နေထိုင်မှုပုံစံအခြားရောဂါများအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဆောင်းတွင်းနံနက်ခင်းမှာတံခါးလာခေါက်သောရင်ကျပ်ရောဂါ (Bronchial Asthma)

1 Mins read

ဆောင်းတွင်းနံနက်ခင်းမှာတံခါးလာခေါက်သောရင်ကျပ်ရောဂါ (Bronchial Asthma)

ယခုလိုဆောင်းတွင်းနံနက်စောစာဆိုလျင် ရင်ကျပ်ရောဂါအခံရှိသူများအဖို့စိတ်ညစ်ရသည်မှာထုံးစံပင်။ နံနက်ခင်းလေအေးကြောင့် အသက်ရှူလမ်းကြောင်းတုံ့ပြန်မှူလွဲကဲခြင်း(increased air way hyper responsiveness)ကြောင့် အသက်ရှူမဝပဲတရွှီရွှီအသံမြည်ကာ ရင်ကျပ်ရောဂါကိုခံစားရခြင်းပဲဖစ်ပါသည်။ ရင်ကျပ်ရောဂါဆိုတာကတော့(chronic airway inflammation) နာတာရှည်အဆုတ်လေပြွန်များ ရောင်ရမ်းတာဖြစ်ပါတယ်။ ဆေးပညာလေ့လာချက်များအရ မျိူးရိူးဗီဇကြောင့်လည်း ရောဂါကိုခံစားရပါတယ် ။

အဓိကအနေနဲ့ရောဂါဖြစ်ရတဲ့အခြေအနေနှစ်ခုရှိပါတယ်။ အမျိူးအစား(1)ကတော့ကလေးငယ် ဘဝတည်းက ပြင်ပမှလှုံ့ဆော်တဲ့ဓာတ်တွေကြောင့် ဖြစ်ရပီး ဆေးနဲ့ဓာတ်မတည့်တာမျိူးတွေ နှင်းခူလိုမျိူးရောဂါတွေနဲ့ တွဲဖစ်နိုင်ပါတယ်။
အမျိုးအစား(2)ကတော့အသက်ကြီးပိုင်းမှာဖြစ်ပီး ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှား မိတဲ့အခြေအနေတွေ၊လုပ်ငန်းခွင်က ပစ္စည်းတွေအနံ့အသက်တွေနဲ့ထိတွေ့မှု ဖြစ်တဲ့အခါမျိုးမှာခံစားရပါတယ်။ ဥပမာအားဖြင့် ဓာတ်ဆီ၊ဒီဇယ်ဆီ၊ဆေးလိပ်ငွေ့ နဲ့ပလတ်စတစ်နဲ့ ပတ်သက်တာတွေထိမိရှူမိရင် ဖြစ်တတ်ကြ ပါတယ်။ ယေဘူယျအားဖြင့် ရင်ကျပ်ရောဂါရှိသူတွေဟာ Aspirinလို အကိုက်အခဲပျောက်ဆေး၊ Sulphur ဓာတ်ပါတဲ့ဆေးတွေနဲ့ Penicillin လို ပိူးသတ်ဆေးတွေနဲ့ မတည့်တာမျိူးလည်းဖြစ်တတ်လို့ အထူးသတိထားရပါတယ်။

ထိူ့အပြင်ပင်လယ်စာတွေ စားမိတဲ့အခါမျိူးရေမွေးနံ့တွေ ဖုန်မှုန့်တွေရှူမိရင်လည်း ဖြစ်တတ်တာကြောင့် ရောဂါအခံရှိသူတွေက မိမိနဲ့မတည့်တဲ့အရာတွေကို သေချာမှတ်ထားရပါမယ်။ ရင်ကျပ်ရောဂါကိုခံစားရတဲ့အခါ လပိုင်းအတွင်းရက်ပိုင်းအတွင်းပြန်ဖြစ်တာမျိူး ခဏခဏခံစားရတဲ့ အခါဆရာဝန်နဲ့ သေချာပြသပီး ရှူဆေးနဲ့ထိန်းပီးကုသရတတ်ပါတယ်။ စိတ်ဖိဆီးမှူများရင်လည်းဖြစ်တတ်တာကြောင့် စိတ်ကို
တတ်နိုင်သမျှ ပျော်ရွှင်အောင်နေရပါမယ်။ အဆုတ်အားကောင်းစေတဲ့အသက်ရှူလေ့ကျင့်ခန်း အပျော့စားလေးတွေလုပ်ပေးသင့်တဲ့အပြင်ကိုယ်ခံအားကောင်းစေတဲ့ antioxidant ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင် ရှိသော လတ်ဆတ်တဲ့အသီးအနှံတွေကိုစားပေးခြင်းဖြင့် လည်းတတ်နိုင်သမျှ ရောဂါခံစားရတာကို သက်သာစေနိုင်ပါတယ်။ရင်ကျပ်ရောဂါပြင်းထန်လာရင် အသက်ရှုလမ်းကြောင်းကို ရုတ်တရက်ပိတ်ဆို့နိုင်ပြီး
အသက်အန္တရယ်စိူးရိမ်ရတာကြောင့် ဖြစ်စတည်းကသေသေချာချာ ပုံမှန်ကုသမှု ခံယူသင့် ပါတယ်။ အခုလိုအေးမြတဲ့ဆောင်းတွင်းကာလမှာ ရင်ကျပ်ရောဂါခံစားရတယ်ဆိူရင် ဆေးဝါးများကို မိမိသဘောဖြင့်အလွယ်တကူစွဲမသောက်သင့်ပဲ ရောဂါမပြင်းထန်လာအောင်ကာကွယ်ကုသသင့်ပါတယ်။

ဒေါက်တာနိုင်း ဆေး(၁)
#asthma

Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…