All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

စိတ်ကစဥ့်ကလျားရောဂါဖြစ်ခြင်းရဲ့ အစပြုရာ…❗❗❗

1 Mins read
စိတ်ကစဥ့်ကလျားရောဂါဖြစ်ခြင်းရဲ့ အစပြုရာ…❗❗❗
စိတ်ကစဥ့်ကလျားရောဂါဆိုတာ ပုံမှန်အတိုင်းတည်ရှိနေတာနဲ့ကွဲထွက်နေတတ်တဲ့ရောဂါတစ်ခုပါ။ တကယ်မရှိတဲ့အသံတွေကို ကြားယောင်နေတာမျိုး၊ တကယ်မရှိတဲ့ အရာတွေကိုမြင်ယောင်နေတာမျိုးတွေဖြစ်တတ်တဲ့
စိတ်ဂယောင်ခြောက်ခြားရောဂါတစ်မျိုးပါပဲ။
ဒီလို စိတ်ကစဥ့်ကလျားရောဂါဘာလို့ဖြစ်ပေါ်လာတာလဲဆိုရင်…..
1) မျိုးရိုးဗီဇကြောင့်

♊ ဒီလို စိတ်ကစဥ့်ကလျားရောဂါမျိုးဟာ မိသားစုတွေဖြစ်တဲ့ မိဘ၊ မောင်နှမသားချင်းတွေမှာဖြစ်တဲ့သူရှိရင် ကိုယ့်ဆီမှာလည်း ဖြစ်ဖို့အလားအလာ များတဲ့ရောဂါတစ်ခုပါ။

2) ဦးနှောက်ရဲ့ဖွဲ့စည်းတည်ဆောက်မှုခြားနားတာကြောင့်

♊ စိတ်ကစဥ့်ကလျားရောဂါသမားတွေကိုကြည့်ရင်သာမန်လူတွေနဲ့အပြင်ပန်းပြုမူပုံတွေကွာခြားသလို သူတို့ရဲ့ ဦးနှောက်ပိုင်းဆိုင်ရာကလည်း တခြားသူတွေနဲ့မတူပဲ ဖွဲ့စည်းတည်ဆောက်မှုတူမနေတတ်ပါဘူး။

3)Chemical တွေပြောင်းလဲမှုကြောင့်

♊ ဦးနှောက်ဆဲလ်တွေအချင်းချင်း အချက်ပြဆက်သွယ်ဖို့ဆိုတာ neurotrasnmitters လို့ခေါ်တဲ့ chemicals တွေလိုအပ်ပါတယ်။ ဒီလို Chemicals တွေ မညီမမျှဖြစ်နေတာမျိုး၊ ပုံမှန်ထက်နည်းနေတာမျိုးဟာ ဒီရောဂါကိုအစပျိုးရာတစ်ခုဖြစ်စေပါတယ်။ Dopamine/ Glutamate စတဲ့ chemicals တွေဟာ ဒီရောဂါနဲ့ဆက်စပ်နေတာတွေ့ရတတ်တယ်။

4)ကိုယ်ဝန်ဆောင်ချိန်နဲ့မီးဖွားချိန်မှာဖြစ်တတ်တဲ့အရာတွေကြောင့်

♊ ကလေးနေ့မစိလမစိမွေးတာ၊ ကလေးပေါင်မပြည့်တာ၊ မွေးတဲ့အချိန်မှာ ရေမွန်းတာ၊ ကိုယ်ဝန်ဆောင်ချိန်ပိုးဝင်တာ၊ ကိုယ်ဝန်ဆောင်ချိန်မှာမိခင်အဝလွန်တာစတဲ့ကိစ္စတွေကလည်း ဒီလို စိတ်ကစဥ့်ကလျားရောဂါဖြစ်ဖို့ အစပျိုးနေတတ်ပါတယ်။

5)ငယ်စဥ်က ရရှိခဲ့တာစိတ်ဒဏ်ရာကြောင့်

♊ ဒီလိုစိတ်ရောဂါမျိုးဟာ ငယ်စဥ်က ညှည်းပန်းနှိပ်စက်ခံခဲ့ရတဲ့ကလေးတွေ၊ အစော်ကားခံခဲ့ရတဲ့ကလေးတွေ၊ မိဘတွေအသတ်ခံရတာကို
မျက်မြင်တွေ့ခဲ့ရတဲ့ကလေးတွေမှာဖြစ်တာများပါတယ်။ ဒီလို အဖြစ်အပျက်တွေကြောင့် စိတ်ဒဏ်ရာရပြီး ဖြစ်တာမျိုးပါ။ အဲ့တုန်းကအဖြစ်အပျက်တွေကို အခုချိန်မှာ ပြန်မြင်ယောင်ယောင်နေတာမျိုးတွေ အဲ့တုန်းက အသံတွေကိုပြန်ကြားမိနေတာမျိုးတွေဖြစ်တတ်ပါတယ်။

6) မူးယစ်ဆေးတွေသုံးထားတာကြောင့်

♊ မူးယစ်ဆေးကြီးသက်သက်ကတော့ ဒီရောဂါကို မဖြစ်စေတတ်ပေမယ့် ဒီစိတ်ကစဥ့်ကလျားရောဂါဖြစ်ဖို့ အလားအလာများနေတဲ့သူမျိုးမှာ မူးယစ်ဆေးတွေသုံးထားမယ်ဆိုရင်တော့ ရောဂါလက္ခဏာတွေစပြလာနိုင်ပါတယ်။

ဒါတွေကတော့ စိတ်ဝင်စားစရာကောင်းတဲ့ စိတ်ကစဥ့်ကလျားရောဂါဖြစ်ခြင်းရဲ့ အစပျိုးရာ အကြောင်းအရာတွေပါပဲ။
ဒေါက်တာစိမ်းလဲ့
MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *