Uncategorized

ဆီးချိုသွေးချိုထိုးတက်လာရင်ဘယ်လိုဖြေရှင်းမလဲ? (How to solve too high sugar level , diabetes)

1 Mins read

(Diabetes) ဆီးချိုရောဂါကို ကုသခြင်းရဲ့ ရည်ရွယ်ချက်မှာ သွေးတွင်းသကြားဓာတ်ပမာဏကို တတ်နိုင်သမျှ ပုံမှန်နီးပါး ဖြစ်အောင် ထိန်းသိမ်းရန်ပဲ ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိနေပါက ဘယ်လောက်ပဲ သတိထားနေပါစေ၊ တစ်ချိန်ချိန် မှာ သွေးတွင်းသကြားဓာတ်ပမာဏများခြင်းကို ခံစားရနိုင်ခြေ ရှိပါတယ်။

သွေးတွင်းသကြားဓာတ်ပမာဏများခြင်း (hyperglycemia) (တစ်နည်းအားဖြင့် ဆီးချိုတက်ခြင်း) ကို မကုသဘဲထားပါက ပြင်းထန်သော ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် hyperglycemia ကိုသိရှိပြီး ကုသနိုင်စေရန် အရေးကြီးပါတယ်။

သွေးတွင်းသကြားဓာတ် အလွန်မြင့်မားခြင်းကြောင့်ဖြစ်တဲ့ အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲ ပြဿနာ များမှာ-

Diabetic ketoacidosis (DKA) (သွေးတွင်း ကီတုန်း (ketones) များပြီး အက်ဆစ်ဓာတ်လွန်ကဲလာခြင်း) – ခန္ဓာကိုယ်မှာ အင်ဆူလင်မရှိတဲ့အခါ ခန္ဓာကိုယ်က ဂလူးကို့စ်သကြားဓာတ်ကို မစုပ်ယူနိုင်တော့တဲ့အတွက် အဆီ တွေကို စွမ်းအင်အရင်းအမြစ်အဖြစ် ဖြိုခွဲဖို့ လိုအပ်တာကြောင့် မေ့မြောသွားစေနိုင်တဲ့ အခြေအနေပါ။ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူများမှာ ပိုထိခိုက်တတ်ပါတယ်။

Hyperosmolar hyperglycemic state (HHS) – ခန္ဓာကိုယ်က ပိုလျှံနေတဲ့ သကြားတွေကို ဖယ်ရှားဖို့ ကြိုးစား တာကြောင့် ပြင်းထန်တဲ့ ရေဓာတ်ခန်းခြောက်ခြင်း၊ အမျိုးအစား ၂ ဆီးချိုရောဂါ ရှိသူများမှာ ပိုဖြစ်နိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ပမာဏများခြင်း(hyperglycemia) ရဲ့ ရောဂါလက္ခဏာများ

ဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ်ပမာဏများခြင်းရဲ့ လက္ခဏာတွေဟာ ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ်အနည်းငယ်အတွင်း ဖြည်းဖြည်းချင်းမှ ပေါ်လာတတ်ပါတယ်။ အချို့သော အခြေအနေ များတွင်၊ သွေးတွင်းသကြားဓာတ်ပမာဏ အလွန်မြင့်မားတဲ့အထိ ရောဂါလက္ခဏာများ မပြတာတွေလည်း ရှိတတ်ပါတယ်။

ရောဂါလက္ခဏာများမှာ-

–      ရေငတ်ခြင်းနှင့် ခံတွင်းခြောက်ခြင်း

–      မကြာခဏ ဆီးသွားရန်လိုအပ်ခြင်း

–      ပင်ပန်းနွမ်းနယ်ခြင်း

–      အမြင်မှုန်ဝါးခြင်း

–      မရည်ရွယ်ဘဲ ကိုယ်အလေးချိန်ကျခြင်း

–      မှက္ခရု၊ ဆီးအိမ်ပိုးဝင်ခြင်း (cystitis) နှင့် အရေပြားပိုးဝင်ခြင်းကဲ့သို့သော ထပ်တလဲလဲကူးစက်မှုများသွေးတွင်းသကြားဓာတ်ပမာဏများခြင်း ကို မကုသပါက၊ ketones ဟုခေါ်သော အဆိပ်အတောက် အက်ဆစ် များကို သွေးနှင့် ဆီးတွင် စုပုံလာစေပါတယ်။ ဤအခြေအနေကို ketoacidosis ဟုခေါ်ပါတယ်။

ketoacidosis ရဲ့ ရောဂါလက္ခဏာ များမှာ-

–      အသက်ရှူတဲ့အခါ အသီးအနှံအနံ့အသက် ရခြင်း

–      အာခြောက်ခြင်း

–      ဝမ်းဗိုက်နာကျင်ခြင်း

–      ပျို့ခြင်း၊ အန်ခြင်း

–      အသက်ရှုကျပ်ခြင်း၊ အသက်ရှူမဝခြင်း

–      စိတ်ရှုပ်ထွေးခြင်း၊ ဇဝေဇဝါဖြစ်ခြင်း

–      သတိလစ်ခြင်း တို့ ဖြစ်နိုင်ပါတယ်။

ကုသမှု

ပြင်းထန်သော hyperglycemia အခြေအနေတွေဖြစ်တဲ့ Diabetic ketoacidosis (DKA) သို့မဟုတ် hyperosmolar hyperglycemic state (HHS) များခံစားရပါက အရေးပေါ်ခန်းမှာ ကုသမှုခံယူရခြင်း (သို့) ဆေးရုံသို့တက်ရောက် ကုသမှုခံယူရနိုင်ပါတယ်။ အရေးပေါ်ကုသမှုဟာ သင့်သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန်အတိုင်းအတာအထိ လျှော့ချပေးနိုင်ပါတယ်။ ကုသမှုတွင် အများအားဖြင့် အောက်ပါတို့ ပါဝင်ပါတယ်။

အရည်ဓာတ်ပြန်လည်အစားထိုးဖြည့်သွင်းခြင်း။ သင့်ခန္ဓာကိုယ်မှ လိုအပ်သောအရည်များ လုံလောက်တဲ့ပမာဏ ရတဲ့အထိ သွေးပြန်ကြောမှတဆင့် (အကြောသွင်းခြင်း) မှတစ်ဆင့် သွင်းပေးခြင်းဖြစ်ပါတယ်။ ဒီလိုသွင်းပေး ခြင်းဖြင့် ဆီးမကြာခဏသွားခြင်းကြောင့် ဆုံးရှုံးထားတဲ့အရည်များကို ပြည်လည်အစားထိုးပေးနိုင်တဲ့အပြင် သွေးတွင်းရှိ အပိုသကြားဓာတ်ကို ချေဖျက်ရာတွင်လည်း ကူညီပေးပါတယ်။

ဓာတ်ဆား (Electrolyte) ဓာတ် အစားထိုးဖြည့်သွင်းခြင်း။ Electrolytes ဆိုတာ သင့်တစ်သျှူးများ ကောင်းမွန်စွာအလုပ်လုပ်ရန် လိုအပ်သော သွေးထဲရှိ သတ္တုဓာတ်များဖြစ်သည်။ အင်ဆူလင်မရှိခြင်းဟာ သွေးထဲရှိ electrolytes ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ နှလုံး၊ ကြွက်သားများနှင့် အာရုံကြောဆဲလ်များ ပုံမှန်လုပ်ဆောင်မှုများကို  လုပ်ဆောင်ဖို့အတွက် Electrolyte များကို သွေးကြောကနေသွင်းပေးဖို့လိုပါတယ်။

အင်ဆူလင်ကုထုံး။ အင်ဆူလင်ဟာ သွေးထဲမှာ ketones များစုပုံလာစေတဲ့ လုပ်ငန်းစဉ်များကို ကုသပေးပါတယ်။ အရည်များနှင့် electrolytes များလိုပဲ အင်ဆူလင်ကိုလည်း သွေးကြောကတစ်ဆင့် သွင်းနိုင်ပါတယ်။

အိမ်တွင်းကုထုံးများအနေနဲ့ကတော့-

–      ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပုံမှန်လုပ်ဆောင်ပါ။

–      ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ပမာဏအတိအကျ၊ အကြိမ်ရေ အတိအကျ သောက်ပါ။

–      ဆီးချိုရှိသူများ စားသောက်သင့်တဲ့ အစားအသောက် စားသောက်မှုပုံစံအတိုင်း လိုက်နာပါ။

–      သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန်စစ်ဆေးပါ။

–      အင်ဆူလင်ပမာဏကို ဆရာဝန်နဲ့ပြပြီး လိုအပ်သလို ချိန်ညှိပါ။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#Dr.Shoon(ဆေး-၁)

#myDoctor

#teleMedicine

Related posts
Uncategorized

သွားဖုံးရောင် ခြင်းကြောင့်စိတ်အနှောက်အယှက်ဖြစ်နေလား

1 Mins read
သွားဖုံးရောင်ဖူးကြလား? သွားဖုံးရောင် နေတဲ့အခါ အစားအသောက်စားသောက်တဲ့အခါမှာပါ တော်တော်ကိုစိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါဆိုရင် သွားဖုံးရောင်ခြင်း ကဘာကြောင့်ဖြစ်ရလဲ? ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ သွားဖုံးရောင်ခြင်း ကိုဖြစ်စေတဲ့ အကြောင်းအရင်းများကတော့ – – ခံတွင်းသန့်ရှင်းရေးအားနည်းခြင်းကြောင့် – ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်းကြောင့် – ဆီးချို၊သွေးချိုရောဂါရှိနေခြင်းကြောင့် – အချို့ဆေးဝါးများစွဲသောက်ရခြင်းကြောင့် –…
Uncategorized

သရက်သီး မှည့်နှင့်ကျန်းမားရေးအကျိုးသက်ရောက်မှု

1 Mins read
သရက်သီး မှည့်ကြိုက်ကြလား? သရက်သီးဟာ အရသာရှိသလို ခန္ဓာကိုယ်အတွက်အကျိုးရှိစေတဲ့အာဟာရဓာတ် မြောက်များစွာပါဝင်ပါတယ်။ ဒါကြောင့်သရက်သီးကိုစားပေးခြင်းအားဖြင့်အောက်ပါအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ ၁။ ပါဝင်သောအာဟာရဓာတ်များ ဗီတာမင် အေ၊ စီ၊ အီး သာမက ပိုတက်ဆီယမ်‌ နှင့်ဖောလစ်အက်ဆစ်တို့ပါပါဝင်ပါတယ်။ ဒါ့အပြင် အစာခြေရာမှာအထောက်ကူပြုပေးတဲ့ အမျှင်ဓာတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။ ၂။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ သရက်သီးမှာ…
Uncategorized

ပန်ကရိယကင်ဆာ (သို့) မုန့်ချိုအိတ်ကင်ဆာ (Pancreatic cancer)

1 Mins read
📌 ပန်ကရိယလို့ ခေါ်တဲ့ မုန့်ချိုအိတ်ဟာ သူ့ရဲ့တည်နေရာကိုက လျှို့ဝှက်တယ် နက်နဲတယ်၊ သူ့မှာ အကျိတ်ရှိနေရင်တောင် သိရခက်ခဲတယ်။ Ultrasound ရိုက်ရင်တောင် တော်ရုံ အကျိတ်လောက်ရှိယုံနဲ့ မမြင်ရဘူး။ ဒါကြောင့် ပန်ကရိယမှာ ကင်ဆာဖြစ်နေမှန်း သိရတဲ့အချိန်မှာ သူဟာနေရာ အနှံ့ကို ပျံ့နေပြီးသားဖြစ်နေပြီ။…

Leave a Reply

Your email address will not be published. Required fields are marked *