Rapid Heartbeat
သွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများ

နလုံးခုန် မြန်ခြင်းဟာအန္တရာယ်ရှိလား ❓

1 Mins read


👉နှလုံးခုန်မြန်တယ်ဆိုတာဘာလဲ❓
နှလုံးခုန် မြန်တယ်ဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကတော့ ဆေးပညာသဘောအရ ပုံမှန်အချိန်မှာကို တစ်မိနစ်အတွင်း နှလုံးရဲ့ခုန်တဲ့အကြိမ်အရေအတွက် ၁၀၀ ကျော်တာကိုဆိုလိုပါတယ်။
ပြေးလွှား တောင်တက် အားကစားလုပ်တဲ့အချိန် ဘောလုံးကန်တဲ့ အချိန်မျိုးမှာလဲ ၁၀၀ ကျော်တတ်ပေမယ့် ဒါဟာပုံမှန်ပါပဲ။

👉ဘယ်လိုသိနိုင်မလဲ ❓
အခု ကိုဗစ်ကာလတုန်းကတိုင်းတဲ့ spO2 တိုင်းတဲ့ စက်တွေမှာ Pulse rate PR ဆိုပြီးပြတဲ့ဟာလို့ အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။

👉ဘာလို့ အန္တရာယ်ရှိနိုင်လဲ❓
ဒီအချက်ကတော့ နှလုံးခုန်မြန်ခြင်းကို ဘယ်အကြောင်းရာကဖြစ်စေတယ်ဆိုတာရယ်နဲ့ နှလုံးက ဘယ်လောက်အလုပ်လုပ်နေရတယ်ဆိုတာပေါ်မှာမူတည်ပါတယ်။
နှလုံးခုန်မြန်ခြင်းရဲ့အကျိုးဆက်အနေနဲ့ လေဖြတ်နိုင်ခြေမြင့်မားခြင်း၊ နှလုံးရောဂါဖြင့် အသက်ပါဆုံးရှုံးခြင်းတို့ထိဖြစ်စေနိုင်ပါတယ်။နှလုံးခုန်အရမ်းမြန်နေတဲ့အချိန်မှာ နှလုံးကနေ ခန္ဓာကိုယ်တလျှောက်လုံးကို သွေးရောက်ဖို့အတွက် လုံလောက်အောင်ညှစ်ပေးနိုင်စွမ်းနည်းလာတဲ့အခါ လိုအပ်တဲ့နေရာသွေးရောက်ဖို့ နှလုံးကပိုအလုပ်လုပ် ပိုမြန်မြန်ညှစ်ရတဲ့အတွက် နှလုံးကြွက်သားများလဲမောပန်းလာပါတယ်။အဲ့အချိန်မှာ အောက်ဆီဂျင်မရတဲ့ နှလုံးကြွက်သားတွေ သေဆုံးပြီး နှလုံးရပ် (cardiac arrestရ)ပြီးသေဆုံးနိုင်ပါတယ်။

📌 နှလုံးခုန်မြန်စေတဲ့အကြောင်းအရာများကတော့
1 စိတ်ဖိစီးမှုများခြင်း
2 ပုံမှန်ထက်ကော်ဖီသောက်ခြင်း
3.ပုံမှန်ထက်ဆေးလိပ်သောက်ခြင်း
4 အ‌ရက်သောက်သုံးခြင်း
5 မွေးရာပါနှင့်အခြားနှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိခြင်း၊
6. နှလုံးခုန်မြန်စေသော အချို့ဆေးဝါးများ
7 မူးယစ်ဆေးသုံးစွဲခြင်း
8 ကိုယ်တွင်းဆားဓာတ်( electrolytes )မညီမျှခြင်း
9 ရောဂါပိုးဝင်ခြင်း
10 ကင်ဆာရောဂါအခံရှိခြင်း
11. လည်ပင်းကြီးရောဂါအခံရှိခြင်း
နှလုံးခုန်မြန်နေပြီး အထက်ပါ ကိစ္စရပ်များနှင့် ကိုက်ညီနေတယ်ဆိုရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ပြသသင့်ပါတယ်။
“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”#myDoctor #Dr_Thurein_ဆေး(၁)

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…