insomnia
စိတ်ကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

နေ့ညအိပ်ချိန်လွဲမှားခြင်းကိုဘယ်လိုဖြေရှင်းကြမလဲ

1 Mins read

လူတစ်ယောက်မှာတစ်နေ့တာအိပ်စက်အနားယူချိန်က ၈နာရီရှိသင့်တယ်လို့ အကြမ်းမျဉ်းအားဖြင့် ကျွန်တော်တို့ ပြောလေ့ရှိကြပါတယ်။ တခါတလေမှာ နေ့ဘက်ကို အရမ်းတွေအိပ်ပျော်ပြီး ညဘက်ကို လုံးဝအိပ်မရသူတွေကိုတွေ့ရပါတယ်။ ဒါကိုတော့ အိပ်ပျော်ရန်ခက်ခဲခြင်း စောစောနိုးပြီးပြန်အိပ်မရခြင်း စတဲ့ အိပ်စက်မှုဆိုင်ရာပြသနာတစ်ရပ်ပဲဖြစ်ပါတယ်။

အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ အိပ်လိုစိတ်မရှိခြင်း စိတ်ဖိဆီးမှုများခြင်း လေယာဉ်နောက်ကျခြင်း၊ အချိန်အပိုင်းအခြားမတူညီတဲ့နိုင်ငံများမှာနေလာခြင်း၊ ကျန်းမာရေးအခြေအနေနဲ့ သောက်သုံးနေတဲ့ ဆေးဝါး နဲ့ကဖင်းပါတဲ့ကော်ဖီတွေကြောင့်ဖြစ်နိုင်ပါတယ်။ အိပ်မပျော်ခြင်းကနေ စိုးရိမ်သောက စိတ်ဓာတ်ကျခြင်းနဲ့ တခြားသောစိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ တခါတရံမှာတော့ ဒါကအလေ့အကျင့်တစ်ခုလို ကနေ အိပ်မရတာမျိုးဖြစ်လာတတ်ပါတယ်။ ဥပမာအားဖြင့် ညဘက်အချိန်တွေကို ကော်ဖီသောက်တာ nigh club နဲ့ barတွေသွားတာများလာတာကနေ ညဘက်အိပ်တတ်တဲ့အကျင့်က နည်းပါးသွားတာဖြစ်ပါတယ်။

နေ့စဉ် ၆နာရီအပြည့်မအိပ်ရတဲ့အခါ လူကစိတ်မကြည်လင်ဖြစ်လာပြီး ကျန်းမာရေးကိုပါထိိုက်လာနိုင်ပါတယ်။ ကျန်းမာရေးပြသနာတွေဖြစ်တဲ့ နားနှခေါင်းဆိုင်ရာရောဂါများ၊ အစာအိမ်စားချဉ့်ပြန်ရောဂါများ ပန်းနာရင်ကြပ်နဲ့အာရုံကြောဆိုင်ရာရောဂါများ  အဆစ်အမြစ်များ ကိုက်ခဲရောင်ရမ်းခြင်းများ ဝဟောက်ငိုက်တိုက်ခေါ်တဲ့အိပ်ပျော်စဉ် အသက်ရှူကြပ်တဲ့ဝေဒနာများစတဲ့ ဝေဒနာတွေရှိခဲ့ရင်လည်း ညအိပ်မပျော်ခြင်းကိုဖြစ်စေပါတယ်။

အိပ်မပျော်သူတွေအနေနဲ့ အိပ်ဆေးကို အလွယ်တကူသောက်လိုက်ခြင်းကလည်း ပိုပြီးဆိုးရွားစေတဲ့အချက်ဖြစ်ပါတယ်။ အိပ်ဆေးတွေက လူကိုစွဲစေတဲ့ ဓာတ်တွေပါတာမို့ ဆရာဝန်ညွှန်ကြားချက်မပါဘဲမသောက်သင့်ပါဘူး။ တစ်နေ့မအိပ်လို့ အိပ်ဆေးသောက်လိုက်တာနဲ့ နောက်နေ့တွေပါ အိပ်ဆေးကမသောက်မနေရဖြစ်လာတတ်ပါတယ်။

ညအိပ်ပျော်စေဖို့ကြိုးစားသင့်တဲ့ ရှောင်ရမယ့် နည်းလမ်းတွေကတော့ ကဖင်းဓာတ်ပါတဲ့ ကော်ဖီလက်ဖက်ရည်တွေဖြတ်တာ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာ အိပ်ယာဝင်ခါနီး ဂိမ်းဆော့တာ ကွန်ပြူတာကြည့်တာ ဖုန်းသုံးတာတွေကိုရှောင်ရှားတာ အိပ်ခါနီးရေသောက်၊ အစားစားတဲ့ အကျင့်ကိုရှောင်တာမျိုးတွေကိုလုပ်ပေးသင့်ပါတယ်။အိပ်ချိန်မမှန်တဲ့အခါ အရင်ဆုံးဖြစ်လာတတ်တာက ကိုယ်အလေးချိန်မမှန်တာ၊ ဆီးချိုဖြစ်နိုင်ချေများတာ၊ လူမှုဆက်ဆံရေးအဆင်မပြေတာ ဦးနှောက်မှတ်ဉာဏ်စွမ်းရည်ကျဆင်းတာ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်လာ တာမျိုးတွေဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်လို့အချိန်လွန်အောင်အိပ်စက်တာမျိုးတွေကလည်း ခန္ဒာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ် တွေကိုပြောင်းလဲစေပါတယ်။

တစ်နေ့တာအတွက် ကျန်းမာအောင်ဘယ်လိုနေမလဲ ဆိုတဲ့အတွေးမျိုးလေး တွေကို ထားရှိသင့်ပါတယ်။ တညတာအိပ်ပျော်ဖို့ဆောင်သင့်တဲ့အချက်လေးတွေကတော့ ညအိ်ပ်တဲ့အခါမီးကိုအမှောင်ချပြီး စိတ်ငြိမ်စေမယ့်တီးလုံးလေးတွေကို ခပ်တိုးတိုးဖွင့်ပေးတာ၊ ယောဂလေ့ကျင့်ခန်းလုပ်ပေးတာ၊ တရားထိုင်တာ၊ နှိပ်ပေးတာ၊ ရေနွေးနွေးချိုးပေးတာ၊ ခြေထောက်ဆေးစိမ်တာ ၊ ချစ်တင်းနှီးနှောတာကလည်း ဇနီးမောင်နှံတွေရဲ့အိပ်စက်ဖို့ရာအထောက်အကူပေးပါတယ်။

အိပ်ပျော်ဖို့ရာ အတင်းကြိုးစားနေတဲ့စိတ်ကိုဖျောက်ပြီး စိတ်ကို ငြိမ်းချမ်းမှုရအောင် နေပေးသင့်ပါတယ်။ ပုံမှန်အားဖြင့် ည ၂နာရီလောက်မှအိပ်ပျော်တယ်ဆိုရင် တရက်ခြင်းစီခန့် ည ၁နာရီ ည၁၂နာရီ စသဖြင့် စတင်အိပ်တဲ့အချိန်ကိုရှေ့ကိုတိုးပြီးပြောင်းလဲပေးသင့်ပါတယ်။ ဒါမှသာ မှတ်ဉာဏ်စွမ်းရည်လည်းတိုးတက်သလို QUALITY ရှိတဲ့လူနေမှုဘဝတစ်ခုကိုထူထောင်နိုင်မှာပဲဖြစ်ပါတယ်။

ဒေါက်တာနိုင်း (ဆေး-၁)

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…