ကျန်းမာရေး( က-အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ထမင်းများများစားခြင်း (Excessive Carbohydrate Intake)

1 Mins read

ထမင်းနဲ့ဟင်းဆိုတာ မြန်မာလူမျိုးတိုင်းရဲ့ အဓိကအစားအစာတစ်မျိုးဖြစ်ပါတယ်။

ဒါပေမယ့် ထမင်းကိုအဓိကထားစားကြတာများပါတယ်။ ဒီလိုထမင်းကိုသာအဓိကထား စားကြတဲ့အတွက် ကျန်းမာရေးရှုထောင့်အရ ကောင်းကျိုးများလည်းရှိသလို ဆိုကျိုးများကိုလည်းသိထားသင့်ပါတယ်။

ကောင်းကျိုးများကတော့…

(၁) လိုအပ်သောကာဗိုဟိုက်ဒရိတ်အတွက် ကောင်းမွန်သာအစားအစာ

ထမင်းဟာ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့စွမ်းအင်ကိုထောက်ပံ့ပေးပါတယ်။

(၂)အဆီပါဝင်မှုနည်းပါးခြင်း

ထမင်းရဲ့သဘာဝကိုက အဆီပါဝင်မှုနည်းတဲ့အတွက် အဆီများတဲ့အစားအစာများကို ရှောင်ကြဉ်ရသူတွေအတွက် အထူးသင့်လျော်ပါတယ်။

(၃)လိုအပ်သောအာဟာရကိုထောက်ပံ့ပေးခြင်း

ဆန်အမျိုးအစားပေါ်မူတည်ပြီး အာဟာရဓာတ်ကွာခြားမှုရှိပေမယ့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမျှင်ဓာတ်၊ ဗီတာမင်ဘီ နဲ့ သတ္တုဓာတ်တိုအဓိကပါဝင်ပါတယ်။

(၄) Gluten ပရိုတင်း မပါဝင်ခြင်း

ထမင်းဟာသဘာဝအတိုင်း Gluten ပရိုတင်း လိုခေါ်တဲ့အသားဓါတ်မပါဝင်တဲ့အတွက် Gluten နဲ့ဓါတ်မတည့်တဲ့အူသိမ်ရောဂါ တစ်မျိုးဖြစ်တဲ့ Celiac Disease ခံစားနေရသူများအတွက် အကောင်းဆုံးရွေးချယ်မှုလည်းဖြစ်ပါတယ်။

(၅)အစာကြေလွယ်ခြင်း

အထူးသဖြင့် ဆန်လုံးညိုကဲ့သိုသော ဆန်အမျိုးအစားများမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် အစာချေဖျက်ခြင်းကိုအထောက်အကူဖြစ်စေပြီး အူလမ်းကြောင်းရဲ့လုပ်ဆောင်မှုကိုကောင်းမွန်စေပါတယ်။

ဆိုးကျိုးများအနေနဲ့ကတော့…

(၁)သကြားဓါတ်ပါဝင်မှုနှုန်းမြင့်မားခြင်း

ပေါ်ဆန်းမွှေးကဲ့သိုသော ဆန်ဖြူတွေမှာ သကြားဓာတ်ပါဝင်မှုမြင့်မားတဲ့အတွက် သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တဲ့အတွက် ဆီးချိုသွေးချိုရောဂါခံစားနေရသူများကတော့ ဆင်ခြင်စားသောက်ရမှာဖြစ်ပါတယ်။

(၂)ကိုယ်အလေးချိန်တိုးစေနိုင်ခြင်း

ကိုယ်လက်လှုပ်ရှားမှုမရှိ၊ အခြားသော အဟာရပြည့်ဝတဲ့အစားအစာတွေနဲ့မျှတအောင် မစားဘဲ ထမင်းအများကြီးစားမယ်ဆိုရင် ကိုယ်အလေးချိန်သိသိသာသာတိုးစေနိုင်ပါတယ်။

(၃ )အာဆင်းနစ်အဆိပ်ဓာတ်

ဆန်တိုင်းမှာမပါဝင်ပေမယ့် စိုက်ပျိုးမြေပေါ်မူတည်ပြီး အာဆင်းနစ်အဆိပ်သင့်တာမျိုးလည်းရှိနိုင်ပါတယ်။

ဒါကြောင့် myDoctor ရဲ့ ချစ်ပရိသတ်ကြီးတိုလည်း ထမင်းအပါအဝင် ကိုယ်နေ့စဉ် စားသောက်နေရတဲ့ အစားအစာတွေကို အာဟာရပြည့်ဝဖို့ မျှတစွာစားသောက်ကြဖို့ အကြံပေးနှိုးဆော်လိုက်ပါရစေရှင်။

#myDoctor #teleMedicine #Rice #Carbohydrate

Related posts
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခုခံအားအမြန်ဆုံးတက်စေမယ့် အစားအသောက်(၁၀)မျိုး - Resistance Foods

1 Mins read
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ (Resistance Foods) တွေကတော့… (1)ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ဒြပ်ပေါင်းဟာ ကူးစက်ရောဂါများနဲ့ ဘက်တီးရီးယားအချို့ကိုတိုက်ဖျက်နိုင်ပါတယ်။ (2)ချင်း ချင်းမှာပါဝင်တဲ့ Gingerol လို့ခေါ်တဲ့ဒြပ်ပေါင်းကတော့ ရောင်ရမ်းမှုကိုသက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပါတယ်။ (3)ချဉ်သောအသီး Vitamin…
ကျန်းမာရေး( အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

နေ့စဉ်ရက်ဆက်အရက်သောက်ခြင်း - Drinking Alcohol Everyday

1 Mins read
အရက် ( Alcohol )ကို နေ့စဉ်သောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ရေတိုမှာရော၊ ရေရှည်မှာပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အရက်ဟာ ခန္ဓာကိုယ်အပေါ် ရှုပ်ထွေးသောအကျိုးသက်ရောက်မှုများရှိပြီး နှလုံး၊ ကျောက်ကပ်၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ သွေးကြောစနစ်နှင့် အသည်းကဲ့သို့သော အင်္ဂါများနှင့်…
ကျန်းမာရေး( အ )အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

အိပ်နေချိန် ဘီလူးစီးခြင်း ( Sleep Paralysis )

1 Mins read
အရပ်အခေါ် ဘီလူးစီးတယ်ဆိုတာ အိပ်တစ်ဝက်နိုးတစ်ဝက် ဒါမှမဟုတ် နိုးနေချိန်မှာ စကားပြောမရ၊ လှုပ်ရှားမရ ဖြစ်တာမျိုးကို ဆိုလိုတာပါ။ တစ်ခါတစ်ရံ စက္ကန့်ပိုင်းသာကြာတတ်ပေမယ့် တစ်ခါတစ်ရံမှာ မိနစ်ပိုင်းအထိကြာမြင့်တတ်ပါတယ်။ အိပ်စက်ခြင်းစက်ဝန်းရဲ့ ပထမအဆင့်ဖြစ်တဲ့ REM လိုခေါ်တဲ့ လုံးလုံးလျားလျားအိပ်မပျော်သေးတဲ့အဆင့်မှာ ဘီလူးစီးတာကအဖြစ်များပါတယ်။ ဦးနှောက်ဟာ အိပ်မက်ကြောင့် ခန္ဓာကိုယ်လှုပ်ရှားမှုမရှိစေရန်…

Leave a Reply

Your email address will not be published. Required fields are marked *