ပန်းနာအထ ဆောင်းဝင်စ…
ဆောင်းဝင်လာပြီဆိုတာနဲ့ နှာစေး၊ ထိပ်ခတ်နာတွေဖြစ်တာများလာသလို ပန်းနာအခံနဲ့ ကြပ်တဲ့သူတွေလည်း ရှိလာပါတယ်။ ပန်းနာရင်ကျပ်ရောဂါဆိုတာ အသက်ရှုလမ်းကြောင်းရောင်ရမ်းကျဥ်းမြောင်းပြီးတော့ အသက်ရှုကြပ်လာတတ်တဲ့ နာတာရှည် ရောဂါတစ်ခုပါ။ သေချာသာ ကုသမှုခံယူရင် ဘဝတစ်လျှောက်လုံးအဆင်ပြေပြေနေသွားနိုင်ပြီး ကုသမှုမခံယူပဲနေမယ်ဆိုရင်တော့ သင့်ရဲ့လူနေမှု ဘဝပါထိခိုက် လာနိုင်ပြီးအရေးပေါ်ခန်းဆိုတာ အိမ်ဦးနဲ့ကြမ်းပြင်ဖြစ်နေမှာပါ။
ပန်းနာရင်ကျပ်ရောဂါဆိုတာ….
♎ ဆေးလိပ်ငွေ့၊ရေမွှေးနံ့၊ ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ ခွှေးမွှေး၊ကြောင်မွှေး စတဲ့ allergens တွေကိုရှူရှိုက်မိတဲ့အခါ
♎ ရာသီတုပ်ကွေး၊ အဆုတ်ရောင်ရောဂါတွေကိုဖြစ်စေတဲ့ရောဂါပိုးတွေဝင်ရောက်လာတဲ့အခါ
♎ Aspirin ကဲ့သို့ဆေးတွေသောက်သုံးမိတဲ့အခါ
♎ ရာသီဥတုအေးလာတဲ့အခါ
♎ စိတ်လှုပ်ရှားတာ၊ စိတ်ဖိစီးတာ၊ ဝမ်းနည်းတာ စတဲ့စိတ်ခံစားမှုတစ်ခုခုကြုံတွေ့တဲ့အခါ
♎ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ
♎ အစာအိမ်လေချဥ်တက်တဲ့အခါ စတဲ့အချိန်တွေမှာ ထထပြီးကြပ်တတ်ကြတယ်။
ကြပ်တာအပြင် တခြားလက္ခဏာတွေအနေနဲ့…
အေးတဲ့အချိန် ညဘက်၊ မနက်စောစောတွေမှာ ထကြပ်ပြီး ချောင်းဆိုးတတ်တာ
အသက်ရှုထုတ်တဲ့အချိန်မှာ တရွှီရွှီမြည်နေတာ
အသက်ရှုကြပ်တဲ့အတွက်ကြောင့် အိပ်မရတာ စတာတွေနဲ့ပါတွဲနေတတ်တယ်။
ပန်းနာရောဂါရှိမရှိကို ဆရာဝန်က ရောဂါရာဇဝင်တွေ၊ အဆုတ်တွေကိုစမ်းသပ်ပြီးတဲ့အခါ လိုအပ်တဲ့စစ်ဆေးမှုတစ်ချို့ပြုလုပ်ရပါတယ်။
အကယ်၍ ပန်းနာရောဂါရှိနေခဲ့ရင်….
✅ ဂေါက်တံရှူတာ
✅ နှာခေါင်းနဲ့ပါးစပ်ကိုအုပ်ပြီး စက်နဲ့ရှုရတာ
✅ ဆေးသောက်တာ
✅ အခြေအနေဆိုးလာရင် ဆေးထိုးတာတွေပြုလုပ်ရတဲ့အပြင်

ဒီပန်းနာကြောင့် ထထကြပ်တာကိုကာကွယ်နိုင်အောင်….
✅ Allergens တွေကိုဝေးဝေးရှောင်တာ
✅ ဆရာဝန်ညွှန်ကြားထားတဲ့ပန်းနာကုထုံးကိုသေချာလိုက်နာတာ
✅ ဂေါက်တံကို အချိန်တိုအတွင်းမှာ ခဏခဏအသုံးပြုလာရပြီဆိုရင် ဆရာဝန်ကိုအသိပေးတိုင်ပင်တာ
✅ ရာသီတုပ်ကွေး၊ အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးတွေထိုးထားတာ
✅ ဆေးလိပ်သောက်သုံးတာ(သို့)သောက်သုံးသူတွေနဲ့ဝေးဝေးရှောင်တာ
✅ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တာရှောင်တာ
✅ ဆေးတွေကိုဆရာဝန်ညွှန်ကြားမှသောက်သုံးတာ
✅ အစာအိမ်လေချဥ်တက်တဲ့ရောဂါကိုသက်သာအောင်ကုသတာ စတာတွေမျိုးတွေပြုလုပ်ပေးသင့်ပါတယ်။
ဒေါက်တာလွမ်းရိပ်
Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…