မိုးရာသီရောက်လာပြီဆိုတာနဲ့ မိုးရေ တွေ တဖြောက်ဖြောက်နဲ့ ရာသီဥတုက သူ့အလိုလို အေးမြမှု ရှိနေပါတယ်။ မိုးရာသီကို ကြိုက်တဲ့သူတိုင်းက မိုးရာသီရောက်ပြီဆိုတာနဲ့ ပေါ့ပေါ့ပါးပါး ငယ်ဘဝတွေဆီ ပြန်ရောက်သွားသလို ခံစားရတတ်ပါတယ်။ ကလေးတွေဆို မိုးရွာတာနဲ့ မိုးရေထဲမှာ ခုန်ပေါက်ပြီး မိုးရေချိုးတတ်ကြပါတယ်။ ဒါကြောင့် မိုးရေချိုးတာ ကောင်းလား ဆိုတဲ့အဖြေကို ရှာကြည့်လိုက်ကြရအောင်နော်။

မိုးရေ ချိုးတာက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရှိနေလဲ ဆိုရင်တော့

~~စိတ်ဖိစီးမှုကို သက်သာစေခြင်း~~

မိုးရေ ဟာ လူတို့ရဲ့ စိတ်ခံစားချက်အပေါ် အပြုသဘောဆောင်သော သက်ရောက်မှု ရှိကြောင်း တွေ့ရှိထား ကြပါ တယ်။ ဒါ့အပြင် မိုးရေချိုးခြင်းက endorphin နှင့် serotonin ကဲ့သို့သော ပျော်ရွှင်မှု ဟော်မုန်းများကို ထုတ်ပေး ပါတယ်။ ဒီဟော်မုန်းတွေက စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး သင့်ကို ပျော်ရွှင်စေပါတယ်။

~~မိတ်ပျောက်စေခြင်း~~

မိုးရေ ချိုးရင် မိတ်ပျောက်တယ်ဆိုတာ လူသိများကြတဲ့ အချက်တစ်ခုပါပဲ။ အေးမြတဲ့မိုးရေဟာ ခန္ဓာကိုယ် အပူချိန် ကို လျော့ကျစေပြီး ချွေးထွက်ခြင်းကို လျှော့ချပေးနိုင်တဲ့အတွက် မိတ်ကို ပျောက်ကင်းချပ်ရပ်စေသလို မိတ် ကြောင့် ယားယံတာတွေကိုလည်း သက်သာစေပါတယ်။

~~အရေပြားဆိုင်ရာအကျိုးကျေးဇူးများ~~

မိုးရေ ဟာ ယေဘုယျအားဖြင့် ရေထုညစ်ညမ်းမှုနည်းတယ်လို့ ဆိုလို့ရပါတယ်။ မိုးရေချိုးခြင်းဟာ သင့်ခန္ဓာကိုယ် ကို အေးမြစေရုံသာမက ယားယံခြင်း ကိုလည်း သက်သာစေပါတယ်။ မိုးရေဟာ အရေပြားရဲ့အပူချိန်ကို မျှတစေ ပြီး အရေပြားကို သန့်စင်စေကာ အဖုအပိန့်များကို ဖယ်ရှားပေးကြောင်း တွေ့ရှိထားကြပါတယ်။

~~ဆံသားကို နူးညံ့စေခြင်း~~

မိုးရေ က ဆံပင်ကို သဘာဝအတိုင်း သန့်စင်ပေးနိုင်ပါတယ်။ မိုးရေဟာ အယ်ကာလီ သဘာဝရှိတာကြောင့် ဦးရေပြားရှိ အညစ်အကြေးများနှင့် အညစ်အကြေးများကို ဖယ်ရှားပေးနိုင်ပါသည်။ မိုးရေထဲမှာ ပုံမှန်ရေချိုး ပေးခြင်းဖြင့် မွဲခြောက်နေတဲ့ ဆံကေသာတွေကို ပြန်လည်ရှင်သန်စေပြီး တောက်ပြောင်တဲ့ ဆံကေသာကို ရရှိစေ နိုင်ပါတယ်။ မိုးရေထဲမှာ ရေချိုးပြီးရင်တော့ ခေါင်းလျှော်ရည် အပျော့စားနဲ့ ဆံပင်ကို လျှော်ပေးရုံပါပဲ။

မိုးရေ ချိုးခြင်းဟာ အကျိုးကျေးဇူးတွေရှိပေမယ့်လည်း သတိထားသင့်တဲ့ အချက်တွေလည်းရှိပါတယ်။ မိုးရေချိုး ရင် ပထမဆုံးစရွာတဲ့အချိန်မှာ ချိုးခြင်းကို ရှောင်သင့်ပါတယ်။ မိုးရေကို ဒီအတိုင်းထွက်ချိုးတာထက်စာရင် စုဆောင်းသိမ်းဆည်းထားပြီး သန့်စင်ပြီးမှချိုးတာက ပိုကောင်းပါတယ်။ မိုးရေဟာ ဝတ်မှုန်၊ မှိုပိုးမွှားများ၊ (သို့) အမှုန်အမွှားများကဲ့သို့ လေထုအတွင်းရှိ ဓာတ်မတည့်မှုနှင့် ညစ်ညမ်းစေသော အရာများကို လှုံ့ဆော်ပေး နိုင်ပါတယ်။  ဓာတ်မတည့်ခြင်း သို့မဟုတ် ပန်းနာရင်ကျပ်ကဲ့သို့သော အသက်ရှုလမ်းကြောင်းဆိုင်ရာ အခြေအနေ များရှိပါက မိုးရေချိုးခြင်းဟာ ရောဂါလက္ခဏာများကိုပိုဆိုးစေ၊ မသက်မသာဖြစ်စေနိုင်ပါတယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#Dr.Shoon(ဆေး-၁)

#myDoctor

#teleMedicine

Related posts
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…

Leave a Reply

Your email address will not be published. Required fields are marked *