နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read

ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့-

(၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း

ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက် လှုပ်ရှားမှုများ လုပ်လိုက်မိခြင်း (သို့) ဇက်ကို အသုံးများခြင်း တို့ ဟာ လည်ပင်းရှိ ကြွက်သားများ တောင့်တင်းခြင်း (သို့)ညောင်းညာခြင်းတို့ကို ဖြစ်စေနိုင်ပြီး ဇက်ကြောတက်ခြင်း ကို ခံစားရစေနိုင်ပါတယ်။

ကွန်ပျူတာရှေ့မှာ အချိန်ကြာမြင့်စွာ ထိုင်ပြီးအလုပ်လုပ်ရခြင်း၊ ဖုန်းအသုံးများခြင်း၊ တီဗီကြည့်ခြင်း၊ စာအုပ်ဖတ် ခြင်း၊ ကားမောင်းခြင်း စတာတွေ လုပ်တဲ့အခါ ကိုယ်ဟန်အနေအထားမမှန်ကန်ပါက ဇက်ကြောတက်ခြင်းကို ဖြစ် စေနိုင်ပါတယ်။ အိပ်စက်ပုံကိုယ်နေဟန်ထားမမှန်ခြင်း၊ အိပ်ချိန်မှာ ခေါင်းအုံးမြင့်ခြင်းကလည်း ဇက်ကြောတက် စေတဲ့ အကြောင်းအရင်းတွေထဲ က တစ်ခုလည်းဖြစ်ပါတယ်။

လည်ပင်းကို ဆက်ကနဲ လှည့်လိုက်ခြင်း (သို့) အားကစားလုပ်ခြင်း (သို့) မတော်တဆ တို့ကြောင့် လည်ပင်းမှာ ဒဏ် ဖြစ်သွားတဲ့အခါ ဇက်နာခြင်း၊ ဇက်ကြောတက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

(၂) စိတ်ပင်ပန်းမှုနှင့် စိတ်ဖိစီးမှု

စိတ်ခံစားမှုဆိုင်ရာ ဖိစီးမှု သို့မဟုတ် ပင်ပန်းမှုများရှိနေခြင်းဟာ လည်ပင်းနှင့် လည်ကုပ်နေရာကို ကြွက်သားများ တင်းမာမှုနှင့် နာကျင်မှုများ ခံစားရစေနိုင်ပါတယ်။

(၃) လည်ပင်းအဆစ်များကြားက အရိုးအချပ်ပြားပြဿနာများ

လည်ပင်းအဆစ်များကြားက အရိုးအချပ်ပြားကျွံခြင်း (disc herniation) (သို့) ဖောင်းလာခြင်း (bulging discs) ကဲ့သို့သော အခြေအနေများဟာ လည်ပင်းနှင့် လည်ကုပ်တို့မှာ အာရုံကြောများဖိမိကာ နာကျင်မှုကို ဖြစ်စေနိုင်ပြီး တစ်ခါတစ်ရံ လက် သို့မဟုတ် ကျောအပေါ်ပိုင်းအထိ ပျံ့နှံ့သွားနိုင်ပါတယ်။

(၄) လည်ပင်းကျောရိုခေါင်းပါက်ကျဉ်းခြင်း (Cervical Spinal Stenosis)

လည်ပင်းရှိ ကျောရိုးလမ်းကြောင်း ကျဉ်းမြောင်းလာတဲ့အခါ ကျောရိုးနှင့် အာရုံကြောများပေါ်မှာ ဖိအားများ ဖြစ်ပေါ်စေပြီး လည်ပင်းနှင့် နောက်ကျောတို့မှာ နာကျင်စေပါတယ်။

(၅) လည်ပင်းအဆစ်များရောင်ရမ်းခြင်း၊ လည်ပင်းကျီးပေါင်းတက်ခြင်း – ဒီလိုအဆစ်အမြစ်ရောင်ရမ်းခြင်းက ကျောရိုးကို ထိခိုက်စေပြီး လည်ပင်းနဲ့ လည်ကုပ်တွေမှာ နာကျင်မှုနဲ့ တောင့်တင်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၆) ပိုးဝင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်း- ဦးနှောက်အမြှေးရောင်ခြင်း၊ လည်ပင်းပြည်တည်နာ (သို့) အခြား ရောဂါ ပိုးဝင်ခြင်းကဲ့သို့သော အခြေအနေများဟာလည်း လည်ပင်းနှင့် လည်ကုပ်တို့မှာ နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။

ဇက်ကြောတက် ခြင်း ဟာ များသောအားဖြင့်တော့ ဆေးအထူးတလည် ကုသစရာမလိုဘဲ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဇက်ကြောကို ညင်သာစွာနှိပ်နယ်ပေးခြင်း၊ ရေခဲကပ်ခြင်း၊ အိမ်သုံးအကိုက်အခဲပျောက်ဆေးများ သောက်ခြင်း တို့ဖြင့် သက်သာစေနိုင်ပါတယ်။ သို့ရာတွင် ဇက်ကြောတက်ခြင်းအပြင် အဖျားကြီးခြင်း၊ လည်ပင်း တောင့်တင်း ခြင်း၊ ခေါင်းအပြင်းအထန်ကိုက်ခြင်းအောက်ပါလက္ခဏာများရှိနေပါက ဆရာဝန်နဲ့ အမြန်ဆုံးပြပြီး ကုသမှုသေချာ ခံယူသင့်ပါတယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#myDoctor

#DrShoon(ဆေး-၁)

#Telemedicine

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *