All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မီးဖွားပြီးနောက်ဖြူဖျော့ပြီး အမောဖောက်ခြင်း

1 Mins read

မီးဖွားပြီးနောက်ဖြူဖျော့ပြီး အမောဖောက်ခြင်း

သားသားမီးမီးလေးတွေမွေးပြီဆိုတာနဲ့ မေမေတို့ခမျာ တစ်နေ့နေ့ဒီကလေးနဲ့ပဲ ချာလည်တွေရိုက်၊ကိုယ့်ကိုယ်ကိုကျ ဂရုမစိုက်ဖြစ်နဲ့။အဲ့လိုမိမိကိုယ်ကိုဂရုမစိုက်ဖြစ်တော့ မဖြစ်သင့်တဲ့ဝေဒနာတွေ၊နာမကျန်းမှုတွေဖြစ်ပြီး လူပင်ပန်းရတတ်ပါတယ်။ဒီအထဲကမှ အဖြစ်များလေ့ရှိတဲ့ မီးဖွားပြီးသွေးအားနည်းတတ်တဲ့အကြောင်းလေးကိုသတိထားရအောင်ပြောပြချင်ပါတယ်။

မီးဖွားပြီးနောက်ပိုင်း ဖြူဖျော့အားနည်းပြီးအမောဖောက်တာဘာကြောင့်လဲ???

မီးဖွားပြီးနောက်သွေးအားနည်းရောဂါခံစားရတဲ့အခါမှာ ဖြူဖျော့အားနည်းတတ်ပါတယ်။ဒီအခြေအနေကနေမှ ပိုဆိုးလာခဲ့မယ်ဆိုရင်တော့ နှလုံးအားနည်း၍အမောဖောက်ခြင်းကိုခံစားရနိုင်ပါတယ်။ရောဂါပြင်းထန်လွန်းပါက အသက်သေဆုံးသည်အထိဖြစ်ပေါ်နိုင်ပါတယ်။

ဘာကြောင့်ဒီလိုဖြစ်ရသလဲ???

အောက်ပါအကြောင်းတွေကြောင့်ဖြစ်ပါတယ်-

၁)သံဓါတ်ပြည့်ဝစွာ စားသုံးမှုမရှိခြင်း။

-ကိုယ်ဝန်မရှိစဉ်အချိန်နဲ့ကိုယ်ဝန်ဆောင်စဉ်အချိန်မှာ သံဓါတ်ကိုပြည့်ဝစွာမစားသုံးပါက မီးဖွားပြီးတဲ့အခါမှာသွေးအားနည်းရောဂါကိုခံစားရနိုင်ပါတယ်။

-ကိုယ်ဝန်ဆောင်ချိန်တွင် တစ်ရက်ကို သံဓါတ်၄.၄မီလီဂရမ်လိုအပ်ပါတယ်။

-ဒါကြောင့်မို့ကိုယ်ဝန်ဆောင်စဉ်မှာ သံဓါတ်အားဆေးကိုမဖြစ်မနေသောက်ပေးရတာဖြစ်ပါတယ်။

-အနောက်နိုင်ငံတွေမှာဆိုရင် ကလေးယူတော့မယ်ဆိုတာနဲ့ သံဓါတ်အားဆေးကိုစတင်သောက်သုံးကြပါတယ်။

၂)ကလေးမွေးဖွားစဉ်သွေးဆုံးရှုံးမှုများခြင်းကြောင့်သွေးအားနည်းရခြင်း။

-မီးဖွားစဉ်အချိန်မှာ ပျမ်းမျှအနေနဲ့သွေး ၅ဝဝမီလီလီတာလောက်ဆုံးရှုံးရလေ့ရှိပါတယ်။

-ဒီဆုံးရှုံးသွားတဲ့ဟာကို သံဓါတ်အားဆေး၊အစာအာဟာရနဲ့ပြန်လည်ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။

၃)အခြားအူလမ်းကြောင်းဆိုင်ရာရောဂါများ။

-သံဓါတ်စုပ်ယူမှုကိုအနှောင့်အယှက်ဖြစ်စေနိုင်သော အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါများရှိနေခြင်းကလဲ သွေးအားနည်းခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။

မီးဖွားပြီးနောက် ဖြူဖျော့အမောဖောက်ခြင်းမဖြစ်အောင်ဘယ်လိုလုပ်ရမလဲ???

ကလေးမွေးဖွားပြီး သွေးအားနည်းခြင်း၊အမောဖောက်ခြင်းမဖြစ်ရလေအောင် ကိုယ်ဝန်မဆောင်ခင်၊ဆောင်နေစဉ်နဲ့မီးဖွားပြီးအချိန်တွေမှာပါ သံဓါတ်ပေါကြွယ်ဝသောအစားအစာများစားသုံးခြင်း၊သံဓါတ်အားဖြည့်ဆေးများသောက်သုံးခြင်းကိုပြုလုပ်ပေးရပါမယ်။ကိ်ုယ်ဝန်ဆောင်ပြီဆိုတာနဲ့ သံဓါတ်အားဆေး တစ်ရက်တစ်ပြား(၅မီလီဂရမ်)ကို မဖြစ်မနေသောက်သုံးပေးရမှာဖြစ်ပြီး ကလေးမီးဖွားပြီးပါကလဲဆရာဝန်ညွှန်ကြားထားတဲ့အချိန်အထိ ဆက်လက်သောက်သုံးပေးရမှာဖြစ်ပါတယ်။

ဒီစာလေးကိုဖတ်ပြီး မီးဖွားပြီးနောက်သွေးအားနည်းရောဂါမဖြစ်စေပဲ မိခင်ရောကလေးပါကျန်းမာအောင် ဂရုစိုက်နေထိုင်ရမယ့်အချက်ကလေးတွေကို သတိမူလိုက်နာကြဖို့လိုအပ်ကြောင်းသိကြပြီဖြစ်ပါတယ်။

ကျန်းမာပျော်ရွှင်သော မိခင်ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။

dr.ye’lwin mm

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…