“ဒီအရွယ်ထိသွားကြိတ်နေတုန်းလား?”
သွားကြိတ်တယ်ဆိုတာ မရည်ရွယ်ပါဘဲနဲအိပ်နေရင်းဖြစ်ဖြစ် နိုးနေစဉ်ပဲဖြစ်ဖြစ်သွားအချင်းချင်းပွတ်နေတာ၊ အရှေ့အနောက်ကြိတ်နေတာကို ဆိုလိုပါတယ်။ တော်တော်များများမှာသွားကြိတ်ခြင်းပြသနာရှိတတ်ပါတယ်။ လူတစ်ဝက်လောက်က သွားကြိတ်တတ်ကြတယ်လို့တောင်ဆိုပါတယ်။ မိမိအိပ်နေချိန်မှာသွားကြိတ်မိမှန်းဘယ်လိုသိနိုင်မလဲ? နိုးလာတဲ့အချိန်သွားကိုက်သလိုခံစားရတာမျိုး မနက်စာစားတဲ့အချိန်မှာ မေးရိုးနဲ့ ပါးတွေညောင်းနေတာ၊ တောင့်နေတာမျိုး နေ့လည်မှာခေါင်းကိုက်တာမျိုး အစားစားတဲ့ ၊ သန်းဝေတဲ့ အချိန်မှာမေးရိုးနာတာ၊ ညောင်းတာမျိုး
သွားဖုံးတွေမကြာခဏယောင်တာမျိူး တွေခံစားရနိုင်ပါတယ်။ အိပ်နေချိန်မို့ မိမိဘာသာ မသိလိုက်ဘဲ မိသားစုဝင်တစ်ယောက်ယောက်က ပြောပြမှသိတာလည်းဖြစ်န်ုင်ပါတယ်။
ဘယ်လိုလူတွေမှာ သွားကြိတ်တတ်လဲ?
အတိအကျသတ်မှတ်ချက်ရယ်လို့ပြောမရပေမယ့်ငယ်ငယ်ထဲကသွားကြိတ်တဲ့အကျင့်ရှိသူတွေက ကြီးလာရင်လည်းသွားကြိတ်တတ်ကြပါတယ်။ စိတ်ဖိစီးမှုများတဲ့ ကာလတွေ( ဥပမာ_ စာမေးပွဲရှိချိန်) ဆိုရင် ပိုသိသိသာသာ သွားကြိတ်တတ်ကြပါတယ်။ အရက်သေစာ သောက်စားတဲ့လူတွေမှာတော့ ပိုတွေ့ရပါတယ်။
သွားကြိတ်တဲ့နောက်ဆက်တွဲဘာတွေဖြစ်တတ်လဲ?
သွားအချင်းချင်း ပွတ်ကြိတ်နေတာမို့ သွားအပေါ်ကြွေလွှာတွေပျက်စီးမှာတော့ သေချာပါတယ်။ သွားဖုံးယောင်တာ၊ သွားအခြေလှုပ်တာတွေလည်းဖြစ်န်ုင်ပါသေးတယ်။
ဘယ်လိုကုသနိုင်မလဲ?
- အလေ့အကျင့်ဖြစ်လို့ အရင်ဆုံးတော့သွားမကြိတ်ဖြစ်အောင်သတိထားပေးပါ။
- စိတ်ဖိစီးမှုလျော့ကျစေဖို့ တရားထိုင်ခြင်း၊ ယောဂလုပ်ခြင်း၊ တို့ပြုလုပ်ပေးပါ။
- စိတ်ဖိစီးမှုအလွန်များနေလျှင်ဆရာဝန်နှင့်တိုင်ပင်ပါ။ သွားထိခိုက်မှုနည်းအောင် သွားဆရာဝန်နှင့်တိုက်ပင်ပါ။
ဒီလို ကုသမှုတွေလုပ်မယ်ဆိုရင် ၆လကနေ ၁နှစ်အတွင်း သွားကြိတ်တဲ့
အလေ့အကျင့်ပျောက်နိုင်ပါတယ်။
မယ်တင်( ဆေး ၁)