ကျန်းမာရေး( အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

နေ့စဉ်ရက်ဆက်အရက်သောက်ခြင်း – Drinking Alcohol Everyday

1 Mins read

အရက် ( Alcohol )ကို နေ့စဉ်သောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ရေတိုမှာရော၊ ရေရှည်မှာပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

အရက်ဟာ ခန္ဓာကိုယ်အပေါ် ရှုပ်ထွေးသောအကျိုးသက်ရောက်မှုများရှိပြီး နှလုံး၊ ကျောက်ကပ်၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ သွေးကြောစနစ်နှင့် အသည်းကဲ့သို့သော အင်္ဂါများနှင့် စနစ်များစွာကို ထိခိုက်စေနိုင်ပါတယ်။

” အရက်နှင့် အစာအိမ်နှင့် အူလမ်းကြောင်း “

အရက်ဟာ အစာအိမ်နဲ့အူလမ်းကြောင်းအတွင်းပိုင်းကို ထိခိုက်စေပြီး ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ အရက်ကို ကြာရှည်စွာ စွဲမြဲသောက်ခြင်းဟာ တစ်သျှူးများကို ပျက်စီးစေပြီး မတူညီသော ကင်ဆာများ၊ autoimmune ရောဂါနှင့် ဆဲလ်သေများကို ဖြစ်စေနိုင်ပါတယ်။ အရက်သောက်ခြင်းဟာ အစာအိမ်မျိုပြွန် အက်ဆစ် ပြန်တက်ရောဂါ (GERD) ၏ လက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

” အရက်နှင့်နှလုံး “

အရက်ဟာ ခန္ဓာကိုယ်အတွင်းရှိ အရည်များကို လျော့နည်းစေတာကြောင့် နှလုံးက တူညီသောသွေးပမာဏကို တွန်းထုတ်ရန် အလုပ်ပိုမိုလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အရက်သောက်ခြင်းဟာ သွေးပေါင်ချိန်ကို တိုးစေပြီး နှလုံးခုန်နှုန်းကို တည်ငြိမ်အောင် ထိန်းထားတဲ့ နှလုံးအတွင်း စီးဆင်းမှု (လျှပ်စစ်အချက်ပြမှုများ) ကို ပြောင်းလဲစေနိုင်တာကြောင့် နှလုံးခုန်မမှန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

အရက်အလွန်အကျွံသောက်သုံးခြင်းဟာ အထူးသဖြင့် အသက်ကြီးသော အမျိုးသားများမှာ ရုတ်တရက် နှလုံးရပ် ခြင်းနှင့် ဆက်စပ်မှုရှိပါတယ်။ နှလုံးဆဲလ်တွေက ပုံမှန်စည်းချက်အတိုင်း မထိန်းနိုင်ဘဲ ရုတ်တရက် နှလုံးခုန် ရပ်သွားစေပါတယ်။

“အရက်နှင့်ကျောက်ကပ်”

အရက်ဟာ ဆီးထွက်နှုန်းတိုးလာခြင်းကြောင့် ဆီးသွားများစေပြီး နည်းလမ်းမျိုးစုံနဲ့ ခန္ဓာကိုယ်မှ အရည်များကို ဆုံးရှုံးစေပါတယ်။ အဲ့ဒီ့အခါ  ကျောက်ကပ်ဟာ အန္တရာယ်ရှိသော အဆိပ်အတောက်များနှင့် ပိုမိုထိတွေ့ရတဲ့ အတွက် အချိန်ကြာလာသည်နှင့် အမျှ ကျောက်ကပ်၏လုပ်ဆောင်မှု ကျဆင်းလာပြီး  အဆိပ်အတောက်များကို စစ်ထုတ်ခြင်း မပြုနိုင်တော့ဘဲ အခြားအင်္ဂါများကိုပါ ပျက်စီးစေပါတယ်။

“အရက်နှင့် အသည်း “

နေ့စဉ်အရက်သောက်ခြင်းဟာ အသည်းတစ်သျှူးများကို fibrosis သို့မဟုတ် အမာရွတ်ဖြစ်စေနိုင်ပြီး  အသည်း ရောင်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကာလရှည်ကြာ အရက်သောက်ခြင်းဖြင့် နောက်ဆုံးမှာ အသည်းကို ပျက်ဆီးသွားစေနိုင်ပါတယ်။

” အရက်နှင့် သွေးကြောစနစ်”

အရက်သောက်ခြင်းဟာ သွေးကြောတွင်း သွေးခဲမှုများကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါ သွေးခဲများက သွေးကြော ထဲကနေ ပြုတ်ထွက်ပြီး တခြားနေရာတွေကို ရောက်သွားပါက နှလုံးဖောက်ခြင်း၊ အဆုတ်သွေးကြောပိတ်ခြင်း သို့မဟုတ် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

အရက်နှင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ . . .

နေ့စဥ်အရက်သောက်ခြင်းဟာ  အောက်ပါစိတ်ပိုင်းဆိုင်ရာ လက္ခဏာများကို ဖြစ်စေနိုင်ပါတယ်။

–      လူမှုပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်သော အပြုအမူများ

–      စိုးရိမ်ပူပင်သောကများခြင်း

–      စိတ်ဓာတ်ကျခြင်း

–      စိတ်ဆတ်ခြင်း

–      ထိတ်လန့်ကြောက်ရွံ့ခြင်း

–      အိပ်ချိန်မမှန်ခြင်း။

–      စိတ်ကျန်းမာရေး အခြေအနေများ ပိုဆိုးလာခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။

အရက်ကို ကြာရှည်စွာ စွဲမြဲသောက်သုံးခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆိုးရွားစေနိုင်ပြီး နဂိုရှိပြီးသား စိတ်ပိုင်းဆိုင်ရာရောဂါများဖြစ်တဲ့ စိတ်ဓာတ်ကျခြင်း နှင့် စိုးရိမ်ပူပင်မှုများခြင်းတို့ကို ပိုဆိုးစေနိုင်ပါတယ်။ သင်ကိုယ်တိုင် သို့မဟုတ် သင်ချစ်ရသူတစ်ဦးဟာ အရက်စွဲခြင်းအတွက် ကုသမှုခံယူရန် လိုအပ်တယ်လို့ ထင်ပါက ရောဂါလက္ခဏာများ ဖြစ်ပေါ်လာတဲ့အထိ မစောင့်ဘဲ လိုအပ်တဲ့ အကူအညီကို တတ်ကျွမ်းနားလည်သူတွေဆီက ချက်ချင်းရယူသင့်ပါတယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#Dr.Shoon(ဆေး-၁)

#myDoctor

#teleMedicine

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…

Leave a Reply

Your email address will not be published. Required fields are marked *