sinusitis
All Articlesအခြားရောဂါများအထွေထွေရောဂါများ

ထိပ်ကပ်နာ ဟုဆိုရာမှာ

1 Mins read

ထိပ်ကပ်နာ ဟုဆိုရာမှာ
Sinusitis လို့ခေါ်တဲ့ ထိပ်ခတ်နာကတော့ နှာခေါင်းတဝိုက် ဦးခေါင်းအရိုးခွံအတွင်းမှာရှိတဲ့ အခန်းငယ် လေးတွေထဲက အမြှေးပါးယောင်ယမ်းမှု ကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာပဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဆောင်းတွင်ကာလတွေမှာပိုပြီးတော့သိသာပါတယ်။ အဲ့ဒီလိုယောင်ယမ်းတဲ့ အခါ နေ့စဉ်ဘ၀ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး နှာစေးခြင်းကို အချိန်ကာလကြာမြင့်စွာ ခံစားရနိုင်ပါတယ်။ထိပ်ခတ်နာဖြစ်ချိန်မှာ နှာခေါင်းမှ တဆင့်အသက်ရှူရခက်ခဲနိုင်ပြီးယောင်ရမ်းမှုကို ခံစားရနိုင်ပါတယ်။ ဒီဝေဒနာဟာ လူကြီးရောကလေးများကိုပါသက်ရောက် စေနိုင်ပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းရင်းအနေနဲ့ လေထုထဲမှာရှိတဲ့ ဗိုင်းရပ်စ် နဲ့ ဘက်တီးရီးယားပိုးများ ဝင်ရောက်ခြင်း၊ ရာသီဥတုအကူးအပြောင်းကာလအအေးမိခြင်း၊ နှာခေါင်းတည်ဆောက်ပုံမှာ လမ်းကြောင်းလေးတွေကျဉ်းခြင်း၊ ဓာတ်မတည့်မူ ဖြစ်ပေါ်ခြင်း၊နှာခေါင်း အဆုတ် ရောဂါအခံရှိခြင်း၊ကိုယ်ခံအားနည်းခြင်း တို့ကြောင့်ပဲဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ နှာစေးခြင်း၊ မျက်နှာတဝိုက် နာကျဉ်မှုခံစားရခြင်း၊ ခေါင်းကိုက်ဝေဒနာခံစားရခြင်း၊အာသီးယောင်ခြင်း၊ လည်ချောင်းနာခြင်း၊ နုန်းခွေနေခြင်း၊ အနံ့ရနိုင်မှု နည်းလာခြင်း၊ ဖျားခြင်း၊ ညအချိန် ချောင်းဆိုးဝေဒနာခံစားရခြင်း၊လည်ချောင်းနာခြင်းစတဲ့ လက္ခဏာများပဲဖြစ်ပါတယ်။ နှာစေးတဲ့အခါ အစိမ်းရောင်၊အဝါရောင်နှပ်ရည်တွေဖြစ်နေတတ်ပါတယ်။

ရောဂါလက္ခဏာတွေ၁၂ပတ်ကျော်ထိဖြစိနေရင်တော့ နာတာရှည်ရောဂါလို့ သတ်မှတ်နိုင်ပြီး ယာယီဖြစ်တဲ့ထိပ်ခတ်နာကတော့ ဓာတ်မတည့်တတ်သူတွေမှာဖြစ်တတ်ပြီးတော့ နှာခေါင်းတဝိုက် ဦးခေါင်းအရိုးခွံအတွင်းက အခန်းငယ်လေးတွေဆီပိုး၀င်ရောက်ပြီး ခနတာအတွင်းပြန်ထွက်သွားလေ့ရှိပါတယ်။ ထိပ်ခတ်နာလို့သိတာနဲ့ ဆရာ၀န်နဲ့ သေချာစွာကုသမှုခံယူပြီး သောက်သုံးသင့်တဲ့ ဆေးဝါးတွေကို တိတိကျကျလိုက်နာသောက်သုံးသင့်ပါတယ်။

ဒီဝေဒနာကိုကာကွယ်မှုအပိုင်းတွေအနေနဲ့တော့ လက်ကိုသန့်ရှင်းစွာထားဖို့လိုပါမယ်၊ ဓာတ်မတည့်စေမယ့် အငွေ့တွေ ဖုန်မှုန့်တွေ ဆေးလိပ်မီးခိုးငွေ့တွေကို ရှောင်ကြဉ်ရပါမယ်၊ရေနွေးငွေ့ရှုပေးရပါမယ်၊ ဓာတ်မတည့်တဲ့ အခံရှိသူတွေက မိမိမတည့်တဲ့ အနံ့တွေကို သတိထားရှောင်ကြဉ်ရပါမယ်၊ ဆေးလိပ်ဖြတ်ရပါမယ်။ နေ့စဉ်ခေါင်းလျှော်တာ Aircon ဖဖဖဖဖနေအအေးကြိုက်တာတွေကို လျော့ချရပါမယ်။ ညအိပ်တဲ့အခါ နွေးနွေးထွေးထွေး ဖြစ်အောင်ညအိပ်စက်သင့်ပါတယ်။ ဗီတာမင်စီကြွယ်၀တဲ့ သီးနှံတွေကို စားသူံးသင့်ပြီး မနက်ခင်း နေရောင်ခြည်ကိုခံယူတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။အိမ်တွင်းကုထုံးအနေနဲ့ ထိပ်ခတ်နာသက်သာစေဖို့ ဆားရေအနည်းငယ်ကို နှာခေါင်းတွင်းကိုခတ်ပေးလို့ရပါတယ်။ နာတာရှည်ထိပ်ခပ်နာရောဂါကိုဆေးဝါးနှင့်သော်လည်းကောင်းအနေအထိုင်ဆင်ခြင်၍လည်းကောင်းစိတ်ရှည်ရှည်ကုသရမှာြဖစ်ပါတယ်။
ဒေါက်တာနိုင်း (ဆေး-၁)

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…