Pancreatic Cancer
Uncategorized

ပန်ကရိယကင်ဆာ (သို့) မုန့်ချိုအိတ်ကင်ဆာ (Pancreatic cancer)

1 Mins read

📌 ပန်ကရိယလို့ ခေါ်တဲ့ မုန့်ချိုအိတ်ဟာ သူ့ရဲ့တည်နေရာကိုက လျှို့ဝှက်တယ် နက်နဲတယ်၊ သူ့မှာ အကျိတ်ရှိနေရင်တောင် သိရခက်ခဲတယ်။ Ultrasound ရိုက်ရင်တောင် တော်ရုံ အကျိတ်လောက်ရှိယုံနဲ့ မမြင်ရဘူး။ ဒါကြောင့် ပန်ကရိယမှာ ကင်ဆာဖြစ်နေမှန်း သိရတဲ့အချိန်မှာ သူဟာနေရာ အနှံ့ကို ပျံ့နေပြီးသားဖြစ်နေပြီ။

📌 ကင်ဆာ အဆင့် ၄ ဆင့်ရှိပြီး သိရတဲ့အချိန်မှာ များသောအားဖြင့် အဆင့် ၃ နဲ့ ၄ ကို ရောက်နေကျပြီ။

တစ်နှစ်အတွင်းမှာ အသက်ဆုံးရှူံးသွားနိုင်တယ်။ ၅ ယောက်မှာ ၁ ယောက်ပဲ တစ်နှစ်ကျော်ထိ အသက်ရှင်ဖို့ အခွင့်အလမ်းရှိပြီး ရောဂါအဆင့် ၄ ရောက်ပြီဆိုရင် ၆ လ အတွင်း သေဆုံးဖို့ သေချာသလောက်ဖြစ်သွားပြီမို့ သေနှုန်း အမြင့်ဆုံး ကင်ဆာရောဂါလို့ ဆိုပါတယ်။

📌 ကမ္ဘာပေါ်မှာ နာမည်ကြီး မင်းသားမင်းသမီး တွေအတော်များများ ဒီကင်ဆာနဲ့ ဆုံးသွားတာတွေများတယ်။

Apple CEO Steve Jobs ဆို ပန်ကရိယကင်ဆာနဲ့ပဲ အသက်ဆုံးရှူံးခဲ့တယ်။

နောက်ပြီး သိသာတဲ့လူတွေပြောပြရရင် Harry Potter ကြည့်ဖူးတယ်မလား။

Harry Potter and the sorcerer’s stone ထဲက Professor Dumbledore သရုပ်ဆောင်တဲ့ John Hurt ရော၊ Severus Snape အဖြစ်သရုပ်ဆောင်တဲ့ Alan Rickman ရော ဒီရောဂါနဲ့ပဲဆုံးတယ်။ မြန်မာနိုင်ငံကဆို အဆိုတော် ခိုင်ထူးဆိုလည်း တူတူပဲ ဒါနဲ့ပဲ ဆုံးပါးသွားတယ်လို့ဆိုတယ်။

📌 ဒါကြောင့် ရောဂါလက္ခဏာတွေကို တစ်ချက်လေ့လာထား

  1. 🔰 ဗိုက်အောင့်မယ်၊ ကျောအောင့်မယ်၊
  2. 🔰 အသားဝါမယ်၊ မျက်လုံးတွေ ဝါမယ်
  3. 🔰 ဘာမှ မလုပ်ချင်အောင် ပင်ပန်းနေမယ်၊ နုံးနေမယ်
  4. 🔰 အစားအသောက်ပျက်မယ်
  5. 🔰 ဝမ်းက အရောင်ဖျော့မယ်
  6. 🔰 ဆီးက အရောင်ရင့်မယ်
  7. 🔰 ပိန်သွားမယ်
  8. 🔰 အရေပြားတွေ ယားမယ်
  9. 🔰 ဆီးချိုတက်လာမယ်၊ သို့ ဆီးချိုမရှိတဲ့လူတွေ ဆီးချိုစဖြစ်လာမယ်
  10. 🔰 မူးပြီး ပျို့အန်ချင်သလိုဖြစ်လာမယ်၊

📌 လက္ခဏာတွေနဲ့တင် ကင်ဆာလို့ ဆုံးဖြတ်လို့မရဘူး၊ Ultrasound မှာလည်း တော်ရုံ မပေါ်တဲ့အတွက် Endoscopic ultrasound (EUS) ရိုက်ကြည့်လို့ရတယ်။

ကင်ဆာလို့ထင်ရင် (Tumor marker “Carbohydrate Antigen (CA) 19-9”) တက်နေလား သွေးစစ်ကြည့်ရင် သိနိုင်မယ်။

📌 ကြောက်ဖို့ကောင်းတယ်မလား၊ အေးဒါဆို ပြောတဲ့အတိုင်းလုပ် —

  1. 🔰 ဆေးလိပ်မသောက်နဲ့၊ သောက်နေရင်ဖြတ်။
  2. 🔰 ဝရင် ပိုဖြစ်တတ်တယ်၊ ဝိတ်လျှော့၊ ကျန်းမာရေးနဲ့ ညီတာစား၊ လေ့ကျင့်ခန်းလုပ်။
  3. 🔰 အရက် သောက်နေရင် လျှော့၊ ဖြတ်လို့ရရင် ဖြတ်။
  4. 🔰 ဆီးချို မဖြစ်အောင် ထိန်း၊ အချိုလျှော့စား။
  5. 🔰 အလုပ်မှာ Toxin အဆိပ်ရှိတဲ့ Chemical တွေနဲ့ ထိတွေ့နေရရင် Safety measure သေချာဝတ်၊ အလုပ်က Safety guideline သေချာမရှိရင် တရားသာစွဲပစ်။

📌 “သိရမှ ကုသတာထက် မဖြစ်ခင်က ကာကွယ်ထားတာပိုထိရောက်တဲ့အတွက် ကျန်းမာရေးအသိရှိကျပါ။”

“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”

#myDoctor #Dr_KyawYe_ဆေး(၁)

Related posts
Uncategorized

ရဲဆေး( အရက် ) တင်ထားမှ ကြာတယ်ဆိုတာဟုတ်လား?

1 Mins read
အရက် ဟာ လိင်မှုဆိုင်ရာကိစ္စရပ်များအပေါ် ရှုပ်ထွေးတဲ့ သက်ရောက်မှုရှိနိုင်ပြီး အကျိုးသက်ရောက်မှုဟာ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါတယ်။ တချို့သူတွေမှာ အရက်ကို ပမာဏအသင့်အတင့်သောက်သုံးခြင်းဟာ စိတ်ကိုပြေလျော့စေပြီး ယုံကြည်မှုတိုးလာစေကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ အရက် သောက်ပြီး လိင်ဆက်ဆံခြင်းဟာ သုက်လွှတ်ခြင်းကို…
Uncategorized

လေလည်ခြင်း ဆိုတာ

1 Mins read
လေလည်ခြင်း ဆိုတာ အစာခြေမှု လုပ်ငန်းစဉ်အတွင်း ခန္ဓာကိုယ်မှ ပိုလျှံနေသော လေ (သို့) ဓာတ်ငွေ့များကို စွန့်ထုတ်ရန် လိုအပ်တဲ့အခါ ဖြစ်ပေါ်တဲ့ သဘာဝအလျောက် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ လေလည်ခြင်း ဆိုတာ သင့်ရဲ့ အစာခြေစနစ် ကောင်းမွန်စွာ အလုပ်လုပ်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။…
Uncategorized

ဦးထုပ်မဆောင်းမိခဲ့လျှင်... ( ကွန်ဒုံး )

1 Mins read
ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံမိတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အဓိကအန္တရာယ် နှစ်ခုရှိပါတယ်။ (၁) လိင်မှတစ်ဆင့်ကူးစက်သောရောဂါများကွန်ဒုံးဟာ ပါးစပ်၊ စအို သို့မဟုတ် မိန်းမအင်္ဂါဖြင့် လိင်ဆက်ဆံစဉ်အတွင်း လိင်ကတစ်ဆင့်ကူးစက်သော ကူးစက် ရောဂါများကို တားဆီးရာမှာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး  ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်းဟာ လိင်က တစ်ဆင့်…