abdomen pain

ဒီတစ်ခေါက်ကတော့ ဗိုက်အောင့်တတ်တဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်။ ဘယ်နေရာမှာ အောင့်ရင် ဘာဖြစ်နိုင်တယ်ဆိုတာကို အကြမ်းဖျင်း သိနိုင်အောင် ပြောပြပေးပါမယ်။ ကျွန်တော်တို့ ဆရာတွေပြောပြလေ့ရှိတဲ့ အတိုင်း Abdomen is a magic box မှော်သေတ္တာလေး ဖြစ်တဲ့ အတွက် ပုံသေ မှတ်ထားလို့တော့ မရပါဘူး။ အနီးစပ်ဆုံး ဖြစ်နိုင်တဲ့ အချက်တွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံး ဗိုက်ကို နေရာသက်မှတ်ရရင် (9) Quadrants (၉)ပိုင်း သတ်မှတ်လို့ရပါတယ်။နေရာအလိုက် အောင့်တတ်တဲ့ အကြောင်းအရာလေးတွေကို တွဲဖက် ဖော်ပြပေးလိုက်ပါတယ်။

📌၁. ညာဖက် နံရိုးအောက်နေရာ (Right Hypo chronic)
👉 သည်းခြေအိတ်ကျောက်တည်ခြင်း
👉 အစာအိမ်‌အနာများ
👉 မုန့်ချိုအိတ်ရောင်ရမ်းခြင်း
👉အသည်းရောင်ခြင်း

📌အစာအိမ်ရောင်ခြင်း
👉အစာမကျေခြင်း
👉မုန့်ချိုအိတ် ရောင်ရမ်းခြင်း
👉သည်းခြေအိတ်ကျောက်တည်ခြင်း
👉ရင်ပူခြင်း

📌၃။ ဘယ်ဖက် နံရိုးအောက်နေရာ (Left Hypochondriac)
👉အစာအိမ်အနာများ
👉အူသိမ်အနာများ
👉မုန့်ချိုအိတ်ရောင်ယမ်းခြင်း

📌၄။ ခါး ညာဖက်နေရာ (Right Lumbar)
👉ကျောက်ကပ်ကျောက်တည်ခြင်း
👉ဆီးပိုးဝင်ခြင်း
👉ဝမ်းချုပ်ခြင်း

📌၅။ ချက်ပတ်လည် နေရာ (Umbilical region)
👉မုန့်ချိုအိတ်ရောင်ယမ်းခြင်း
👉အူအတက်ယောင်ခြင်း စတင်နာသော နေရာ
👉အစာအိမ် အနာများ
👉အူကျွံနာများ
👉အူယောင်ခြင်းဆိုင်ရာပြဿနာများ

📌 ၆၊ ခါး ဘယ်ဖက်နေရာ (Left Lumbar)
👉 ဝမ်းချုပ်ခြင်း
👉 အူယောင်ခြင်းဆိုင်ရာပြဿနာများ

📌 ၇၊ ဆီးခုံဘေး ညာဖက်နေရာ (Right Iliac)
👉အူအတက်ရောင်ခြင်း***
👉ဝမ်းချုပ်ခြင်း
👉မိန်းကလေးပြဿနာဆိုင်ရာ နာကျင်ခြင်း
👉အူကျွံနာများ

📌 ၈၊ ဆီးခုံနေရာ (Hypogastric region)
👉 ဆီးပိုးဝင်ခြင်း
👉 အူအတက်ရောင်ခြင်း
👉 အူရောင်ခြင်းဆိုင်ရာပြဿနာများ
👉 မိန်းကလေးပြဿနာဆိုင်ရာ နာကျင်ခြင်း

📌 ၉၊ ဆီးခုံဘေး ဘယ်ဖက်နေရာ (Left Iliac)
👉 မိန်းကလေးပြဿနာဆိုင်ရာ နာကျင်ခြင်း
👉 အူကျွံနာများ
👉 အူရောင်ခြင်းတို့ဖြစ်ကြပြီး ဘယ်နားမှာ ဗိုက်အောင့်တတ်လဲဆိုတာ မှတ်ထားပြီး ဆရာဝန်နှင့်ကုသမှု သေချာစွာ ခံယူသင့်ပါတယ်။
#Antigas
#DKSH
#myDoctor

Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…