အခုဆိုရင် နှစ်သစ်ကူးတော့မယ့် ကာလအတွင်းကိုရောက်ရှိလာပြီဆိုတော့ ကျွန်တော်တို့တွေ ပြီးခဲ့တဲ့ ၂၀၂၀ကို တွေးကြည့်မယ်ဆိုရင် အရင်နှစ်တွေကလို အလုပ်တွေလုပ်ကြ /ခရီးတွေထွက်ကြဆိုတဲ့ အချိန်တွေလိုမဟုတ်ခဲ့ဘဲ Covid19 ဂယက်ကြောင့် အိမ်ထဲမှာများများနေကြရပါတယ်။ ကိုယ်ခံအားကောင်းဖို့ နဲ့ပတ်သက်တဲ့ စကားတွေကို အများကြီးပြောခဲ့ရပါတယ်။ တစ်နှစ်တာကာလအတွင်း မိမိကိုယ်ကို အကောင်းဆုံးသုံးသပ်ပြီး နောက်နှစ်သစ်ကို ကူးကြတဲ့အခါ ကျွန်တော်တို့တွေရဲ့ ကိုယ်ခံစွမ်းအားတွေကို အရင်ဆုံးမြှင့်တင် ထားကြဖို့ရာ လိုအပ်ပြီး မိမိရဲ့ စွမ်းဆောင်ရည်တွေကို နှစ်ဆတိုးမြှင့်မှသာ ဒီဝေဒနာရဲ့ ဘေးဆိုးကပ်ဆိုးတွေကနေလွတ်မြောက်ပြီး လူသားစွမ်းရည် ပိုမိုတိုးတက်လာစေမှာ အသေအချာပဲဖြစ်ပါတယ်။
ကိုယ်ခံအားဆိုဝာာကတော့ ရောဂါပိုးမွှားတွေရဲ့ ကူးစက်ခြင်းကို ကာကွယ်ပေးတဲ့ ဆဲလ်နဲ့ ပရိုတင်းများပဲဖြစ်ပါတယ်။ ကိုယ်ခံစွမ်းစနစ်က ခန္ဓာကိုယ်ထဲ၀င်ရောက်လာတဲ့ ပိုးမွှားတွေကို မှတ်တမ်းတင်န်ုင်စွမ်းရှိပြီး လျင်မြန်စွာဖျက်စီးနိုင်စွမ်းလည်းရှိပါတယ် ကိုယ်ခံအားစနစ်ကိုကျစေတဲ့ အကြောင်းရင်းတွေကတော့ စိတ်ဖိဆီးမှုမြင့်မားခြင်း၊ စိတ်ဖိဆီးမှုကြောင့်အစာအိမ်ပြသနာရှိခြင်း၊ အမြဲတမ်းအအေးမိနေခြင်း၊ အနာဖြစ်တဲ့အခါသက်သာဖို့ခက်ခဲခြင်း၊ မကြာခဏမောပန်းတတ်ခြင်း၊ မကြာခဏရောဂါပိုး၀င်တတ်ခြင်း စတဲ့ အချက်တွေကြောင့်ပဲဖြစ်ပါတယ်။
ကိုယ်ခံအားစနစ်အားကောင်းစေပြီးကျန်းမာ စေမယ့်နည်းလမ်းများအနေနဲ့ အရက်ဆေးလိပ်ဖြတ်ခြင်း၊ ရေများများသောက်ပေးခြင်း၊ သစ်သီးနဲ့ဟင်းသီးဟင်းရွက်စားပေးခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာသောကိုယ်အလေးချိန်ကိုထိန်းသိမ်းခြင်း၊ လုံလောက်စွာအိပ်စက်ခြင်း၊ မနက်စောစော နေရောင်ခြည်မှဗီတာမင်ဓာတ်ခံယူခြင်း ချွေးထွက်စေဖို့ ပူနွေးတဲ့ အစားအစာများစားသုံပေးပြီး မနက်ပိုင်း အချိန်ရေချိုးပေးခြင်း လက်များကိုမကြာခဏဆေးကြောသန့်စင်ခြင်းဆိုတဲ့ အချက်များပဲဖြစ်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံစွမ်းအားတုန့်ပြန်မှုစွမ်းရည် လျော့နည်းသွားပြီး ၎င်းက နေ တစ်ဖန်ရောဂါကူးစက်မှုပိုမိုများပြားလာပြီး ကင်ဆာပိုမိုများပြားလာပါတယ်။ အသက်ရှူလမ်းကြောင်း ဆိုင်ရာကူးစက်မှုများ၊ တုပ်ကွေး၊ COVID-19 ဗိုင်းရပ်စ်နှင့်အထူးသဖြင့်အဆုတ်ရောင်ရောဂါ များဟာ
ကမ္ဘာတစ် ၀ှမ်းမှာရှိတဲ့ အသက်၆၅ နှစ်ကျော်လူကြီးပိုင်းတွေရဲ့ သေဆုံးမှု၏အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ဒါကြောင့်ငယ်ရွယ်စဥ်ကာလ တွေထဲကကိုယ်ခံစွမ်းအားကောင်းမွန်ပြီး ဖြစ်လာတဲ့ ရောဂါဝေဒနာတွေကို တွန်းလှန်နိုင်ဖို့ သဘာ၀နည်းလမ်းများကိုအသုံးချပြီး နှစ်သစ်ကိုကျော်ဖြတ်ကြဖို့ရာ တိုက်တွန်းလိုက်ရပါတယ်။
ဒေါက်တာနိုင်း(ဆေး-၁)
#immunesystem