Girls and period
အမျိုးသမီး ကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မိန်းကလေးနှင့် ရာသီနည်းခြင်းပြဿနာ

1 Mins read

မိန်းကလေးနှင့် ရာသီနည်းခြင်းပြဿနာ

အရွယ်ရောက်ပြီး အမျိုးသမီးတိုင်းဟာ တစ်လမှာ တစ်ကြိမ် ရာသီသွေးဆင်းတယ်ဆိုတဲ့ Circle နဲ့ ကြုံတွေ့ရပါတယ်။ ဒီလို တစ်လတစ်ခါ ရာသီစက်ဝန်းဖြစ်ပေါ်တဲ့အခါမှာ ရာသီမှန်တဲ့သူရှိသလို မမှန်ဘဲ ၂လ ၃လနေမှ တစ်ခါသာ ဖြစ်ပေါ်တဲ့လူလဲရှိပါတယ်။ ဒါ့အပြင် ရာသီနည်းတဲ့သူရှိသလို သွေးဆင်းတာအရမ်းများလို့ အလုပ်ပျက်အကိုင်ပျက်ဖြစ်ရတဲ့ထိ များတဲ့လူရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကတော့ မတူနိုင်ပါ။ရာသီအနည်းအများဟာ သွေးအားကောင်းခြင်း မကောင်းခြင်း နဲ့ ခန္ဓာကိုယ် ပိန်တာ ဝတာ အပြင် အခြားအကြောင်းအရင်းများစွာပေါ်မှာ မူတည်ပြီး ကွဲလွဲတတ်ကြပါတယ်။ဒီလိုတွေကြားထဲကမှ ရာသီသွေးနည်းရခြင်း အကြောင်းနဲ့ သွေးအားနည်းတာကို ဘယ်လိုကာကွယ်နေထိုင်နိုင်တယ်ဆိုတဲ့ အကြောင်းလေးကို ဖော်ပြပေးပါ့မယ်။

ရာသီသွေးနည်းရခြင်းအကြောင်းအရင်းတွေကတော့-

1. သွေးအားနည်းနေခြင်း

2. သံဓါတ်မပြည့်ဝခြင်း

3. ပိန်သောသူများ

4. အသားရှောင်သူများ

5. အခြားရောဂါအခံရှိသူများ  စတဲ့အကြောင်းအရာတွေကြောင့်ဖြစ်ပါတယ်။

သွေးအားကောင်းအောင် ရာသီသွေးပုံမှန်ပမာဏဆင်းအောင်ဘယ်လိုလုပ်နိုင်လဲ.?

– သံဓါတ်အားဆေး တနေ့တလုံး ပုံမှန်သောက်ပေးနိုင်ပါတယ်။ (eg.  Tothema)

– အနီရောင်ရှိသော အသားများစားပေးပါ။

– သံပုရာသီး,ရှောက်သီး နှင့် အခြား အချဉ်ဓါတ်ရရှိသောအသီးများစားပေးပါ။

– ကန်စွန်းရွက်,ဟင်းနုနွယ်,မုန်လာဥနီ စသော အသီးအရွက်များ စားပါ

– ဥအမျိုးမျိုး,ငါးအမျိုးမျိုးနဲ့ နို့ , ဒိန်ခဲ,သွေးခဲ စတာတွေကနေလဲ သံဓါတ်ကိုရရှိနိုင်ပါတယ်။

– ရေများများသောက်ပေးခြင်း နဲ့ လမ်းလျှောက်ပေးခြင်း အားဖြင့်လဲ သွေးစီးဆင်းမှုကောင်းမွန်စေပြီးခုခံအားကိုမြင့်တက်စေမှာပဲဖြစ်ပါတယ်။

သွေးအားနည်း လက္ခဏာတွေဖြစ်တဲ့ 

–  မောပန်းလွယ်ခြင်း 

– အသားအရေ ဖြူဖျော့နေခြင်း

– ဆံပင်ကျွတ်လွယ်ခြင်း

–  စိတ်တို စိတ်ဆတ်လွယ်ခြင်း

ပင်ပန်းနုံးချိနေတတ်ခြင်း

– ခေါင်းအမြဲ မကြည်လင် မူးနောက်နေတတ်ခြင်း

– ရင်တုန်ခြင်း

– အစား စားချင်စိတ်မရှိခြင်း

– အာရုံမစူးစိုက်နိုင်ခြင်း စတဲ့ အချက်တွေ ကနေတဆင့် မိမိကိုယ်တိုင် သတိထား စောင့်ကြည့်နိုင်သလို သွေးစစ်ခြင်း ဆေးရုံဆေးခန်းပြသ၍ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း များပြုလုပ်ပေးနိုင်ပါတယ်။

Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…
နေထိုင်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

When should you give your brain a break ?

1 Mins read
🧠 ကျွန်တော်တို့ ခန္တာကိုယ်မှာ တရစပ် မရပ်မနား သေတဲ့အထိ အလုပ်လုပ်ရတဲ့ အကောင်က နှလုံးနဲ့ ဉီးနှောက်ပါပဲ။ လူသေသွားရင် နှလုံးကရပ်သွားပေမယ့် ဉီးနှောက်ကဆက်လုပ်နေရတုန်းပဲ အဲ့တာကြောင့်သေသွားပေမယ့် Brain Wave တွေကျန်နေသေးတယ်ဆိုတာကြားဖူးမှာပါ။ စိတ်ရှုပ်စရာတွေ စိတ်မချမ်းမြေ့စရာသတင်းတွေချည်းပဲ ဆက်တိုက်ကြားလာရတဲ့အခါ လူက လောင်မြိုက်လာတတ်ပါတယ်။…