ပါဝင်သောပစ္စည်း-hyoscine butylbromide
ဆေးပုံစံ-ဆေးပြားပုံစံ
အသုံးပြုနိုင်သော ရောဂါများ-၀မ်းဗိုက်တွင်းရှိ အခေါင်းပါသောကိုယ်တွင်းအဂါင်္များ လုပ်ရှားမှုလျော့နည်းစေရန် ကူညီပေးပါသည်။ (ဥပမာ။ ။ အူလုပ်ရှားလွန်း၍ ၀မ်းလျောစေသောရောဂါ) အစာအိမ်နှင့် အူလမ်းကြောင်း၊ ဆီးလမ်းကြောင်း ရောဂါ များတွင် အသုံးပြုပါသည်။
သုံးစွဲရန်အညွှန်း-လူကြီး ၂ပြား ၄ကြိမ်၊ ကလေး ၆-၁၂နှစ် ၁ပြား ၃ကြိမ် သို့ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သုံးစွဲရန်။
ဘေးထွက်ဆိုးကျိုး-အာခေါင်ခြောက်ခြင်း၊ အိမ်ငိုက်ခြင်း၊ ရင်တုန်ခြင်း။
လုံးဝအသုံးမပြုသင့်သောသူများ-မျက်လုံး ရေတိမ်ရှိသူများ၊ ဆေးနှင့် ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ကိုယ်ဝန်ဆောင်များ ပထမ ၃လ တွင် သတိထားသုံးစွဲသင့်ပါသည်။