ဆေးထိုးမှ ဒူးနာပျောက်မှာလား
အို စာရှုသူ သင် ဒူးနာဖူးပါသလား ငယ်ငယ်ရွယ်ရွယ် ဒူးနာ တာရှားပေမယ့် သင် အသက် ၆၀ကျော်လါပါက အမျိုးသမီးဆို ၁၀၀မှာ၄၅ ယောက် အမျိုးသားဆို ၁၀၀မှာ၂၅က ကျိန်းသေနာ တတ်ပါတယ် အဘိုးအဘွားအရွယ် ဒူးနာနေပြီဆို အိပ် လို့လည်း မပျော် ထိုင်ရထရ မလွယ် ဒုက္ခများလှ သလို မိသားစုထဲလည်း ပြုစု ကူညီဖို့ တာဝန်ကြီးကြပါတယ် ဒူးနာတဲ့ ဒဏ်မခံစား နိုင်လို့ ဆေးစွဲသောက် လိုက် ဆေးထိုးလိုက်ဖြစ် နေတဲ့ အဘိုးဘွားတွေ အတွက် ဝေဒနာဟာ ကြာလာတော့ ဖင်လည်း နာ ဒူးလည်း နာ အစာအိမ်လည်းနာ နာ၃နာနဲ ပတ်ချာရမ်းနေတော့တာပါပဲ မိသားစုအနေနှင့်ကလည်း ဘိုးဘိုးဘွားဘွားတွေ လူမမာ တွေ ပြုစုခွင့်ဟာ ကုသိုလ်တရားများစွာရနိုင် ပေမယ့်လည်း ကိုယ့်ဆွေကိုယ့် မျိုး ကြာရှည်စွာနာက်င္ခံစား နေတာ ဘယ်လို နှလုံးနဲ့ ခံစားလို့ နိုင်ပါ့မလဲ ပြီး အဲလိုပဲ ပြုစုနေ ဆေးထိုးနေ စိတ်မကောင်းဖြစ် နေ လို့ချည်းလဲ ဒီဝေဒနာက ပြီးပြတ်မယ့်အမျိုးမဟုတ်ပါ ဒါကြောင့် ဘယ်လိုသက်သာအောင်လုပ်မလဲ ကိုယ့် မှာလည်း မဖြစ်အောင် ဒီဝေဒနာကို ဘယ်လိုကာကွယ်ကြမလဲ ဆိုတာ မျေှပေးလိုက်ပါတယ်
ဘယ်လို ကာကွယ်မလဲ
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဒူးနာနိုင်ချေများပါတယ် ဒါပေမယ့် အသက်၅၀ကျော်လါပြီဆို ကျားမ မရွေး နာတာရှည်ဒူးနာ ရောဂါကိုကာကွယ်ဖို့ လိုကို လိုအပ်ပါတယ်
၁ ဝိတ်လျော့ပါ
ဝတာက အဓိကဒူးနာစေတဲ့အချက်ပါ ငယ်တုန်း ရွယ်တုန်း စည်ပိုင်းလောက် ကိုယ်ကို ဒူးကနိုင် ပေမယ့် နှစ်၄၀လောက် ထမ်းဖို့တော့ ဒူးကမစွမ်းသာပါဘူး ဒါကြောင့် ငယ်တုန်းရွယ်တုန်းကတည်းက အစားအသောက် ချင့်ချိန်စားသောက်တတ်တဲ့ အလေ့အထလုပ်ပေးပါ ဝနေရင်လည်း ဝိတ်လျော့တာ ဟာ ကာကွယ်နည်းသာမက ဒူးနာနေတဲ့ သူတွေ အတွက်ပါ သိသိသာသာသက်သာစေပါတယ်
၂ ငယ်တုန်းမှာ ဒူးကို ဒဏ်မဖြစ်အောင်နေပါ
ငယ်တုန်း ဒဏ်ရာရထားတဲ့ ဒူးက အသက်ကြီး နာ လာမှာ ရာနှုန်းအပြည့်ပါ ခိုက်မိတာက မတော်တဆဖြစ်လေ့ရှိတာမို့ ရှောင်လွဲရခက်ပေမယ့် ကိုယ် ဝါသနာပါရာ အားကစားတွေ လုပ်ချိန်တွေမှာ မလုပခင် သွေးပူလေ့ကျင်ခန်း လုပ်ပြီးမှ ကစားပါ ကွန်ကရစ်ပေါ် ပြေးတာ အားကစားလုပ်တာမျိုးရှောင်ကြဉ်ပါ
၃ သင့်တင့်မျှတသော အစားအစာ များစားပေးပါ
နွားနို့ သောက်တာ ဆော်လမွန်ငါး စားတာ အခွံမာသီး တွေ ပုံမှန်စားတာ တွေက အရိုးအဆစ်ကြိ သန်မာစေပြီး နာတာရှည်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်
၄ လေ့ကျင့်ခန်း သည် ဆေး
ဒူးမနာ ခင် လုပ်ဖို့အကောင်းဆုံးနဲ့ အလွယ်ဆုံးက လမ်းလျှောက်တာပါ လမ်းလျှောက်ရာမှာလည်းဖိနပ်ကို ကိုယ်နဲကြပ်တာ တအားမာတာ ကုပ်အားခွာမကောင်းတာ တွေ မသုံးပါနဲ့ ဒူးနာသက်သာစေသော လေ့ကျင့်ခန်း တွေကတော့အမျိုးမျိုးရှိပါတယ် ဒူးနာသက်သာစေတဲ့ ဘယ်လိုလေ့ကျင့်ခန်းအမ်ျုးအစားဖြစ်ပါစေ ကြွက်သားတွေကိုသန်မာစေလာကာ နာတာရှည်မသန်စွမ်းမှုကို ကာကွယ်ပေးစေပါတယ် တခုက လေ့ကျင့်ခန်းမလုပ်မှီ နာရီဝက်လောက်ကြိုတင် နာနေတဲ့ ဒူးကို ရေနွေးအိတ်လေးကပ်ပေးပါ အရမ်းနာနေစဉ် မှာ အကိုက်အခဲပျောက်ဆေးကြိုတင်မှီဝဲ တာ သို့ ရေနွေးဝတ်လေးပတ် ကာ လေ့ကျင့်ခန်းလုပ်ပေးနိုင်ပါတယ် လေ့ကျင့်ခန်းလုပ်ပြီး ရင်တော့ ရေခဲ ကို အဝတ်လေးနဲ့ထုတ်ပြီး ၁၀မိနစ်လောက် ကပ်ပေးပါ
ဒါလေးတွေ ဖတ်ပြီး လေ့ကျင့်ခန်းလုပ်ပေး ဖို့က အရေးကြီးတယ်ဆိုတာ အသိအမြင်တစ်ခုအနေ နှင့် လိုက်နာကျင့်ကြံမယ်လို့ ယုံကြည်ရင်း ဒီနေရာမှာပဲနှုတ်ဆက်လိုက်ပါရစေ
ဒေါက်တာ လင်း (မိသားစုကျန်းမာ)