All Articlesနေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဆောင်းဝင်ခါစ အသားပတ်တာတွေကို ဘယ်လိုဖြေရှင်းကြမလဲ….

1 Mins read
ဆောင်းဝင်ခါစ အသားပတ်တာတွေကို ဘယ်လိုဖြေရှင်းကြမလဲ….
ရာသီဥတုက ဆောင်းဝင်နေပြီဆိုတော့ မနက်ခင်းစောစောတွေ၊ ညပိုင်းတွေကို အေးစပြုနေပါပြီ။ အသားခြောက်တာ အသားပတ်တာတွေများလာပြီး လက်တွေ၊ ခြေထောက်တွေမှာ အရေခွံကွာလာတာတွေပါဖြစ်လာကြပါတယ်။
ဒီလိုဆောင်းဝင်ခါစ အသားပတ်တာတွေကို ဘယ်လိုဖြေရှင်းလို့ရနိုင်မလဲဆိုရင်….
ပထမဆုံးအနေနဲ့က ရေပူနဲ့ရေချိုးတာမျိုးကိုရှောင်ပါ။ အရမ်းချမ်းတယ်ဆိုပြီး လူတွေက
ရေပူနဲ့ရေချိုးကြတာ၊ ရေနွေးနဲ့စပ်ပြီး ရေချိုးကြတာမျိုးတွေရှိပါတယ်။ ရေပူနဲ့ရေချိုးတာဟာ သင့်ခန္တာကိုယ်က သဘာဝအတိုင်းရှိနေတဲ့အဆီတွေကိုပါ ဖယ်ရှားလိုက်သလိုဖြစ်စေတဲ့အတွက်အသားခြောက်တာ၊ အသားပတ်တာတွေကို ပိုဆိုးစေပါတယ်။ ရေချိုးတဲ့အခါမှာလည်း ခပ်သွက်သွက်မြန်မြန်ချိုးပြီး အချိန်အကြာကြီးဇိမ်နဲ့ မချိုးမိအောင် သတိထားရပါမယ်။ နောက်သတိထားရမှာက ရေချိုးစဥ်အသုံးပြုတဲ့ဆပ်ပြာပါပဲ။ လူတော်တော်များများသုံးတဲ့ ပိုးသတ်ဆပ်ပြာတွေ၊ အနံ့အသက်ပျောက်စေတဲ့ဆပ်ပြာတွေက ခန္တာကိုယ်ကလိုအပ်တဲ့အဆီတွေကို သာမန်ဆပ်ပြာတွေထက်ပိုဖယ်ရှားနိုင်လို့ အသားပတ်တာ ကိုပိုဖြစ်စေပါတယ်။ ဒါပေမယ့် အခုလိုCovid crisis ဖြစ်နေတဲ့အချိန်မျိုးမှာတော့ ပိုးသတ်ဆပ်ပြာကိုပဲအသုံးပြုပြီး တခြားနည်းလမ်းတွေနဲ့ အသားပတ်တာ သက်သာအောင် ပြုလုပ်ဖို့အကြံပေးချင်ပါတယ်။
ရေချိုးပြီးတဲ့အခါ အသားအရေကို အစိုဓာတ်ထိန်းနိုင်အောင် Moisturizer /Lotion နဲ့
အသားအရေထိန်းအဆီတွေလိမ်းပေးပါ။ နောက်သတိထားရမှာတစ်ခုက အသားခြောက်နေတဲ့အချိန်မှာ Shaving လုပ်တာမျိုးတွေပါပဲ။ ဘာမှအသားအရေပေါ်မှာ ရိတ်ရတာလွယ်ကူအောင်အသုံးပြုထားတာမျိုးမရှိပဲ ဒီတိုင်းတန်းရိတ်တာဟာ အသားအရေခြောက်တာတွေ ပတ်တာတွေကိုပိုဆိုးစေရုံမက အရေပြားကျန်းမာရေး အတွက်ပါမကောင်းစေပါဘူး။ အဲ့တာကြောင့်Shaving cream ဖြစ်ဖြစ်အသုံးပြုပြီးမှ ရိတ်ပေးပါ။
နေရောင်ခြည်နဲ့ထိတွေ့မှုများတဲ့အခါ အသားအရေမှာအရေးအကြောင်းတွေပေါ်လာတာမျိုး၊ အသားခြောက် အသားပတ်တာမျိုးတွေပိုဖြစ်လာစေပါတယ်။ အဲ့တာကြောင့် နေပူထဲထွက်တဲ့အခါ SPF 30(သို့)50 လောက်ပါတဲ့Sunscreen မျိုးကိုအသုံး ပြုပေးဖို့လိုပါလိမ့်မယ်။ နောက်ဆုံးတစ်ခုကတော့ နှုတ်ခမ်းကိုလျှာနဲ့သပ်တတ်တဲ့အကျင့်ပါပဲ။ နှုတ်ခမ်းမှာက အဆီဂလင်းတွေမရှိတဲ့အတွက် ဒီလိုလျှာနဲ့သပ်သပ် နေတာမျိုးဟာနှုတ်ခမ်းခြောက်တာ အက်ကွဲတာမျိုးတွေပိုဖြစ်စေပါတယ်။ ဒါတွေ သက်သာအောင် နှုတ်ခမ်းထိန်းသိမ်းအဆီ၊ Lip balm လေးတွေအသုံးပြုပေး လို့ရနိုင်ပါတယ်။
ဒါတွေကတော့ ဆောင်းဝင်ခါစ လိုက်လုပ်ဆောင်သင့်တဲ့ အသားပတ်တာသက်သာ နည်းလေး တွေပါပဲ။
ဒေါက်တာလွမ်းရိပ်
Related posts
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…