All Articlesအခြားရောဂါများအထွေထွေရောဂါများ

ညှင်းအပေါက်များသောနေရာများ

1 Mins read

‘ညှင်း’ တဲ့

ပုံမှန်အရေပြားအရောင်မဟုတ်တဲ့ အကွက်အကွက်ကလေးတွေနဲ့ အရေပြားမှိုရောဂါတစ်မျိုး။ ဖြစ်တဲ့နေရာမှာသိသာထင်ရှားပြီး လူမြင်မတင့်တယ်သောရောဂါ။ပွေးလိုအရမ်းယားပြီးဒုက္ခမပေးပေမယ့် ဒီဟာကကျ လူမြင်လွယ်တဲ့နေရာတွေမှာအဖြစ်များလို့ လူကြားထဲသွားလာတော့ကျ ဒုက္ခရောက်ရတယ်။ မနာကျင်၊မကူးစက်နိုင်ပေမယ့် ခန္ဓာကိုယ်ရဲ့ပေါ်လွင်ထင်ရှားတဲ့နေရာတွေမှာဖြစ်လေ့ရှိတာကြောင့် လူကြားထဲသွားလာရမှာမလုံမခြုံဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေနိုင်ပါတယ်။

ညှင်းကိုနိုင်တဲ့ဆေးဝါးတွေသုံးစွဲတာတောင်မှ အရေပြားအရောင်ဟာပုံမှန်ပြန်ဖြစ်ဖို့လပေါင်းများစွာကြာနေလေ့ရှိပါတယ်။

ဒီ’ညှင်း’ဟာ လူခန္ဓာကိုယ်ရဲ့ဘယ်လိုနေရာတွေမှာအဖြစ်များတတ်လဲဆိုတာ ဒီနေ့ပြောပြပါမယ်။

ညှင်း ဘယ်နေရာတွေမှာအပေါက်များလဲ???

ညှင်းဟာ ဆယ်ကျော်သက်တွေနဲ့လူငယ်တွေမှာအဖြစ်များပါတယ်။ အနည်းငယ်ယားနိုင်ပြီး အလွယ်တကူမကူးစက်နိုင်သော အရေပြားမှိုရောဂါဖြစ်ပါတယ်။ နေရောင်ခြည်ဟာ ညှင်းကိုပိုမိုသိသာထင်ရှားစေပါတယ်။ ပူနွေးစွတ်စိုတဲ့ ရာသီတွေမှာမကြာခဏပြန်ဖြစ်လေ့ရှိပါတယ်။ အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်များ၊ဟော်မုန်းအပြောင်းအလဲနှင့် ကိုယ်ခံစွမ်းအားကျနေသူများမှာလဲ မကြာမကြာဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်ရဲ့ အောက်ပါနေရာတွေမှာအပေါက်များလေ့ရှိပါတယ်…

၁)ပခုံး

၂)ကျောပြင်

၃)ရင်ဘတ်

၄)လည်ပင်းနဲ့

၅)လက်မောင်းအပေါ်ပိုင်းတွေမှာ အတွေ့များပါတယ်။

အဆိုပါနေရာတွေဟာ နေရောင်ခြည်အထိများတဲ့နေရာတွေလဲဖြစ်ပါတယ်။ ပုံမှန်အသားအရေထက်ပိုမိုဖျော့သော(သို့)ပိုမိုရင့်သော အကွက်ကလေးတွေအနေနဲ့တွေ့ရမှာဖြစ်ပါတယ်။ အရေပြားကွာခြင်း၊အနည်းငယ်ယားယံခြင်းများလဲရှိနိုင်ပါတယ်။

အထက်ပါနေရာတွေကတော့ ညှင်းအပေါက်များတဲ့နေရာတွေပဲဖြစ်ပါတယ်။ အားလုံးပဲ ပွေး၊ဝဲ၊ညှင်း ကင်းစင်၍ လှပကျော့ရှင်းသောအရေပြားလှလှလေးများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း။

dr.ye’lwin mm

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…