Uncategorized

တို့ဟူး စားရင် ဘယ်လိုထူးခြားလဲ?

1 Mins read

တို့ဟူး ကို ကုလားပဲကနေပြုလုပ်ထားတာဖြစ်ပြီး သုပ်စား၊ ကြော်စား၊ တို့ဟူးနွေးအဖြစ် စားသုံးလေ့ရှိကြပါတယ်။ တို့ဟူး မှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေရှိပါတယ်။

ပရိုတင်းဓာတ် မြင့်မားခြင်း- တို့ဟူး ဟာ အပင်အခြေခံပရိုတင်းရဲ့ အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါတယ်။ တို့ဟူး ပြုလုပ်ရာတွင် အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကုလားပဲမှုန့်မှာ ပရိုတင်းဓာတ်များစွာပါဝင်ပါတယ်။ ပရိုတင်းဟာ တစ်သျှူးများတည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်း၊ ကြွက်သားကြီးထွားမှုကို ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးကို ထိန်းသိမ်းခြင်းတို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

 အာဟာရဓာတ်ကြွယ်ဝခြင်း-  တို့ဟူးမှာ သံဓာတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်စီယမ်တို့ အပါအဝင် အာဟာရ ဓာတ်များစွာ ပါရှိတယ်။ သံဓာတ်ဟာ သွေးလည်ပတ်မှုနှင့် အောက်ဆီဂျင်ပို့ဆောင်မှုအတွက် အရေးပါ ပြီး အရိုး များနှင့် သွားများကို သန်မာစေရန်အတွက် ကယ်လ်စီယမ်က မရှိမဖြစ်လိုအပ်ပါတယ်။ မဂ္ဂနီဆီယမ်နှင့် ပိုတက်စီယမ်တို့က ကြွက်သားများလုပ်ဆောင်မှု၊ အာရုံကြောအချက်ပြမှုနှင့် ဓာတ်ဆားဓာတ် (electrolyte) ကို ထိန်းသိမ်းရန်အတွက် အရေးကြီးပါတယ်။

အစာခြေစနစ်ကျန်းမာရေးအပေါ် အထောက်အကူပြုခြင်း – တို့ဟူးရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်သော ကုလားပဲဟာ အမျှင်ဓာတ်ကြွယ်ဝပါတယ်။ အမျှင်ဓာတ် လုံလောက်စွာ စားသုံးခြင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ ဝမ်းချုပ်ခြင်းမှ ကာကွယ်ခြင်းနှင့် အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုခြင်းတို့နှင့် ဆက်စပ်မှု ရှိပါ တယ်။

အဆီနည်းခြင်း- တို့ဟူးဟာ ယေဘုယျအားဖြင့် အဆီပါဝင်မှုနည်းပါတယ်။ အဆီစားသုံးမှုကို လျှော့ချလိုသူ သို့မဟုတ် ကိုယ်အလေးချိန် ထိန်းလိုသူများအတွက် အကျိုးပြုနိုင်ပါတယ်။

သက်သတ်လွတ်စားသူများအတွက် သင့်လျော်ခြင်း –  တို့ဟူး မှာ ပရိုတင်းဓာတ် ကြွယ်ဝတဲ့အတွက် တို့ဟူး ဟာ သတ်သတ် လွတ်စားသုံးသူတွေမှာ ပရိုတင်းဓာတ်ရရှိစေဖို့ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#Dr.Shoon(ဆေး-၁)

#Tofu

#myDoctor

#teleMedicine

Related posts
Uncategorized

ရဲဆေး( အရက် ) တင်ထားမှ ကြာတယ်ဆိုတာဟုတ်လား?

1 Mins read
အရက် ဟာ လိင်မှုဆိုင်ရာကိစ္စရပ်များအပေါ် ရှုပ်ထွေးတဲ့ သက်ရောက်မှုရှိနိုင်ပြီး အကျိုးသက်ရောက်မှုဟာ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါတယ်။ တချို့သူတွေမှာ အရက်ကို ပမာဏအသင့်အတင့်သောက်သုံးခြင်းဟာ စိတ်ကိုပြေလျော့စေပြီး ယုံကြည်မှုတိုးလာစေကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ အရက် သောက်ပြီး လိင်ဆက်ဆံခြင်းဟာ သုက်လွှတ်ခြင်းကို…
Uncategorized

လေလည်ခြင်း ဆိုတာ

1 Mins read
လေလည်ခြင်း ဆိုတာ အစာခြေမှု လုပ်ငန်းစဉ်အတွင်း ခန္ဓာကိုယ်မှ ပိုလျှံနေသော လေ (သို့) ဓာတ်ငွေ့များကို စွန့်ထုတ်ရန် လိုအပ်တဲ့အခါ ဖြစ်ပေါ်တဲ့ သဘာဝအလျောက် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ လေလည်ခြင်း ဆိုတာ သင့်ရဲ့ အစာခြေစနစ် ကောင်းမွန်စွာ အလုပ်လုပ်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။…
Uncategorized

ဦးထုပ်မဆောင်းမိခဲ့လျှင်... ( ကွန်ဒုံး )

1 Mins read
ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံမိတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အဓိကအန္တရာယ် နှစ်ခုရှိပါတယ်။ (၁) လိင်မှတစ်ဆင့်ကူးစက်သောရောဂါများကွန်ဒုံးဟာ ပါးစပ်၊ စအို သို့မဟုတ် မိန်းမအင်္ဂါဖြင့် လိင်ဆက်ဆံစဉ်အတွင်း လိင်ကတစ်ဆင့်ကူးစက်သော ကူးစက် ရောဂါများကို တားဆီးရာမှာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး  ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်းဟာ လိင်က တစ်ဆင့်…

Leave a Reply

Your email address will not be published. Required fields are marked *