နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဒေါက်ဖိနပ် အမြဲစီးသူတို့ သိထားသင့်သောအရာများ

1 Mins read

သင်ဟာ ဒေါက်ဖိနပ် အမြဲစီးတတ်တဲ့သူတစ်ယောက်ဆိုရင် သက်တောင့်သက်သာဖြစ်ရေး၊ ဘေးကင်းမှုနဲ့ ကျန်းမာ ရေးအတွက် သင်သိထားသင့်တဲ့ အရေးကြီးအချက်တွေရှိပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ အရပ် ရှည်သွားစေ ခြင်း၊ စမတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း စတဲ့အချက်တွေကြောင့် စီးလေ့ ရှိကြပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့ ခြေထောက်နာခြင်းနှင့် အခြားခြေထောက် ပြဿနာများ၊ ဒူးနာခါးနာခြင်းစတာတွေကိုလည်း ခံစားရစေနိုင်ပါတယ်။

ဒေါက်ဖိနပ်အမြဲစီးသူတို့ အဓိက ထည့်သွင်းစဉ်းစားရမယ့် အချက်အချို့ ကတော့

ခြေထောက်ကျန်းမာရေး- ဒေါက်ဖိနပ်ကို ပုံမှန်ဝတ်ဆင်ခြင်းဟာ ခြေဖဝါးကို ဒဏ်ဖြစ်စေကာ ခြေထောက်ဆိုင်ရာ ပြဿနာများဖြစ်သော ခြေမရိုးအတက်ထွက်ခြင်း (bunions) ၊ အသားမာတက်ခြင်း (callus) နှင့် ခြေဖနောင့် အရွတ်ရောင်ခြင်း (plantar fasciitis) ကဲ့သို့သော ခြေဖဝါးပြဿနာများကို ဖြစ်စေနိုင်ပါတယ်။

ဖိနပ်နှင့် အံကိုက်ဖြစ်ပါစေ – မိမိခြေထောက်နှင့် ကွက်တိကျကိုက်ညီတဲ့ ဒေါက်ဖိနပ်များကိုသာ ဝတ်ဆင်ပါ။ သင့်လျော်မှုမရှိတဲ့ဖိနပ်များဟာ အရည်ကြည်ဖုများ၊ ငါးမျက်စိများနှင့် အခြားမသက်မသာခြင်းများကို ဖြစ်စေနိုင် ပါတယ်။

ဒေါက်ဖိနပ် အမြင့်- မတူညီတဲ့ ဒေါက်ဖိနပ်ရဲ့ အမြင့်ပေါ်မူတည်ပြီး ခန္ဓာကိုယ်ကို ကွဲပြားစွာ သက်ရောက်မှု ရှိနိုင်ပါ တယ်။ အလွန်မြင့်တဲ့ ဒေါက်ဖိနပ်များဟာ သင့်ဒူးများ၊ နောက်ကျောနှင့် တင်ပါးများကို ဖိအားများ တိုးလာ စေနိုင်ပါ တယ်။ သင့်ခန္ဓာကိုယ်ကို အခါအားလျော်စွာ အနားရစေနိုင်ရန် ဒေါက်ဖိနပ်ကို အမြင့် ပြောင်းလဲဝတ်ဆင်ပါ။

ကိုယ်ဟန်အနေအထား- ဒေါက်ဖိနပ်စီးခြင်းက သင့်ကိုယ်ဟန်အနေအထားကို ထိခိုက်စေနိုင်ပြီး နောက်ကျောနှင့် လည်ပင်းနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ လမ်းလျှောက်တဲ့အခါနှင့် မတ်တပ်ရပ်တဲ့အခါ ကိုယ်ဟန်အနေအထား ကို အာရုံစိုက်ရန် ကြိုးစားပါ။

ဖိနပ်အသား- လေဝင်လေထွက်ကောင်းပြီး သက်တောင့်သက်သာဖြစ်စေသော ပစ္စည်းများဖြင့် ပြုလုပ်ထားတဲ့ အရည်အသွေးမြင့် ဒေါက်ဖိနပ်များသာ စီးပါ။ မသက်မသာဖြစ်စေပြီး အရေပြားယားယံစေနိုင်တဲ့ စျေးပေါပြီး မာကျောတဲ့ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။

အခြားဖိနပ်များ- နေ့တိုင်း ဒေါက်ဖိနပ်မစီးပါနဲ့။ အလွန်အကျွံ ဒဏ်ရာမရအောင် ဒေါက်မပါသော ဖိနပ်များ၊ ခြေညှပ်ဖိနပ်များ၊ sneaker  သို့မဟုတ် အခြားဖိနပ်များကို ၀တ်ဆင်ခြင်းဖြင့် အနားယူပါ။

အနားပေးပါ- ဒေါက်ဖိနပ်စီးရတဲ့ ဖိအားဒဏ်ကနေ သက်သာရာရစေဖို့ ဖြစ်နိုင်ရင် ခြေထောက်ကို နေ့စဥ် အချိန် ရရင်ရသလောက် အနားပေးပါ။

သန်မာစေသော လေ့ကျင့်ခန်းများ လုပ်ဆောင်ပါ- ခြေဖဝါး၊ ခြေချင်းဝတ်နှင့် ခြေထောက်အောက်ပိုင်းကို အားကောင်းစေသော လေ့ကျင့်ခန်းများ ပြုလုပ်ပါ။ ကြွက်သားများ သန်မာနေရင် ဒေါက်ဖိနပ်စီးတဲ့အခါ ခြေထောက်ပေါ် ဒဏ်ဖြစ်ခြင်း ကို လျှော့ချနိုင်ပါတယ်။

မညီညာသော မျက်နှာပြင်များကို သတိထားပါ- ဒေါက်ဖိနပ်များဟာ မညီညာတဲ့မျက်နှာပြင်များမှာဆိုရင် တည်ငြိမ်မှုနည်းနိုင်ပါတယ်၊ ထို့ကြောင့် မြက်ခင်းများ၊ သို့မဟုတ် မညီမညာသော ပလက်ဖောင်းများပေါ်တွင် လမ်းလျှောက်တဲ့အခါ ခြေဖနောင့် အဆစ်လွဲခြင်း သို့မဟုတ် ချော်လဲခြင်းများကိုရှောင်ရှားရန် အထူးသတိထားပါ။

သင့်ခန္ဓာကိုယ်ကို နားထောင်ပါ- ဆက်တိုက်နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း သို့မဟုတ် ခြေထောက်နှင့် ပတ်သက်တဲ့ ပြဿနာတစ်ခုခုကို ခံစားရပါက ဆရာဝန်နှင့် တိုင်ပင်ပါ။ ခြေဖဝါးပြဿနာများကို လျစ်လျူရှုခြင်း ဟာ ရေရှည်တွင် ပိုမိုဆိုးရွားသော အခြေအနေများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#DrShoon(ဆေး-၁)

#myDoctor

#teleMedicine

Related posts
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…

Leave a Reply

Your email address will not be published. Required fields are marked *