All Articlesနေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

နှုတ်ခမ်းတွေခြောက်လွန်းပြီး အဖတ်တွေလန်နေပြီလား…❗

1 Mins read
နှုတ်ခမ်းတွေခြောက်လွန်းပြီး အဖတ်တွေလန်နေပြီလား…❗
ဆောင်းဝင်စပြုပြီး နည်းနည်းအေးလာတာနဲ့နှုတ်ခမ်းတွေခြောက်ပြီး အဖတ်တွေလန်လာတတ်တာ သဘာဝပါပဲ။ အအေးဒဏ်၊လေဒဏ်၊နေဒဏ်တွေကို ထိတွေ့နေရတဲ့အတွက် နှုတ်ခမ်းခြောက်သွေ့တာမျိုးတွေက ဖြစ်တတ်ပါတယ်။

ဒီလို နှုတ်ခမ်းခြောက်သွေ့လွန်းပြီး အဖတ်လန်တာတွေကို ဘယ်လိုသက်သာအောင်ပြုလုပ်လို့ရမလဲဆိုရင်…..

1) နှုတ်ခမ်းထိန်းသိမ်းအဆီအသုံးပြုပါ
♈ နှုတ်ခမ်းထိန်းသိမ်းအဆီဖြစ်တဲ့ Lip balm တွေကို အခုတော်တော်များများထုတ်လုပ်လာကြပါတယ်။ Lip balm အများစုမှာ Menthol/Phenol/ Petroleum စတာတွေပါဝင်တဲ့အတွက် နှုတ်ခမ်းအသားအရေကိုအေးမြစေတဲ့ခံစားချက်မျိုးပေးစွမ်းနိုင်ပြီး နှုတ်ခမ်းခြောက်တာတွေ အဖတ်လန်တာတွေ သက်သာစေပါတယ်။
2)သဘာဝနည်းလမ်းလေးတွေအသုံးပြုပါ
♈ တခါတလေ ကိုယ်မထင်မှတ်ထားတဲ့ သဘာဝနည်းလေးတွေက အကူအညီပေးတတ်ပါတယ်။ ရှားစောင်းလပတ်၊ သခွားသီး၊ GreenTea၊ ပျားရည်၊ အုန်းဆီ စတာတွေအသုံးပြုခြင်းအားဖြင့် နှုတ်ခမ်းကိုရေဓာတ်ဖြည့်ပေးနိုင်ပြီးချောမွေ့စေသလို နှုတ်ခမ်းရောင်ရမ်းတာတွေရှိရင်တောင်သက်သာစေနိုင်ပါတယ်။
3) နှုတ်ခမ်းကို scrub ပြုလုပ်ကြည့်ပါ
♈ Sugar scrub တွေ Baking soda ပါဝင်တဲ့ scrub တွေ နှုတ်ခမ်းကိုအသုံးပြုပေးခြင်းကအဖတ်တွေလန်နေတဲ့ နှုတ်ခမ်းအပေါ်ယံအလွှာကိုဖယ်ရှား ပေးပါတယ်။ ဒီလိုအဖတ်လန်နေတာတွေကိုဖယ်ရှားပေးခြင်းက နှုတ်ခမ်းအဆီ LipBalm တွေသုံးပြီး အစိုဓာတ်ထိန်းပေးတဲ့နေရာမှာလည်း အာနိသင်ပိုကောင်းစေပါတယ်။
4)ရေများများသောက်ပါ
♈ ရေဓာတ်ခမ်းခြောက်တာဟာ နှုတ်ခမ်းခြောက်တာ၊ အဖတ်လန်တာတွေကိုဖြစ်စေတဲ့အဓိကတရားခံပါပဲ။ အဲ့တာကြောင့် တစ်နေ့ကိုရေ ၈ ခွက်တော့ ပုံမှန်သောက်သုံးပေးသင့်ပါတယ်။
5) ရေငွေ့ပေးစက်အသုံးပြုပါ
♈ အလုံပိတ်အခန်းတွေမှာ စိုထိုင်းဆမရှိတဲ့ ခြောက်သွေ့တဲ့လေတွေဟာ နှုတ်ခမ်း၊ အသားအရေမှာရှိတဲ့ ရေဓာတ်တွေကိုဖယ်ရှားပစ်လိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုအလုံပိတ်အခန်းတွေမှာ နေနေရတဲ့သူတွေအဖို့ ရေငွေ့ပေးစက်ကိုအသုံးပြုသင့်ပါတယ်။
6)ဆေးလိပ်ရှောင်ပါ
♈ ဆေးလိပ်သောက်တာဟာ နှုတ်ခမ်းခြောက်တာတွေပိုဖြစ်စေတဲ့အပြင် နှုတ်ခမ်းအက်ကွဲတာ၊ နှုတ်ခမ်းအနာဖြစ်တာ၊ နှုတ်ခမ်းအရောင် ပြောင်းတာတွေကို လည်းဖြစ်စေပါတယ်။ ဒါ့ကြောင့် ဆေးလိပ်ကိုလုံးဝရှောင်ဖို့လိုပါမယ်။
ဒေါက်တာလွမ်းရိပ်
Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဒေါက်ဖိနပ် အမြဲစီးသူတို့ သိထားသင့်သောအရာများ

1 Mins read
သင်ဟာ ဒေါက်ဖိနပ် အမြဲစီးတတ်တဲ့သူတစ်ယောက်ဆိုရင် သက်တောင့်သက်သာဖြစ်ရေး၊ ဘေးကင်းမှုနဲ့ ကျန်းမာ ရေးအတွက် သင်သိထားသင့်တဲ့ အရေးကြီးအချက်တွေရှိပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ အရပ် ရှည်သွားစေ ခြင်း၊ စမတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း စတဲ့အချက်တွေကြောင့် စီးလေ့ ရှိကြပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

လတ်ဆတ်တဲ့ အသား နဲ့အသားခြောက် တို့မှာကွာခြားချက်ရှိနေလား

1 Mins read
အသား လတ်လတ်ဆတ်ဆတ်နဲ့ အသားခြောက်တို့ကြား သိသာထင်ရှားတဲ့ ကွာခြားချက်ရှိပါတယ်။ အစိုဓာတ် ပါဝင်မှု၊ လျှာပေါ်မှာထိတွေ့ခံစားရတဲ့ အနေအထား၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် ချက်ပြုတ်တဲ့ နည်းလမ်းများမှာ ကွာခြားမှုတွေ ရှိပါတယ်။ အစိုဓာတ်ပါဝင်မှု- လက်ဆတ်တဲ့အသားနဲ့ အသားခြောက်တို့ကြား အဓိကကွာခြားချက်မှာ အစိုဓာတ် ပါဝင်မှုပဲ ဖြစ်ပါတယ်။ လတ်ဆတ်သောအသားတွေမှာ…