ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗
ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး
တွေဖြစ်တတ်ပါတယ်။
အတွင်းတိမ်က တခြားဘာလက္ခဏာတွေနဲ့လာနိုင်သေးလဲဆိုရင်….
♌ ညဘက်တွေမှာ သိပ်မမြင်ရတော့တာ
♌ စာဖတ်ဖို့အတွက် အလင်းကောင်းကောင်းလိုလာတာ
♌ အလင်းပတ်လည်မှာ အလင်းကွင်းတွေမြင်လာတာ
♌ အလင်းစူးစူးတွေကို မခံနိုင်တာ
♌ အမြင်နှစ်ထပ်ဖြစ်လာတာ
♌ မကြာခဏမျက်မှန်ပြောင်းပြောင်းလာရတာ စတာတွေဖြစ်နိုင်ပါသေးတယ်။
ရေတိမ်ကတော့ မျက်လုံးထဲမှာ ပုံမှန်မဟုတ်တဲ့ဖိအားများလာလို့ မျက်လုံးအာရုံကြောကိုထိခိုက်မိရာကနေတဆင့်ဖြစ်တာပါ။ မျက်စိအမြင်အာရုံဆုံးရှုံးတဲ့အကြောင်းအရာတွေထဲမှာ
ရေတိမ်ကလည်း တစ်ခုအနေနဲ့ပါဝင်နေပါတယ်။
ရေတိမ်ဖြစ်လာပြီဆိုရင်….
♌ မျက်လုံးရဲ့ဘေးနှစ်ဖက်မှာ အမြင်အာရုံဆုံးရှုံးတာ
♌ ညဘက်မှောင်ထဲမှာ မြင်နိုင်ဖို့ကို မျက်လုံးက ကျင့်သားမရတာ(သာမန်လူတွေဆို မီးပျက်သွားတဲ့အချိန် ဖြစ်ဖြစ်ချင်းမှာ ဘာမှမမြင်ရတော့ပေ
မယ့် နည်းနည်းကြာတဲ့အခါ အမှောင်ထဲမှာ ကျင့်သားရလာတတ်ပါတယ်)
♌ ခေါင်းကိုက်တာ၊ မျက်လုံးအောင့်တာ၊ မျက်လုံးရောင်တာ
♌ အတွင်းတိမ်လိုပဲ အလင်းပတ်ပတ်လည်မှာ
အလင်းကွင်းတွေမြင်နေတာ
♌ ပျိို့တာ၊ အန်တာ၊ အမြင်ဝေဝါးတာ စတဲ့လက္ခဏာတွေပေါ်လာတတ်ပါတယ်။
အတွင်းတိမ်ကိုတော့ ရောဂါအခြေအနေပေါ်မူတည်ပြီးဆရာဝန်တွေက ခွဲစိတ်ဖို့အကြံပေး
တတ်ပေမယ့်….
မျက်လုံးအတွင်းဖိအားများလို့ဖြစ်တဲ့ရေတိမ်ကိုတော့ ဖိအားနည်းအောင်ပြုလုပ်ပေးမယ့် Eye drops တွေပေးတာ၊ Eye drops တွေနဲ့မသက်
သာရင် သောက်ဆေးပြောင်းပေးတာ၊ သောက်ဆေးနဲ့မှ မရရင်တော့ လေဆာကုသမှုခံယူတာ၊ ခွဲစိတ်တာ စတာတွေကို လူနာရဲ့ရောဂါအခြေအနေအရ ပြုလုပ်ပေးရပါတယ်။
ဒါ့ကြောင့် ဒီလို အမြင်အာရုံထိခိုက်နိုင်တဲ့ ရေတိမ်ရောဂါ၊ အတွင်းတိမ်ရောဂါတွေကို မဖြစ်စေဖို့က အရေးကြီးပါတယ်။ သင့်မှာ ဒီလိုဖြစ်လာနိုင်စေတဲ့ ဆီးချိုရောဂါရှိနေတယ်ဆိုရင် ဆီးချိုကို ပိုပြီး ကြပ်ကြပ်မတ်မတ်နဲ့ထိန်းဖို့တောင်လိုပါတယ်။ မျက်လုံးကျန်းမာရေးကိုလည်း မကြာခဏသွားရောက်စစ်ဆေးကြည့်ဖို့လိုပါလိမ့်မယ်။
ဒေါက်တာမိုးမခ(ဆေး ၂)