နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခြေသလုံး သွေးပြန်ကြောထုံးခြင်း

1 Mins read

သွေးပြန်ကြောတွေ ရောင်ရမ်းပြီး ကျယ်လာခြင်းကြောင့် ခြေသလုံးတစ်ဝိုက်နဲ့ ခြေထောက်မှာ အပြာရောင် (သို့) ခရမ်းရောင် သမ်းနေတဲ့ သွေးကြောစိမ်းကြီးတွေတွေ့ရတာကို သွေးပြန်ကြောထုံးခြင်း (Varicose veins) လို့ခေါ်ပါ တယ်။ သွေးပြန်ကြောများအတွင်း အဆို့ရှင်များ အားနည်းခြင်း သို့မဟုတ် ပျက်စီးသွားခြင်းကြောင့် ခြေထောက် က သွေးတွေက အပေါ်ကို ပြန်မတက်နိုင်တော့ဘဲ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေမှာပုံလာတဲ့အတွက် သွေးပြန်ကြောများကျယ်လာရခြင်း ဖြစ်ပါတယ်။

ခြေသလုံး သွေးပြန်ကြောထုံးခြင်း (varicose veins) ကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့

အသက်အရွယ်- အသက်ကြီးလာသည်နှင့်အမျှ သွေးပြန်ကြောနံရံများ အားနည်းလာပြီး သွေးကြောတွေရဲ့ ကျုံ့နိုင် ဆန့်နိုင်စွမ်းလျော့ကျလာတဲ့အတွက်  သွေးပြန်ကြောထုံးခြင်း ဖြစ်လာပါတယ်။

မိသားစုရာဇဝင်- သင့်မှာ သွေးပြန်ကြောထုံးခြင်း ဖြစ်ဖူးတဲ့ မိသားစုရာဇဝင်ရှိပါက၊ သင်ကိုယ်တိုင် မှာလည်း ဖြစ်ပေါ်လာနိုင်ခြေ ပိုများနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်- ကိုယ်ဝန်ဆောင်စဉ်အတွင်း ဟော်မုန်းအပြောင်းအလဲနှင့် သွေးပမာဏ တိုးလာခြင်းကြောင့် သွေးပြန်ကြောများပေါ်တွင် ဖိအားပိုဖြစ်စေပြီး သွေးပြန်ကြောထုံးခြင်း ဖြစ်လာပါတယ်။

ကြာရှည်မတ်တပ်ရပ်ခြင်း သို့မဟုတ် ထိုင်ခြင်း- အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေရတဲ့ သို့မဟုတ် ထိုင်နေရတဲ့ အလုပ်အကိုင်များဟာ သွေးပြန်ကြောထုံးခြင်း ကြီးထွားမှုကို အထောက်အကူဖြစ်စေပါတယ်။

အဝလွန်ခြင်း- ကိုယ်အလေးချိန်များခြင်း သို့မဟုတ် အဝလွန်ခြင်းဟာ သွေးပြန်ကြောများပေါ်မှာ ဖိအား ပိုဖြစ်စေ နိုင်ပြီး သွေးပြန်ကြောထုံးခြင်း ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

သွေးပြန်ကြောထုံးခြင်းရဲ့ ရောဂါလက္ခဏာများ

–      အရေပြားအောက်တွင် မြင်သာတဲ့ တွန့်လိမ်ဖောင်းကြွနေသော သွေးပြန်ကြောများရှိခြင်း

–      ခြေထောက်များတွင် နာကျင်ခြင်း သို့မဟုတ် လေးလံခြင်း ခံစားရခြင်း

–      ခြေသလုံး၊ ခြေကျင်းဝတ်နှင့် ခြေချောင်းများတွင် ရောင်ရမ်းခြင်း

–      ထိခိုက်ထားသော သွေးပြန်ကြောတစ်ဝိုက်တွင် ယားယံခြင်း

–      ကြာရှည်ထိုင်ခြင်း သို့မဟုတ် ကြာရှည်စွာ မတ်တပ်ရပ်ပြီးနောက် မသက်မသာဖြစ်ခြင်း သို့မဟုတ် နာကျင်ခြင်း

–      သွေးပြန်ကြောတစ်ဝိုက် အရေပြားအရောင်ပြောင်းခြင်း

ကုသမှုနည်းလမ်းများ

လူနေမှုပုံစံပြောင်းလဲခြင်း- ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း၊ အနားယူတဲ့အခါ ခြေထောက်များကို မြှင့်ထားခြင်းနှင့် ကြာရှည်ထိုင်ခြင်း သို့မဟုတ် ကြာရှည်မတ်တပ်ရပ်ခြင်း တို့ကို ရှောင်ကြဉ်ခြင်းတို့ဟာ သွေးကြောထုံးခြင်းကို စီမံခန့်ခွဲရာမှာ အထောက်အကူဖြစ်စေပါတယ်။

Compression ခြေအိတ်များ- သွေးပြန်ကြောရောဂါများအတွက် ထုတ်လုပ်ထားတဲ့ Compression ခြေအိတ် များကို ဝတ်ဆင်ခြင်းဟာ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ရောဂါလက္ခဏာများကို လျှော့ချနိုင်ပါတယ်။

Sclerotherapy- သွေးပြန်ကြောများအတွင်းသို့ တိုက်ရိုက် ဆေးထိုးသွင်းခြင်းဖြင့် သွေးပြန်ကြောဖောင်းနေခြင်းကို ပြားသွားစေပြီး တဖြည်းဖြည်း ပျောက်ကင်းသွားအောင် ပြုလုပ်တဲ့နည်းဖြစ်ပါတယ်။

လေဆာ (EVLT) သို့မဟုတ် ရေဒီယိုလှိုင်းဖြင့် ကုသခြင်း- အပူကို သုံးပြီး ထုံးနေတဲ့ သွေးပြန်ကြောများကို ပိတ်သွား၊ ကျုံ့သွားအောင် ပြုလုပ်တဲ့နည်းဖြစ်ပါတယ်။

Vein stripping or ligation – ထုံးနေတဲ့ သွေးပြန်ကြောများကို ခွဲထုတ်ဖယ်ရှားလိုက်တဲ့ (သို့) ချည်လိုက်တဲ့ ခွဲစိတ်ခြင်း ဖြစ်ပါတယ်။

ကာကွယ်နိုင်တဲ့နည်းလမ်းများ

–      လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

–      ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ။

–      အချိန်ကြာမြင့်စွာ ထိုင်ခြင်း(သို့) မတ်တပ်ရပ်ခြင်းကို ရှောင်ကြဉ်ပါ။

–      ခြေထောက်မြှောက်ထားပါ။ (တစ်နေ့တာ အချိန်ရရင်ရသလို ခြေထောက်ကို နှလုံးနေရာထက် မြင့်အောင် မြှောက်ထားပါ။)

–      ကျန်းမာရေးနဲ့ညီညွတ်မျှတအောင်စားပါ။

#DrShoon(ဆေး-၁)

#myDoctor

#teleMedicine

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *