မျက်ခွံရောင်ပြီးရင်

မျက်တောင်မွှေးမညီမညာထွက်တဲ့ပြဿနာ

မျက်ခွံအရေပြားပြဿနာ

မျက်လုံးထဲမှ အရည်များထွက်တဲ့ပြဿနာ(သို့) မျက်လုံးခြောက်ကပ်သွားခြင်း

မျက်စိစွံခြင်း(Sty)

မျက်ခွံ၌အဆီအိတ်ရောင်ခြင်း(Chalazion)

မျက်စိအတွင်းအဖြူသားရောင်ခြင်း( chronic pink eye)(conjunctivitis)

မျက်ရည်လွှာကိုထိခိုက်ခြင်း ဒါတွေဆက်ဖြစ်တတ်ပါတယ်။

ဘယ်အချိန်ဆရာဝန်နဲ့ပြရမလဲ?

မျက်ခွံရောင်နေတဲ့ ဧရိယာတဝိုက်ကို သန့်သန့်ရှင်းရှင်းထားတယ်။ ပုံမှန်လေး ဆေးပြီးသန့်ရှင်းပေးတယ်။ ဒါပေမယ့် မျက်ခွံရောင်တာက မသက်သာလာဘူ။၊ဖြစ်တာကလည်းနည်းနည်းကြာနေပြီဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

ကုသခြင်း

မျက်ခွံရောင်လာပြီဆို မျက်လုံးကို ဆေးကြောသန့်စင်ပေးခြင်း၊ ရေနွေးကပ်ပေးခြင်း စတဲ့ မိမိကိုယ်ကို စောင့်ရှောက်မှုပေးလိုက်တာနဲ့တင် အဲ့ဒီရောဂါက သက်သာသွားလေ့ရှိပါတယ်။ အဲ့လိုလုပ်ပေးလို့မှ မသက်သာဘူးဆိုရင် သင့်ရဲ့ဆရာဝန်က ကုသမှုတွေအကြံပြုရပါလိမ့်မယ်။ ကုသမှုတွေကတော့

ပိုးသတ်ဆေးပေးခြင်း

ရောင်ရမ်းမှုသက်သာအောင် သောက်ဆေး၊လိမ်းဆေး ပေးခြင်း

ခုခံအားကိုခဏလျှော့ချဖို့အတွက်လိမ်းဆေးပေးခြင်း

နဂိုဖြစ်နေသော ရောဂါအခံကို ကုသပေးခြင်း စသည်တို့ပဲဖြစ်ပါတယ်။

လူနေမှုပုံစံပြုပြင်ပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးမြီးတိုများ

တစ်ချို့မျက်ခွံရောင်လာရင် မိမိကိုယ်ကိုဂရုတစိုက် စောင့်ရှောက်မှုပေးလိုက်တာနဲ့ပျောက်ကင်းသွားကြပါတယ်။

မျက်စိကို နေ့တိုင်းဆေးပေးပါ။

မျက်ခွံရောင်လာပြီဆို ရောင်နေတဲ့အချိန်မှာ အောက်ဖော်ပြပါ အိမ်တွင်းနည်းလမ်းလေးကို တနေ့ နှစ်ကြိမ်မှ လေးကြိမ်ထိ ပြုလုပ်ပေးပါ။
မျက်ခွံမှာကပ်ရှိနေတဲ့ အညစ်အကြေးတွေကိုပျော့သွားအောင် ရေနွေးနွေးလေးဖြင့် ကပ်ထားပေးပါ။

သန့်ရှင်းသောအဝတ်(သို့)သန့်ရှင်းသောလက်ဖြင့် မျက်ခွံကို ဖြည်းဖြည်းပွတ်သတ်ပေးပါ။

မျက်တောင်မွှေးပေါက်နေတဲ့ မျက်ခွံအနားသတ်နေရာလေးတွေကို ဂရုတစိုက်သန့်စင်ပေးပါ။ အဲ့ဒီလို သန့်စင်ဖို့အတွက် မျက်ခွံကို မျက်လုံးနှင့်မထိစေရန်ညင်သာစွာ ဆွဲလိုက်ပြီး ဆေးမယ့်အဝတ်(သို့)ဂွမ်းစဖြင့် မျက်ခွံအနားသတ်နေရာလေးတွေကိုပွတ်သတ်ဆေးပေးပါ။ အဲ့ဒီလိုဆေးတာဟာ အဝတ်နဲ့မျက်ကြည်လွှာမထိအောင် ကာကွယ်ပေးပါတယ်။

မျက်ခွံကို ရေနွေးနွေးဖြင့်ဆေးပေးပါ။ ပြီးတော့ မျက်ခွံကို ခြောက်သွေ့သန့်ရှင်းသော အဝတ်ဖြင့် သုတ်ပေးပါ။

မျက်ခွံရောင်နေရင် မျက်လုံးကို ခြယ်သခြင်း (eye liner ဆိုးခြင်း)မပြုလုပ်တာကောင်းပါတယ်။ အဲ့ဒါက နောက်ထပ်ပိုးတွေဝင်နိုင်ပြီး ရောဂါပိုဆိုးစေနိုင်ပါတယ်။

မျက်လုံးခြောက်နေရင် မျက်ရည်တု ထည့်လို့ရပါတယ်။

ဗောက်ထခြင်းနှင့် သန်းပေါက်ခြင်းတို့ကို ပျောက်အောင်လုပ်ပါ။

အားလုံးပဲကျန်းမာပျော်ရွှင်သော မိသားစုဘဝပိုင်ဆိုင်ကြပါစေ။
ဇာနည်ထွန်း(ဆေး-၂)
MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *