All Articlesအခြားရောဂါများအထွေထွေရောဂါများ

‘ညှင်း’ ရှိမရှိ ရှာကြည့်ပြီးပြီလား

1 Mins read

‘ညှင်း’ ရှိမရှိ ရှာကြည့်ပြီးပြီလား

ညှင်းဆိုတာ ရှားရှားပါးပါး ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ မိမိပါတ်ဝန်းကျင်က လူတွေမှာ အလွယ်တကူတွေ့နိုင်သလို ကိုယ်တိုင်တောင် ဖြစ်နေနိုင်ပါတယ်။
ညှင်းဆိုတာ အလွယ်ပြောရရင်တော့ fungal infection ဆိုတဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါ တစ်မျိုးပါပဲ။ Tinea versicolor လို့ခေါ်ပါတယ်။

ကိုယ်ပေါ်က အရေပြား ဘယ်နေရာမဆိုဖြစ်နိုင်ပါတယ်။ သိပ်ယားယံလေ့မရှိတဲ့အတွက် တချို့လူတွေဆို ပေါက်နေမှန်းတောင် သတိမထားမိတတ်ကြပါဘူး။ ဘေးလူတစ်ယောက်ယောက် သတိပေးမှ သိတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို အမြဲဂရုတစိုက်ရှိသူတွေကတော့ စောစောစီးစီး သိပြီး သေးသေးမွှားမွှား အခြေအနေမှာတင် အပြတ်ရှင်းခွင့်ရကြပါတယ်။ အရေပြားရဲ့ နဂိုအသားအရေကနေ မတူကွဲပြားလာတဲ့ ခပ်ဖြူဖြူ ဒါမှမဟုတ် ခပ်ညိုညို အကွက် အကွက်လေးများ ဖြစ်လာပြီဆို ညှင်းဟုတ်မဟုတ် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

များသောအားဖြင့် ပူနွေးစွတ်စိုတဲ့ ရာသီဥတုမှာ ပိုသိသာလာတတ်ပြီး အေးမြခြောက်သွေ့နေချိန်တွေမှာတော့ ပျောက်သလိုလို ဖြစ်နေတတ်ပါတယ်။
ကိုယ်လုံး၊ ကျော၊ ရင်ဘတ် နဲ့ ပုခုံးတွေမှာ အဖြစ်များပါတယ်။ လူငယ်လူရွယ်တွေမှာ အဖြစ်များပါတယ်။ ညှင်းနဲ့ အသွင်တူပြီး အထင်မှားစေတတ်တဲ့ တခြားရောဂါကြီးတွေလည်း ရှိတာမို့ ဆရာဝန်နဲ့ တိုင်ပင်ပြသပြီးမှ ကုသခြင်းသာ အကောင်းဆုံးပါပဲ။

ညှင်းဆိုတာ သေချာ ကုသရင် ပျောက်နိုင်တာမို့ စောစောသိဖို့ကတော့ အရေးအကြီးဆုံးပါပဲ။ အနာသိရင်တော့ ဆေးတွေကရှိပြီးသားမို့ မပူပါနဲ့။ ကဲ.. ကိုယ်ပေါ်မှာ ညှင်းကွက်လေးတွေများ တိတ်တိတ်လေးလာပုန်းနေလား သွားရှာကြည့်ရအောင်…. ခုပဲ မှန်သွားကြည့်လိုက်တော့နော်။

Dr Phyowai Lynn

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…