Zn_Boost
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

နေရာအနှံ့ ဝက်ခြံထွက်နေတာ ဘာကြောင့်လဲ ?

1 Mins read

ဝက်ခြံတွေကလဲ ပျောက်သွားတယ်ကို မရှိတော့ဘူးဆရာရေ ။ ပျောက်သွားလဲ ခဏပဲ ပြီးရင် ပြန်ထွက်လာလိုက် နဲ့ မျက်နှာတင်မကဘူး ကျောတွေမှာပါ ပေါက်တယ်ဆိုပြီး စိတ်လက်မရွှင်မသာနဲ့ လာတိုင်ပင်ပါတယ်။
အချက်အလက်လေးတွေ မေးကြည့်လိုက်တော့- အိပ်ရေးကလဲ ပျက်တယ် ။ အအိပ်ပျက်တော့ အစားလဲပျက်တယ်။
ဒီကြားထဲ အိပ်မရလို့ စိတ်ဖိစီးလိုက် တစ်ခြားလူမှုရေး၊အချစ်ရေး နဲ့ မိသားစုရေး အရေးပေါင်းများစွာနဲ့ ဖိစီးလိုက် ဝက်ခြံတွေက လူရုပ်မထွက်အောင် ပေါက်လွန်းလို့ စိတ်တွေ ညစ်ညူးနေလိုက်နဲ့ ဖြစ်တယ်လို့ ပြောပါတယ်။

ဝက်ခြံထွက်ရတဲ့အကြောင်းအရင်းများစွာရှိပါတယ်။ ဒါတွေကတော့
-1. အိပ်ရေးပျက်ခြင်း
2. စိတ်ဖိစီးမှု များလွန်းခြင်း
3. အစားအသောက် ချိုတဲ့ခြင်း
4. အိပ်ယာ ခေါင်းအုံး မသန့်ရှင်းခြင်း
5. မျက်နှာအဆီ ပြန်လွယ်ခြင်း
6. အပူ အစပ် စားလွန်းခြင်း
7. အငန် အလွန်အကျွံ စားခြင်း
8. မိန်းကလေးများ ရာသီသွေးဆင်းချိန်နီးခြင်
း9. အရွယ်ရောက်လာချိန်မှာ Hormone အပြောင်းအလဲကြောင့် ဖြစ်ခြင်းနဲ့
10. Zinc ဓါတ်ချို့တဲ့နေခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဒီလို နေရာအနှံ့ပေါက်ပြီး အထူးသဖြင့် မျက်နှာမှာဝက်ခြံတွေ အရမ်းထွက်နေတာကို ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုရင်
📌 Zinc အားဆေးသောက်ပါ။Zinc ဓါတ် ရရှိခြင်းအားဖြင့် အိပ်စက်ခြင်းကို လဲ အထောက်အကူပြုသလို Stressကိုလဲ လျှော့ချပေးပါတယ်။
📌ရေများများသောက်ပါ။ရေဓါတ်အလုံအလောက်ရမှ သွေးစီဆင်းမှုကောင်းမွန်ပြီး အသားအရည် ကြည်လင်စေမှာဖြစ်ပါတယ်။
📌မျက်နှာကို သန့်ရှင်းစွာထားပါ။မသန့်ရှင်းတဲ့လက် နဲ့ ကုတ်ဖဲ့ခြင်း အချိန်ပြည့်ကိုင်တွယ်နေခြင်းကို ရှောင်ပါ။
📌အရက်သေစာ လျှော့ချပါ။
📌တနေ့ 2ကြိမ် မျက်နှာသစ်ပါ။
📌အနည်းဆုံး 8 နာရီ အိပ်ချိန်လုံလောက်ပါစေ။
📌Stress ကိုလျှော့ချပါ။
📌အိပ်ယာခေါင်းအုံးတွေကို တစ်ပတ်တစ်ခါလျှော်ပါ ။ နေပူပူမှာလှန်းပြီး မီးပူတိုက် အသုံးပြုပါ။
📌အဟာရမျှတအောင် စားသုံးပါ။
📌အရည်ရွှမ်းတဲ့ အသီးအနှံတွေ အရွက်တွေ များများစားပါ။
📌အပေါစား Cosmetic တွေ လျှောက်သုံးခြင်းနဲ့ မတည့်တာတွေ အသုံးမပြုမိစေရန် သတိထားပါ။
📌သဘာဝ Skin Care နဲ့ တစ်ပတ်တစ်ကြိမ် သို့ တစ်နေ့တစ်ကြိမ် ပြုလုပ်ပေးပါ။
အပေါ်ကပြောပြထားတဲ့ ဝက်ခြံထွက်တဲ့ အကြောင်းအရင်းနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို သိပြီဆိုတော့ သေချာလေး ဂရုစိုက်စိုက် လိုက်လုပ်ပေးနိုင်မယ်ဆိုရင် ဝက်ခြံတွေ ထွက်နေတာကို တဖြည်းဖြည်း ကောင်းမွန်လာအောင် ပြုလုပ်ပေးနိုင်မယ်လို မျှော်လင့်ပါတယ်။
#Zn_Boost
#GNCLiveWell
#Dr_John(ဆေး-၂ )

MyDoctor Telemedicine Application
Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…
နေထိုင်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

When should you give your brain a break ?

1 Mins read
🧠 ကျွန်တော်တို့ ခန္တာကိုယ်မှာ တရစပ် မရပ်မနား သေတဲ့အထိ အလုပ်လုပ်ရတဲ့ အကောင်က နှလုံးနဲ့ ဉီးနှောက်ပါပဲ။ လူသေသွားရင် နှလုံးကရပ်သွားပေမယ့် ဉီးနှောက်ကဆက်လုပ်နေရတုန်းပဲ အဲ့တာကြောင့်သေသွားပေမယ့် Brain Wave တွေကျန်နေသေးတယ်ဆိုတာကြားဖူးမှာပါ။ စိတ်ရှုပ်စရာတွေ စိတ်မချမ်းမြေ့စရာသတင်းတွေချည်းပဲ ဆက်တိုက်ကြားလာရတဲ့အခါ လူက လောင်မြိုက်လာတတ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *