Uncategorized

မိုးရာသီနှင့် အဖြစ်များတဲ့ မှိုရောဂါများ

1 Mins read

📌မိုးတွင်းအခါသမယမှာ ရာသီဉတုကထိုင်းမှိုင်းနေတတ်ပြီး မှိုနှင့် ကူးစက်တတ်တဲ့ ယားနာရောဂါတွေအဖြစ်များတတ်ပါတယ်။

Humidity စိုထိုင်းဆတွေတက်လာတာကတမျိုး အဝတ်တွေကလည်း မခြောက်တာကတဖုံနဲ့ ထိုအခြေအနေတွေက မှိုရောဂါပိုးတွေ အတွက် စိတ်ကြိုက်မျိုးပွားလို့ကောင်းတဲ့ ကာလဖြစ်နေပါတယ်။

📌အဲ့တော့ ဒီကာလမှာ အဖြစ်များတဲ့ မှိုရောဂါတွေနဲ့ သူတို့ကို ဘယ်လိုကာကွယ်မလဲဆိုတာလေးပြောပြချင်ပါတယ်။

(၁) ခြေချောင်းကြားလေးတွေနဲ့ ခြေချောင်း အကွေးအဆန့်လုပ်တဲ့ ကြားတွေမှာ ဖြစ်တတ်တဲ့ ယားနာရောဂါတမျိုးပါ။ ခြေချောင်းတွေအပြင် ခြေသည်းတွေအထိပါ ကူးစက်တတ်တယ်။ Tinea pedis လို့ ခေါ်တယ်။ အားကစားသမားတွေမှာ အဖြစ်များတဲ့အတွက် Athlete’s foot လို့လဲခေါ်တယ်။ ဘွတ်ဖိနပ်စီးတဲ့လူတွေမှာ ပိုဖြစ်တတ်တယ်။

(၂) ပွေးယားနာ ရောဂါ နေရာအစုံမှာ ပေါက်နိုင်တယ်။ တချို့ခေါင်းမှာ ပေါက်တာမျိုးပါရှိတယ်။ စိုထိုင်းတဲ့နေရာတွေမှာ ပိုပေါက်တတ်တယ်။ လက်စွပ်လို အကွင်းလိုက်လေးတွေ ဖြစ်နေပြီး ဘေးပတ်လည် အနီကွင်းကိုကုတ်လေယားလေနဲ့ တဖြည်းဖြည်း ပွားလာတတ်တယ်။ Ringworm လို့ခေါ်တယ်။

(၃) နှင်းခူ ယားနာ (eczema) – Dermatitis အရေပြားရောင်ယမ်းတာတမျိုးပဲ သူလဲ မိုးရာသီလို စိုထိုင်းဆတက်လာတဲ့အခါမှာ ပိုဆိုးတတ်တယ်။

(၄) ခြေချောင်းတွေကြားထဲမှာ ဖြစ်သလို လက်ချောင်း၊လက်သည်းတွေကြားထဲမှာလဲ မှိုကြောင့်ဖြစ်တဲ့ ယားနာရောဂါတွေဖြစ်တတ်တယ်။ Onychomycosis or tinea unguium လို့ခေါ်တယ်။

(၅) ဗောက်ရောဂါတမျိုး (Tinea capitis) လို့ခေါ်ပါတယ်။ မှိုရောဂါတမျိုးဖြစ်တယ်။ ခေါင်းမှာတင်မက မျက်ခုံးတို့ မျက်တောင်မွှေးတို့မှာပါ ပေါက်နိုင်တယ်။ ကလေးတွေမှာဖြစ်တာပိုများတယ်။ အရမ်းယားစေတယ်။ ကူးစက်တာအရမ်းမြန်ပါတယ်။ ဘီးတို့ ခေါင်းအုံးတို့၊ မျက်နှာသုတ်ပဝါတို့ကနေတဆင့်ကူးစက်နိုင်ပါတယ်။

📌ကာကွယ်ဖို့နည်းလမ်းတွေကတော့

တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။

ခေါင်းပုံမှန်လျှော်ပါ။

ချမ်းလို့ ရေမချိုးဘူးဆိုပြီး လေးငါးရက်မနေပါနဲ့။

တကိုယ်ရည်သုံး ပစ္စည်းတွေကို မျှမသုံးပါနဲ့။

အဝတ်အစားကို ချောင်ချောင်ချိချိ ဝတ်ပါ။ အတွင်းခံတွေ၊ ခြေအိတ်တွေကို လည်း ခြောက်သွေ့အောင်ထားပါ။ အသစ်လဲဝတ်ပါ။ စိုထိုင်းနေရင်မဝတ်ပါနဲ့။

ခြေထောက်တွေ၊ လက်တွေကို ဆပ်ပြာနဲ့ ခဏခဏဆေးပါ။

အိမ်သာတက်ပြီးတိုင်း ရေသေချာသုတ်ပြီးမှ ဘောင်းဘီကိုဝတ်ပါ။

အိပ်ရေးဝဝအိပ်ပါ။ ဝိတ်လျော့ပါ။ သကြားလျော့စားပါ။ မှိုက အချိုကြိုက်ပါတယ်။

📌ရာသီဉတုအခြေအနေက စိုထိုင်းပြီး နွေးထွေးတဲ့ Warm, Moist, Damp, High Humidity ရာသီဥတုဖြစ်တဲ့အတွက် မှိုကြောင့်ဖြစ်တဲ့ ယားနာရောဂါတွေကို ဂရုစိုက်ကြဖို့ ဝေမျှပေးလိုက်ပါတယ်။

“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”

#myDoctor #Dr_KyawYe_ဆေး(၁)

Related posts
Uncategorized

ရဲဆေး( အရက် ) တင်ထားမှ ကြာတယ်ဆိုတာဟုတ်လား?

1 Mins read
အရက် ဟာ လိင်မှုဆိုင်ရာကိစ္စရပ်များအပေါ် ရှုပ်ထွေးတဲ့ သက်ရောက်မှုရှိနိုင်ပြီး အကျိုးသက်ရောက်မှုဟာ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါတယ်။ တချို့သူတွေမှာ အရက်ကို ပမာဏအသင့်အတင့်သောက်သုံးခြင်းဟာ စိတ်ကိုပြေလျော့စေပြီး ယုံကြည်မှုတိုးလာစေကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ အရက် သောက်ပြီး လိင်ဆက်ဆံခြင်းဟာ သုက်လွှတ်ခြင်းကို…
Uncategorized

လေလည်ခြင်း ဆိုတာ

1 Mins read
လေလည်ခြင်း ဆိုတာ အစာခြေမှု လုပ်ငန်းစဉ်အတွင်း ခန္ဓာကိုယ်မှ ပိုလျှံနေသော လေ (သို့) ဓာတ်ငွေ့များကို စွန့်ထုတ်ရန် လိုအပ်တဲ့အခါ ဖြစ်ပေါ်တဲ့ သဘာဝအလျောက် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ လေလည်ခြင်း ဆိုတာ သင့်ရဲ့ အစာခြေစနစ် ကောင်းမွန်စွာ အလုပ်လုပ်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။…
Uncategorized

ဦးထုပ်မဆောင်းမိခဲ့လျှင်... ( ကွန်ဒုံး )

1 Mins read
ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံမိတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အဓိကအန္တရာယ် နှစ်ခုရှိပါတယ်။ (၁) လိင်မှတစ်ဆင့်ကူးစက်သောရောဂါများကွန်ဒုံးဟာ ပါးစပ်၊ စအို သို့မဟုတ် မိန်းမအင်္ဂါဖြင့် လိင်ဆက်ဆံစဉ်အတွင်း လိင်ကတစ်ဆင့်ကူးစက်သော ကူးစက် ရောဂါများကို တားဆီးရာမှာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး  ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်းဟာ လိင်က တစ်ဆင့်…