All Articlesအခြားရောဂါများအထွေထွေရောဂါများ

ညှင်းမပေါက်အောင်ဘယ်လိုကာကွယ်မလဲ???

1 Mins read
All Articlesအခြားရောဂါများအထွေထွေရောဂါများ

ညှင်းမပေါက်အောင်ဘယ်လိုကာကွယ်မလဲ???

1 Mins read

ညှင်းမပေါက်အောင်ဘယ်လိုကာကွယ်မလဲ???

ကဲ ညှင်းမပေါက်အောင် ဘယ်လိုကာကွယ်ကြမလဲတဲ့။

ညှင်းမပေါက်အောင်ဘယ်လိုကာကွယ်ရလဲဆိုတဲ့အခါ ညှင်းဟာ သဘာဝအတိုင်းလူ့ခန္ဓာကိုယ်မှာရှိနေတတ်တဲ့မှိုအမျိုးအစားတစ်မျိုးဆိုတာသိထားရမယ်။ သဘာဝအတိုင်းရှိနေတတ်တာမို့ မကြာခဏဆိုသလိုလဲ ပြန်ပြန်ပြီးဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါဖြစ်ပါတယ်။ သူ့ကိုဖြစ်ပေါ်စေအောင်အားပေးပြီဆိုရင်အချိန်မရွေးပြန်ပေါ်လာတတ်ပါတယ်။

ဒါကြောင့်မို့ ညှင်း ခနခမပြန်မဖြစ်အောင် အောက်ပါအချက်များကိုလိုက်နာလုပ်ဆောင်ပေးဖို့လိုပါတယ်…

၁)အဆီများတဲ့ အလှကုန်ပစ္စည်းများကိုရှောင်ပါ။

၂)နေရောင်ခြည်ထိတွေ့မှုကိုလျှော့ပါ။

နေရောင်ခြည်ဟာ ညှင်းကိုပိုမိုဆိုးဝါး၊ပိုမိုသိသာစေရုံသာမက ညှင်းဖြစ်ပေါ်ဖို့ကိုလဲအားပေးပါတယ်။

၃)နေရောင်ခြည်ထဲအချိန်ကြာကြာထွက်ရမယ်ဆိုရင် မထွက်ခင်၂ရက်၃ရက်လောက်ကြိုပြီး မှိုရောဂါကိုနိုင်သောခေါင်းလျှော်ရည်ဖြင့်နေ့စဉ်ခေါင်းလျှော်ပေးပါ။

၄)နေရောင်ကာကရင်မ်နေ့စဉ်လိမ်းပါ။

SPF-30 အနည်းဆုံးပါဝင်သော အဆီမများသည့်နေရောင်ကာလိမ်းဆေးများသုံးသင့်ပါတယ်။

၅)ကျပ်လွန်းသောအဝတ်အစားများဝတ်ဆင်ခြင်းကိုရှောင်ပါ။

၆)ချွေးထွက်စွတ်စိုမှုနည်းစေရန် လေဝင်လေထွက်ကောင်းသော ချည်သားကဲ့သို့အဝတ်အထည်များကိုသာဝတ်ဆင်ပါ။

၇)ပူနွေးစွတ်စိုတဲ့ရာသီဥတုများမှာ ဆရာဝန်နှင့်တိုင်ပင်ပြသပြီး ညှင်းကိုနိုင်သောဆေးဝါးများ(သောက်ဆေး၊လိမ်းဆေး၊ခေါင်းလျှော်ရည် စသည်)ကို တစ်လလျှင်တစ်ကြိမ်(သို့)နှစ်ကြိမ်ခန့် သုံးစွဲပေးပါက ညှင်းရောဂါမကြာခဏဖြစ်ခြင်းကိုအထိုက်အလျောက်ကာကွယ်ပေးနိုင်ပါတယ်။

ဖော်ပြပါအချက်ကလေးတွေကိုလိုက်နာပြီး ညှင်းကင်းစင်၍ပြစ်မျိုးမှဲ့မထင်သော အရေပြားအလှလေးများပိုင်ဆိုင်နိုင်ကြပါစေ။

dr.ye’lwin mm

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…